ပန်းကလေး

10:00 AM Posted In Edit This 0 Comments »
ပန်းကလေး တစ်ပွင့်
မချင့်မရဲနဲ့ ခေါင်းလေး စွင့်တော့
လေ အပင့်မှာ ရနံ့လေးတွေ လွင့်ခဲ့ရ
လောကအတွက် ၀မ်းမြောက်စရာပဲပေါ့။
ရောင်ဝါလေးဖြာ ထွန်းလင်းသာလိုက်
ညအမိုက်ကို ခွင်းလိုက်ပြီ။
..............................
ဘဝတစ်ကွေ့မှ
ဆူးပင် နွယ်ပင်တွေကြား
ကျော်ဖြတ်နေရင်း
မာကျောသောအုတ်နံရံ
အထပ်ထပ်ကာထားတဲ့
သင့်နှလုံးသား
နူးညံ့မှုကို မေ့နေလေသလား
စင်စစ် အလွန်သိမ်မွေ့နူးညံ့သော
ပန်းကလေး သင်၏နှလုံးသားတွင်း
ကျွန်ုပ်တွေ့ရှိခဲ့၏။
..........

'' IF ''

8:19 AM Posted In Edit This 0 Comments »

The Winner

7:38 PM Posted In Edit This 0 Comments »
ဇွဲကိုလမ်းခင်း
သတ္တိကိုအဖော်ပြု
ခန္တီတရားကိုလက်စွဲကိုင်
ဆူးခင်းသောလမ်းကိုဖြတ်၍
ပန်းခင်းသောလမ်းကိုလျှောက်ကာ
ရည်ရွယ်ရာပန်းတိုင်မှ
အောင်လံကိုဆွတ်ခူး......

(Just me)

ဆောင်းအိပ်မက်

1:28 AM Posted In Edit This 0 Comments »
ဆောင်းအိပ်မက်မှ
ချစ်ပန်းတစ်ပွင့်
မြတ်မြတ်နိုးနိုး
ရှူရှိုက် ပွေ့ဖက်
ကျောက်ဆောင်နှလုံးသား
နူးညံ့စေသော
မာယာလေညှင်း
လိုရာတိုက်ခတ်
ကြည်နူးမှူများ
ရွက်လွှင့်နေစဉ်
ရုတ်တရက် လန့်နိုး
အော်....... မွှေးမျိုးလှိုင်သာ
ချစ်ပန်းရနံ့
အိပ်မက်ကယ်နှင့်
ကျန်ခဲ့လေ၏...

(အိပ်မက်ချစ်သူ)

ငါ

9:46 AM Posted In Edit This 1 Comment »
ငါ့မှာလည်းငါ၊ သူ့မှာ ငါနဲ့
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)

ရင်တွင်းသံစဉ်

6:40 PM Posted In Edit This 0 Comments »
ဖြောင့်မတ်မှန်ကန်မှူကို လိုလားတောင့်တ
ဘဝတိုက်ပွဲ သတ္တိအပြည့်ရင်ဆိုင်ရဲ၏
အမှန်တရားအတွက်
ရပ်တည်နေသော ကျွန်ုပ်စစ်သည်
အရှင့်ရှေ့မှောက် လက်နက်ချ၍
ဒူးထောက်အရှုံးပေး ဦးချရင်းနှင့်
အချစ်နယ်မြေ နှစ်သက်ကြည်နူး
ဧကန်စင်စစ် ကျွန်ုပ်လူသား
အဘယ်အရာမှ တတ်နိုင်စွမ်းမရှိ
အရှင်သာလျှင်
ပေးကမ်းစွန့်ကြဲ တတ်နိုင်စွမ်း၏
ထာဝရမဟာ ဂရုဏာရှင်ကျေးဇူးရှင်အား
သည်နှလုံးသား ဆက်သပျော်ပါး
ချီးမွမ်းထောပနာခြင်း အပေါင်းနှင့်
သစ္စာခိုင်မြဲခြင်း တို့သည်
အို့အရှင့်အတွက်သာ....။

ကျွန်ုပ်၏ခံစားချက်မှရေးသား ခြင်းဖြစ်သည်
(Just me)

အချစ်နဲ့အဖြစ်

7:55 PM Posted In Edit This 3 Comments »
ယောက်ျား မိန်းမ
နီး စပ်ပါများ
အချစ်တွေရင်မှာပွါး
ချစ်စ ကြိုက်စသဲသဲတုံ
ပျားရည်ထက်တောင်ချို
အချစ်၊ အနစ်၊ အပြစ်မမြင်
နီးစပ်ဖို့သာပြင်
ရေခြား၊ မြေခြား၊ စည်းတွေခြား
မောလှပါပေါ့လား
ဆန္ဒစောလေသောကဝေ
ရတက်လောင်ကျွမ်းနေ
ခက်ခဲနေမှန်း ထင်ထင်ရှား
လမ်းခွဲဒဏ်ရာများ
ကြေကွဲမှူမှာနစ်မွန်းနေ
အို့ မောင်နှမတို့ရေ
အဆိုးတစ်ဘက်မှာ
အကောင်းရှိသေး
မော်ကာရှူလေ ထိုရှေ့ရေး
ယနေ့ကထက် နံနက်ဖြန်
ရင့်ကျက်မှူတွေ များပြားလာ
လောဘ၊ မာနမဝင်စေရန်သတိပေး
အောင်မြင်မှူသည်
သင်နှင့်မဝေး......။

မောင်ငယ်ညီမငယ်များအားလုံး လိုအင်ဆန္ဒများနှင့်ပြည့်ဝကြပါစေ။
မေတ္တာရှေ့ထားလျှက်။
(Just me)

အလွမ်းစံပယ်

3:35 AM Posted In Edit This 6 Comments »
မိုင်ပေါင်းရယ်တဲ့သုံးထောင် ဝေးကွာလှပေါင်
ငွေနှင်းရောင်တိုင်းတစ်ပြည်မှ ချစ်သ္မီးရတနာ
ဖခင်ရှိရာအရပ်ဆီသို့ တမ်းကာရှူလျှက်
တစ်သက်သက်လျှင် ငှက်လိုသာပျံချင်
မတတ်ပင်နှင့် အလွမ်းစံပယ်
သီကုံးကာရယ် ချစ်ခြင်းမေတ္တာအဖြာဖြာကို
ပေးဆပ်ခဲ့သူ ချစ်ဖခင်အား
သုခချမ်းသာ ကျန်းမာရွှင်လန်း
ရတက်အေး၍ ဝေးစေသောက
လိုရာဆန္ဒ ပြည့်ဝစေရန်
အရှင့်ထံ၌ တောင်းဆုပန်သည်
အလွမ်းစံပယ် ရနံ့ကြိုင်သင်း
ပိတာဖခင် အို့နှလုံးသားဆီသို့
ကူးခပ်ပါစေသား....။
ဖေဖေတစ်ယောက် ကဗျာလေးဖတ်ပြီးဘယ်လိုခံစားရမလဲနော်.....
(Just me)

.. ဒီကဗျာလေးဖြစ်မြောက်အောင်ဝိုင်းကူပေးတဲ့ ကဲကဲလေး ကိုအထူးပဲကျေးဇူးတင်ပါတယ်။..

ကျေးဇူးရှင်...

10:36 PM Posted In Edit This 5 Comments »



အိမ်ရှေ့ပန်းခြံ လရောင်အောက်ဝယ်
တဖျတ်ဖျတ်တောက်ပ ရေကန်ကြည်ကို
ငေးမောကြည့်ကာ ငယ်စဉ်ဘဝသတိရလာ....
နှူတ်နှင့်မပြော နှလုံးသားနှင့်ပြောချင်.....
ချိုမြသံသာ ကြားယောင်မိတယ်
ဂရုဏာမျက်ဝန်း မြင်ယောင်မိတယ်
နွေးထွေးရင်ခွင် တမ်းတမိတယ်
နူးညံ့လက်သွယ် တွေ့ချင်သေးတယ်
မေတ္တာထီးအောက် ခိုလုံခဲ့တာ လွမ်းစွတ်မိတယ်
ဒီတစ်သက်မှာအချစ်ဆုံးမို့
အလုံခြုံဆုံး နှလုံးသားတစ်နေရာမှာ
သိမ်းထားတယ်နော်......
၁၈ နှစ်တာကြာခဲ့သော်လည်း
အတိုင်းမသိကြီးမားလှသော ကျေးဇူးများကို သတိရလျှက်
ဆုမွန်ကောင်းများနှင့်အတူ ကုသိုလ်ကောင်းများနှင့်
ကျေးဇူးဆပ်လိုက်ပါတယ်..
အိုမွေးမိခင် ကျေးဇူးရှင်.......

(Just me ၏ မိခင်ကိုရည်စူးပြီးဒီကဗျာလေးကိုရေးလိုက်တာပါ။ မိခင်ပေးဆပ်ခဲ့တဲ့ ချစ်ချင်းမေတ္တာတွေဟာ အရမ်းကိုကြီးမားလှပါတယ်။ ကိုယ်အရွယ်ရောက်ပြီးကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်တဲ့အချိန်မှာ ကိုယ့်မိခင်ကိုအစွမ်းကုန်ပြန်ကျေးဇူးဆပ် ပြုစုချင်သော်လည်း အသဲနှစ်နေအောင်ချစ်ရတဲ့ မေမေတစ်ယောက် ဘေးနားမှာမရှိတော့ဘူးလေ။ ဒါကြောင့် တမလွန်ဘဝကိုရောက်နေတဲ့ ချစ်ရပါသောမေမေကို နတ်သမီးလေးနဲ့နှိုင်းရှင်လိုက်ပါတယ်)

နှလုံးသားရဲ့သခင်

6:55 PM Posted In Edit This 1 Comment »
နေလ ကြယ်စင်
သမုဒ္ဒရာ တောင်တန်း
သခင့်အပေါ် ဖူးမော်ပျော်ပါး
သခင့်အမိန့် နာခံလျှက်နှင့်
မေတ္တာရေစင် သွင်သွင်ဆီးလျှက်
ဒီနှလုံးသားနှင့် ဒီဦးနှောက်က
ကမ္ဘာဆုံးထိ သက်ဆုံးတိုင်အောင်
သခင့်အပေါ် သစ္စာခိုင်မြဲ
မြတ်နိုးခြင်းများ သီကုံးထားကာ
ချစ်ပန်းလေးတွေ ပိုလှတယ်.....

(Just me)