ဘဲကင်ဟင်း
11:59 PM Posted In Food Edit This 2 Comments »
ဒီတစ်ခါ ဘဲကင်ဟင်းစပ်စပ်လေး ချက်စားရအောင်နော်။
ဟင်းအတွက်ပါဝင်သောပစ္စည်းများ
၁. အုန်းနို့ သံဘူးတစ်ဝက်
၂. Thai red curry paste ၅၀ ဂရမ် တစ်ထုပ်
၃. ဘဲကင်ရင်အုံသား ၁၅၀ ဂရမ် ၂ ခြမ်း
၎. ဆီ ထမင်းစားဇွန်းနဲ့ ၂ ဇွန်း
၅. ရေ ၂ ခွက်
၆. နာနတ်သီးအစိတ်သေးသေး ဖန်ခွက်တစ်ဝက်
၇. အစေ့ထုပ်ထားသောစပျစ်သီး ဖန်ခွက်တစ်ဝက်
၈. ခရမ်းသီးအစိမ်းအလုံးသေး ဖန်ခွက်၏လေးပုံတစ်ပုံ
၉. ငံပြာရည် ထမင်းစားဇွန်းနဲ့ ၁ ဇွန်း
၁၀. ကြံသကာ လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်း
၁၁. ငရုပ်သီးတောင့်အနီ ၄-၅ တောင့်ကိုအမြှောင်းမြှောင်းလေးလှီးပါ
၁၂. ပင်စိမ်းရွက် အနည်းငယ်
၁၃ ခရမ်းချဉ်သီး အလုံးသေး ၅-၇ လုံး
ချက်ပြုတ်နည်း
၁. ဘဲကင်ရင်အုံ ကို 4 cm. အထူလှီးပါ
၂. ဒယ်အိုးမှာဆီအပူပေးပါ။ Thai red curry paste နဲ့ အုန်းနို့ ဘူးတစ်ဝက်ကိုအနံ့မွှေးလာတဲ့အထိထည့်မွှေပါ။
ရေထည့်ပြီးဆူတဲ့အထိတည်ထားပါ။
၃. နာနတ်သီးနဲ့ခရမ်းသီးကိုထည့်ပြီး ဟင်းရည်ဆူလာတဲ့အထိထားပါ။
၎. ငံပြာရည်နဲ့ကြံသကာကိုထဲ့ပါ။
၅. ခရမ်းချဉ်သီး ပင်စိမ်းရွက်နဲ့ငရုပ်သီးအမြှောင်းလေးတွေကိုထည့်ချက်ပါ။ ဤတွင်ပြီးပါပြီ။
ဘဲကင် ဟင်းစပ်စပ်လေးကို ထ္မင်းပူပူလေးနဲ့ မြိန်မြိန်ရှက်ရှက်စားသုံးနိုင်ပါတယ်။ ချက်ပြီးရင်လည်းခေါ်ကြအုံးနော်။ လာစားမယ်။ : D
(Just me)
ဟင်းအတွက်ပါဝင်သောပစ္စည်းများ
၁. အုန်းနို့
၂. Thai red curry paste ၅၀ ဂရမ် တစ်ထုပ်
၃. ဘဲကင်ရင်အုံသား
၎. ဆီ
၅. ရေ
၆. နာနတ်သီးအစိတ်သေးသေး
၇. အစေ့ထုပ်ထားသောစပျစ်သီး
၈. ခရမ်းသီးအစိမ်းအလုံးသေး
၉. ငံပြာရည်
၁၀. ကြံသကာ
၁၁. ငရုပ်သီးတောင့်အနီ ၄-၅ တောင့်ကိုအမြှောင်းမြှောင်းလေးလှ
၁၂. ပင်စိမ်းရွက် အနည်းငယ်
၁၃ ခရမ်းချဉ်သီး အလုံးသေး ၅-၇ လုံး
ချက်ပြုတ်နည်း
၁. ဘဲကင်ရင်အုံ ကို 4 cm. အထူလှီးပါ
၂. ဒယ်အိုးမှာဆီအပူပေးပါ။ Thai red curry paste နဲ့ အုန်းနို့ ဘူးတစ်ဝက်ကိုအနံ့မွှေးလာတဲ့အထိထည်
ရေထည့်ပြီးဆူတဲ့အထိတည်ထားပါ။
၃. နာနတ်သီးနဲ့ခရမ်းသီးကိုထည့်ပြီး ဟင်းရည်ဆူလာတဲ့အထိထားပါ။
၎. ငံပြာရည်နဲ့ကြံသကာကိုထဲ့ပါ။
၅. ခရမ်းချဉ်သီး ပင်စိမ်းရွက်နဲ့ငရုပ်သီးအမြှော
ဘဲကင် ဟင်းစပ်စပ်လေးကို ထ္မင်းပူပူလေးနဲ့ မြိန်မြိန်ရှက်
(Just me)
2 comments:
cook p twar b a ma :D
စားချင်လာပြီ
chitsu
Post a Comment