ငါ
9:46 AM Posted In ရင်ထဲက ကဗျာများ Edit This 1 Comment »
ငါ့မှာလည်းငါ၊ သူ့မှာ ငါနဲ့
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)
1 comments:
ကဗျာလေး လာဖတ်သွားပါတယ် မမီး။
Post a Comment