သင်္ကြန်သမိုင်းအကြောင်း

3:46 PM Posted In Edit This 1 Comment »
သင်္ကြန် သမိုင်း ....ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။သင်္ကြန်မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ်ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။

အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန်ဓါကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန်ဓါကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။

ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
အကြိုနေ့သင်္ကြန်အကြိုနေ့နဲ့ ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။

အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။အကျနေ့ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ်ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ်ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ
ဝါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။

ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ..
- မြန်မာတွေ မေတ္တာတရားများပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ
- သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ
- ဘေးကင်းရန်ကွာကြပါစေ
- ရန်သူမျိုးငါးပါး အထူးသဖြင့် မင်းဆိုးမင်းညစ်ရဲ့ ရန်မှ ကင်းဝေးကြပါစေ
- နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

Special thanks to Ko Asoka.

1 comments:

လူမုန်း said...


ဒါလေးလား

ဘာပဲဖြစ်ဖြစ် ကျေးဇူး....:-)


ချစ်သူတွေ ဗလပွနဲ့

လူမုန်း