ပန်းသီးသုပ်

12:21 AM Posted In Edit This 3 Comments »
ယခုအချိန်ဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ပန်းသီးတွေ လှိုင်ပေါတဲ့ အချိန်ဖြစ်ပါတယ်။ ဆွီဒင်၊ ဒိန်းမတ်၊ဖင်လန်၊နော်ဝေစတဲ့ နိုင်ငံတွေ မှာတော့ မြေကွက်လပ်ကလေးရှိရင် ပန်းသီးပင် ကို အလှလိုစိုက်ပျိုးထားတော့ ပြွတ်တွဲနေအောင် သီးတဲ့ မပြုမပြင် သဘာဝ ပန်းသီးတွေဟာ အလှတရားတခုဖြစ်သလို မြေပြင်ပေါ် ကြွေတဲ့ ပန်းသီးတွေဟာ စားသူမဲ့ အဟဿဖြစ် နေပါတယ်။

သဘာဝအလှပန်းသီးတွေဟာ စိုက်ပျိုးရေးပန်းခြံထွက် ရောင်းတန်းဝင် ပန်းသီးတွေလို နူးညံ့ခြင်း၊ ချိုမွှေးခြင်းမရှိပါဘူး၊ တချို့ ပန်းသီးတွေသာ အနည်းငယ် ကျစ်လစ်မာပြီး ချဉ်ပါတယ်။

ဒါကိုက မြန်မာတွေအဖို့ ပန်းသီးသုပ်လုပ်ရာမှာ တမျိုးအကျိုးရှိစေပါတယ်။ မြေပြင်ပေါ်ကြွေကျတဲ့ မမှည့်သေးတဲ့ ပန်းသီတွေကို ရေစင်အောင် ဆေး၊ အခွံနွှာပြီး မြန်မာနိုင်ငံမှာ ဂျင်းလှီးသလို အချောင်းသေးသေးလေးတွေလှီးလို့ဖြစ်စေ၊ ၈ျစ်နဲ့တိုက်ပြီး အစငယ်ကလေးတွေ ဖြစ်အောင် လုပ်ပါ။

နောက် ကြက်သွန်နီကိုပါးပါးလှီးပါ။

ကြက်သွန်ဖြူကို ဆီချက် ချက်ပါ။

မြေပဲဆံလှော်နဲ့ ပုဇွန်ခြောက်ကို ကိုထောင်းပါ။

ပြီးလျှင် ပန်းသီး ၊ ကြက်သွန်နီ၊ဆီချက်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် တို့ကို သင့်တင့် အောင် ထည့်ကာ ရောနယ်ပြီးလျှင် ငရုတ်သီးစိမ်း အတောင့် လိုက်ဖြစ်စေ လှီးပြီး ဖြစ်စေ တွဲဖက် စားသုံးလျှင် သရက်သီးစိမ်းသုပ်အချဉ်မျိုးနှင့် အရသာတူသော ထူးကဲသည့် ပန်းသီးသုပ်ကို လျှာလည် အောင် အရသာ ထူးကဲစွာ စားသုံးနိုင်ပါသည်။

3 comments:

မေလေးညို said...

မရေ..လာလည်သွားပါတယ်..cbox မတွေ့လို့ ဒီမှာပဲ comment ချန်ခဲ့တယ်နော် ။

အမှန်ပြောရရင် ပန်းသီးကိုသုပ်တာ ကြားလည်းမကြားဖူး စားလည်းမစားဖူးဘူး :P
အခုတော့ လုပ်စားကြည့်လိုက်ဦးမယ်..ကျေးဇူးပါမရေ ။ ကြိုးစားပါနော်..မေတ္တာရေစင်ကို အားပေးနေမယ်လေနော်...:)

Anonymous said...

kyun taw la`lote sar kyi ohne mal
apple buy phoe tot Ma c ka money borrow ya mar pa` :P
kyar tar nae sar chin lar p
kyoe sar htar ya`baw gyi yay
arr pay nay tal

Waing said...

ဖျော်ရည်နဲ့ အသီးပဲ စားဖူးတယ် အသုပ်တော့ သုပ်မစားဖူးဘူး လုပ်စားကြည့်လိုက်ဦးမယ် ကျေးဇူးပဲနော်