First food love

1:55 AM Posted In Edit This 2 Comments »
ယခုခေတ်ကာလတွင် ကမ္ဘာ့လူဦးရေတစ်နှစ်ထက်တစ်နှစ်
တိုးတက်များပြားလာသည်နှင့်အလျှောက် အလုပ်လက်ကိုင်ရှိသူများမှာလည်း နံနက်အိပ်ယာထမှအိပ်ယာဝင်အထိစက်ရုပ်ပမာအလုပ်များနေကြရသည်။ အမြန်အိပ်ယာထ၊ အမြန်ရေချိုး၊ အမြန်စား ၊အမြန်သွား၊ အမြန်လာနှင့်အချိန်ကိုတန်ဘိုးရှိရှိအသုံးချရင်းစားဝတ်နေရေးအတွက် လုပ်ကိုင်ကြိုးပမ်းနေကြရပါသည်။
တချို့သောသူများတွင်တစ်နေ့ လျှင်၂၄ နာရီပင်မလုံလောက်ကြပါဘူး။
ယခုလိုအချိန်နှင့်လုနေရသောခေတ်တွင် လတ်တလောဆာလျှင်စားသောက်နိုင်ရန် အတွက် Fast food များအမျိုးမျိုး
ပေါ်ပေါက်လာတာထင်ထင်ရှားရှားပင်ဖြစ်သည်။ Fast food များသည်
fresh food များလိုအာဟာရမပြည့်စုံသော်လည်း အလွယ်တကူရှာဖွေဝယ် ယူ စားသောက်နိုင်သဖြင့် အလုပ်သမားအများစုမှီခိုအားထားရသောနေရာဖြစ်ပါသည်။ အိမ်အပြန်မောမောနဲ့မချက်ပြုတ်နိုင်လျှင် ထို fast food ဆိုင်မှဝယ်ယူသွားကြသည်။
ချစ်သူစုံတွဲများသည်အလုပ်ချိန်ပြီးလျှင် fast food ဆိုင်မှာချိန်းတွေ့ကြသည်။ ရုပ်ရှင်ကြည့်ပြီးအစာပြေ ဒီ fast food ဆိုင်ပဲပြန်ဝင်စားရသည်။ ယခုလိုအမြန်ရထားမောင်းနေရသောခေတ်တွင် အောင်မြင်မှူ အသီးသီးအတွက် ဘဝရည်မှန်းချက်မြင့်မြင့်ထားကြသော သူများမှာအစွမ်းကုန်ကြိုးစားနေကြရသည်။ ရည်မှန်းချက်ပန်းတိုင်မရောက်သေးခြင်း ချစ်သူ၂ ဦးမှာလည်း လက်ချင်းခြိတ်၍မင်္ဂလာခမ်းမကိုဝင်ရန်အချိန်တွေစောင့်ပြီးရင်းစောင့် နဲ့ စိတ်မောတဲ့စုံတွဲကလည်းမောကြပေါ့။ အချစ်ဒီကရီများမြင့်သထက်မြင့်လာကြတော့ fast food လိုပဲအမြန်အတူတူနေကြပါလေယော။

Fast food များသည်အနံ့မွှေးသည်။ချက်ချင်းစားသုံးလို့ရသည်။ သို့သော် စားပါများလျှင် အာဟာရနည်းသည်၊ ငြီးငွေ့လာတတ်သည်။ သည်လိုပဲတစ်ချို့ချစ်သူစုံတွဲများမှာလည်းအတူတူနေရင်းနှင့် fast food life မှ ငြီးငွေ့ပြီး fresh food life သို့ ကူးပြောင်းချင်ကြသည်။ ဘဝမုန်တိုင်းကိုမခံနိုင် သဘောထား ခြင်းမတိုက်ဆိုင် ညှိနှိုင်းလိုမရကြသည့်အဆုံးမှာ bye ကြတာပေါ့။ Fast food လိုအချစ်ကလည်း easy come easy go ပဲလေ။

ဘဝမုန်တိုင်းကို၂ ဦးစလုံးကြံ့ကြံ့ခံ၍ တစ်ဦးအပေါ်တစ်ဦးနားလည်ပြီး အမှန်သည်းခံတတ်သောသူများမှာ အောင်မြင်မှူများနှင့်အတူ ဘဝက look fresh ဖြစ်နေတာပေါ့။ Life ကလည်း fresh, love ကလည်း fresh နဲ့ ဘဝရင့်ကျက်မှူဘွဲ့ကိုကိုင်ဆောင်ရင်း ဘဝခရီးလမ်းကိုတည်ငြိမ်စွာလျှောက်လှမ်းသွားကြပါတယ်။

အောင်မြင်မှူများရရှိရန်အတွက် သေသေချာချာမြေဩဇာချပြီးပြုစုပျိုးထောင်ကာ နွေ မိုး ဆောင်း များစွာကိုစိတ်ရှည်ရှည်နှင့်
စောင့်နိုင်မှသာလျှင်ဖြစ်နိုင်ပါမည်။

လူအများစုတွင်ဘဝအခက်အခဲကြုံတွေ့လာလျှင် ဦးစွာအလျှင်သင့်ကြောင့်၊ သူ့ကြောင့်၊ ဆိုပြီးအပြစ်တင်တတ်ကြတယ်။ နောက်ဆုံးဘုရားပါမချန်ကြပါ။ ကိုယ်မှားသွားလို့
ငါ့ကြောင့်ဆိုတာနောက်မှသတိရတတ်သည်။
စာရေးသူ၏ အဖေပြောပြဖူးသောအကြောင်းတစ်ရပ်ကိုသတိရ၍ စာဖတ်သူများကိုပါမျှဝေလိုက်ပါသည်။ အဖေ ခလေးဘဝကပေါ့လေ သူငယ်ချင်းများနှင့်အတူဘောလုံးကန်ကြသည်။ ဘောလုံးကန်စမို့ညအိမ်
ပြန်ရောက်သောအခါ ခြေထောက်ကြွက်သားများကိုက်ခဲလေသည်။ ဝေဒနာပိုခံစားရသောအခါ ''အမေလေးနော့နာတယ်ဗျ'' လို့အော်ပါလေကော။ ထိုအခါအဖေ၏အဖွားဖြစ်သူက မင်းအမေလုပ်လို့ခြေထောက်ကိုက်တာမဟုတ်ဘူး၊ မင်းဘာသာဆော့ပြီးကိုက်တာ ''အမေလေးနော့လို့မအော်နဲ့ ငါရေးနော့လိုအော်'' တဲ့ :D ၊ လူတွေမှာလဲ တစ်ချို့သောပြသနာပုစ္ဒာများကို ကိုယ်တိုင်သယ်ဆောင်လာကြတာဖြစ်ပါတယ်။

ထို့ကြောင့်ပျက်အစဉ်ပြင်ခဏစကားပုံလေးကို အသုံးချကြည့်လျှင် ကိုယ့်အတွက်ကောင်းသောအကျိုးခံစားရပါလိမ့်မယ်။

Fast food နှင့်တူသောအချစ် လွယ်လွယ်ချစ် လွယ်လွယ်ပြစ် မဖြစ်ကြရရန်၊ ဘဝတိုးတက်ကြီးပွါးကြရန်၊ စစ်မှန်သောအချစ်၊ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ ရရှိကြရန် ယခုဖြတ်သန်းနေသောအချိန်တွင်
သေသေ ချာချာ လေ့လာကြပါရန်အကြံပြုချင်ပါသည်။ လူ့ဘဝတွင် အောက်ခြေခိုင်မှ မားမား မတ်မတ် ရပ်တည်နိုင်ပါမည်။
စာဖတ်သူများလည်း fresh food ကိုသာစားသုံးနိုင်ကြပါစေ။
မေတ္တာရှေ့ထားလျှက်။
(Just me)

2 comments:

ချိုသာတေး said...

နှိုင်းယှဉ်ပြတဲ့ ဥပမာက တော်တော် ကောင်းတယ်နော်။
လေးစားပါတယ်။

ပန်းသတင်း လေညှင်းဆောင်လို့  ရောက်လာပါတယ်။

Ordinary person said...

Hote kae kyayy zuu tin par dal shinn. Nork lal lar par naw.