ပန်းမာလာ ဥယာဉ်

2:15 PM Edit This 0 Comments »
အခါတစ်ပါး၌
အလွန်သာယာလှပသော ပန်းဥယာဉ်သည်
တစ်ဘက်ကမ်း
မှ မြင့်မိုရ်တောင်တွင် တည်ရှိ၏။
ထိုအခါဝယ်
ကျွန်ုပ်တွင် လှေတစ်စင်းရှိ၏
သို့သော် တက်မ မရှိ။
အားနွဲ့သောလက်တစ်စုံသည်
ကာလကြာ တက်မတစ်စုံကိုဖန်တီး၏။

၎င်းလှေအား ခန္တီပင်လယ်၌ လှော်ခတ်
ထိုဥယာဉ်သို့ရောက်သော်
လှရောင်စုံ ပန်းမာလာများကို
ပွေ့ပိုက်ရှူရှိုက်၏

သို့သော် ရနံ့ မရှိ။

ဤပထဝီမြေဝယ်
အဘယ်ဥယာဉ်သည်
ချစ်ခြင်း၊ မေတ္တာ၊ ကရုဏာနှင့်
မွှေးကြိုင် ဝေဆာနေသော

မိဘ၏ ပန်းမာလာ ဥယာဉ်လောက်

အဘယ်သာ အေးမြသာယာပါအံ့နည်း .....။


0 comments: