ကျေးဇူးရှင်...

10:36 PM Posted In Edit This 5 Comments »



အိမ်ရှေ့ပန်းခြံ လရောင်အောက်ဝယ်
တဖျတ်ဖျတ်တောက်ပ ရေကန်ကြည်ကို
ငေးမောကြည့်ကာ ငယ်စဉ်ဘဝသတိရလာ....
နှူတ်နှင့်မပြော နှလုံးသားနှင့်ပြောချင်.....
ချိုမြသံသာ ကြားယောင်မိတယ်
ဂရုဏာမျက်ဝန်း မြင်ယောင်မိတယ်
နွေးထွေးရင်ခွင် တမ်းတမိတယ်
နူးညံ့လက်သွယ် တွေ့ချင်သေးတယ်
မေတ္တာထီးအောက် ခိုလုံခဲ့တာ လွမ်းစွတ်မိတယ်
ဒီတစ်သက်မှာအချစ်ဆုံးမို့
အလုံခြုံဆုံး နှလုံးသားတစ်နေရာမှာ
သိမ်းထားတယ်နော်......
၁၈ နှစ်တာကြာခဲ့သော်လည်း
အတိုင်းမသိကြီးမားလှသော ကျေးဇူးများကို သတိရလျှက်
ဆုမွန်ကောင်းများနှင့်အတူ ကုသိုလ်ကောင်းများနှင့်
ကျေးဇူးဆပ်လိုက်ပါတယ်..
အိုမွေးမိခင် ကျေးဇူးရှင်.......

(Just me ၏ မိခင်ကိုရည်စူးပြီးဒီကဗျာလေးကိုရေးလိုက်တာပါ။ မိခင်ပေးဆပ်ခဲ့တဲ့ ချစ်ချင်းမေတ္တာတွေဟာ အရမ်းကိုကြီးမားလှပါတယ်။ ကိုယ်အရွယ်ရောက်ပြီးကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်တဲ့အချိန်မှာ ကိုယ့်မိခင်ကိုအစွမ်းကုန်ပြန်ကျေးဇူးဆပ် ပြုစုချင်သော်လည်း အသဲနှစ်နေအောင်ချစ်ရတဲ့ မေမေတစ်ယောက် ဘေးနားမှာမရှိတော့ဘူးလေ။ ဒါကြောင့် တမလွန်ဘဝကိုရောက်နေတဲ့ ချစ်ရပါသောမေမေကို နတ်သမီးလေးနဲ့နှိုင်းရှင်လိုက်ပါတယ်)

5 comments:

Anonymous said...

ဂုဏ်ယူတယ် သိလား

chitsu

ရွှေပြည်သူ (ShwePyiThu) said...

မိခင်အပေါ်မှာ ထားတဲ့မေတ္တာ နဲ့ တမ်းတမှုတို့ကို ကဗျာလေးကတဆင့် ခံစားရပါတယ်။ ဒီလို ကျေးဇူးဆပ်ချင်စိတ်ရှိတဲ့ လိမ္မာသိတတ်တဲ့ သမီးကောင်းလေး တစ်ယောက်ဖြစ်တာကပဲ ကျေးဇူးဆပ်ခြင်း တမျိုးပါ Just Me။ ညီမလေးရဲ့ အမေနဲ့အမြန်ဆုံး အတူနေနိုင်ပါစေ...

Ordinary person said...

မေမေကတမလွန်ဘဝကိုရောက်နေပြီ။ :(

Kaung Kin Ko said...

မိဘကျေးဇူးဆပ်တဲ့ ကဗျာလေး ကောင်းလိုက်တာ။

Anonymous said...

ဒါလေးလဲ အရမ်းကောင်းတဲ့ကဗျာလေးပါ