မုန့်တီသုပ်အမဲသားကျော်

2:18 AM Posted In Edit This 0 Comments »
ဒီညနေစာဘာချက်ရမလဲနော်...။ ပြီးခဲ့တဲ့အပတ်ကပဲ မြန်မာမုန့်ဟင်းခါးစားပြီးပြီ။ ဒီတခါအထူးအဆန်းလေးလုပ်စားချင် တဲ့အတွေးကဝင်လာတယ်။ Thai buffet စားခဲ့တာသွားသတိရတယ်.
ဟုတ်ပြီမုန့်တီသုပ်လုပ်စားမယ်။ Thai buffet မှာထ္မင်းဟင်းတွေစားပြီးရင်မုန့်တီသုပ်စားကြတယ်။ ခုစမ်းလုပ်ကြည့်ရအောင်နော်။
ပြင်ဆင်ရန်ပစ္စည်းများ
၁၊ မုန့်ဟင်းခါးဖတ်ကိုခရုခွေလိုတစ်လုတ်စာစီခွေပါ။
၂၊ ငံပြာရည်၊ ငရုတ်သီးအနီပါးပါးလှီး၊ သကြားလက်ဖက်ရည်ဇွန်းနဲ့ ၅ ဇွန်း၊ ငရုတ်သီးအစပ်မှုန့် ၊ ကြက်သွန်ပါးပါးလှီး၊ ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ် အားလုံးကိုရေနွေးအနည်းငယ်ထည့်ပြီပျစ်ပျစ်လေးဖျော်ပါ
၃၊ သံဘူးနာနတ်သီး
၎၊ အုန်းနို့ဘူးတစ်ဝက်ကို ကျိုချက်ပါ။
၅၊ ပုဇွန်ခြောက်မှုန့်
၆၊ သံပုရာသီး
၇၊ သီဟိုဠ်စေ့
၈၊ ငရုတ်သီး အစပ်မှုန့်
မုန့်တီသုပ်တစ်ပွဲအတွက် မုန့်ဟင်းခါးဖတ် ၃-၄ ခွေ၊ ငံပြာရည်နဲ့အစာကိုလက်ဖက်ရည်ဇွန်းနဲ့ ၁-၂ ဇွန်း၊ နာနတ်သီးအစိတ် ၅ စိတ်၊ အုန်းနို့လက်ဖက်ရည်ဇွန်းနဲ့ ၂-၃ ဇွန်း၊ ပုဇွန်ခြောက်မှုန့်လက်ဖက်ရည်ဇွန်းနဲ့ ၂-၃ ဇွန်း၊ သံပုရာရည်၊ သီဟိုဠ်စေ့ ၆ စေ့၊ ငရုတ်သီး အစပ်မှုန့် အနည်းငယ် ထည့်ပြီးသုပ်ပါ။ ၏တွင်မုန့်တီသုပ်တစ်ပွဲရပါပြီ။ မုန့်တီသုပ်ကိုအမဲသားကျော်နဲ့စားရင်ပိုမြိန်ပါတယ်။
(Just me)

0 comments: