အလွမ်းစံပယ်

3:35 AM Posted In Edit This 6 Comments »
မိုင်ပေါင်းရယ်တဲ့သုံးထောင် ဝေးကွာလှပေါင်
ငွေနှင်းရောင်တိုင်းတစ်ပြည်မှ ချစ်သ္မီးရတနာ
ဖခင်ရှိရာအရပ်ဆီသို့ တမ်းကာရှူလျှက်
တစ်သက်သက်လျှင် ငှက်လိုသာပျံချင်
မတတ်ပင်နှင့် အလွမ်းစံပယ်
သီကုံးကာရယ် ချစ်ခြင်းမေတ္တာအဖြာဖြာကို
ပေးဆပ်ခဲ့သူ ချစ်ဖခင်အား
သုခချမ်းသာ ကျန်းမာရွှင်လန်း
ရတက်အေး၍ ဝေးစေသောက
လိုရာဆန္ဒ ပြည့်ဝစေရန်
အရှင့်ထံ၌ တောင်းဆုပန်သည်
အလွမ်းစံပယ် ရနံ့ကြိုင်သင်း
ပိတာဖခင် အို့နှလုံးသားဆီသို့
ကူးခပ်ပါစေသား....။
ဖေဖေတစ်ယောက် ကဗျာလေးဖတ်ပြီးဘယ်လိုခံစားရမလဲနော်.....
(Just me)

.. ဒီကဗျာလေးဖြစ်မြောက်အောင်ဝိုင်းကူပေးတဲ့ ကဲကဲလေး ကိုအထူးပဲကျေးဇူးတင်ပါတယ်။..

6 comments:

Anonymous said...

အဖေ့ကို သတိရသွားပြီ

chitsu

Unknown said...

ကဗျာလေးက ဖတ်လို့လည်းကောင်း လွမ်းချင်းလေးပဲနော်
အဝေးက မမြင်နိုင်တော့တဲ့ အဖေကို သတိရလာပီ :((

Kaung Kin Ko said...

ကဗျာလေး ဖတ်ပြီး အဖေ့ကို အောက်မေ့သွားတယ်။

Anonymous said...

အခုလို ကဗျာလေးတွေက ရင်ထဲပိုရောက်တယ်ဗျို့
အချစ်ကဗျာထက်စာရင်ပြောတာပါ

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ထိထိမိမိနဲ့ဖတ်ရတာ
အရသာရှိတယ်ဗျို့

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးထဲက အဖေ့ကို ချစ်တဲ့အချစ်ကို မြင်နေရပါတယ်... ညီမလေး အဖေကတော့ ကဗျာလေးဖတ်ပြီး အတိုင်းမသိ ကြည်နူးဝမ်းသာသွားမှာ သေချာတယ်...း)