မာယာရေကန်နဲ့ လျှို့ဝှက်မျက်လုံး....

12:04 AM Posted In Edit This 1 Comment »




ဒီနေ့ပုံပြင်လေးကတော့ မာယာရေကန်နဲ့ လျှို့ဝှက်မျက်လုံး....
တောနက်ကြီးတစ်နေရာမှာပေါ့ ..... အပြာရောင် ရေကန်ကြီးတစ်ကန်ရှိပါတယ်။ အဲ့ဒီရေကန်ကြီးမှာအပန်းဖြေလာနားတဲ့ငှက်ငယ်လေးတွေ၊ အပျော်ရေလာကစားကြတဲ့ ငှက်ငယ်လေးတွေရှိတယ်လေ။ သူတို့ဟာရေကန်ကိုနေ့တိုင်းလာအနားယူပျော်ပါးရင်း အချင်းချင်းရင်းနှီးလာကြတာပေါ့။ ရေကန်ကြီးမှာဖြူစင်ရိုးသား ပြီးအပြစ်ကင်းစင်တဲ့ ငှက်ငယ်လေးတွေနဲ့ စည်ကားနေသလို ရေကန်ရဲ့တစ်ဘက်မှာလည်းသူတို့ကိုချောင်းကြည့်နေတဲ့မျက်လုံးတွေရှိတယ်ဆိုတာ
သတိမထားမိကြဘူးလေ။ ဘေးအန္တရယ်ကိုလည်း မမြင်ကြရှာဘူး။ ဒီလိုနဲ့ သူတို့ပျော်ပျော်ပါးပါးနဲ့ ရေကစားနေချိန်မှာ ချောင်းနေတဲ့မျက်လုံးစိမ်းကြီးဟာတစ်ဖြေးဖြေးနဲ့သူတို့အနားကိုကပ်ကပ်လာပါ
တော့တယ်။ သဘာဝရဲ့ အလှတရားမှာ သာယာနေပြီး လေပြေလေးရဲ့ သံချိုမြမြနဲ့သီကျူးလာတဲ့ သီချင်းသံသာလေးတွေမှာ ကြည်နူး နစ်မွန်းနေချိန်မှာ မထင်မှတ်ပဲ ရေကန်ကိုကြီးစိုးထားတဲ့မျက်လုံးစိမ်းပိုင်ရှင်တွေဟာ ချုံပုတ်တစ်နေရာမှအရှိန်နဲ့ ရရာငှက်ငယ် လေးတွေကိုကိုက်ချီပြီးရေထဲမှာပျောက်သွားပါတယ်။ တစ်ခြားငှက်လေးတွေကတော့အလန့်တကြားဖြစ်ကာနီးရာသစ်ပင်အကိုင်းအခက်တွေပေါ်
ပျံတက်သွားကြပြီး အတန်ကြာမှ ရေကန်နားပြန်လာပြီးသူတို့သူငယ်ချင်းလေးကိုလိုက်ရှာကြတယ်လေ။
သူတို့ တွေ့ရတဲ့အရာကတော့ငှက်ငယ်လေးရဲ့ နုနုအိအိငှက်မွှေးလေးတွေပဲပေါ့။

ဒီလိုနဲ့ပဲရာသီတွေတစ်ခုပြီးတစ်ခုပြောင်းလဲလာခဲ့တယ်။ နောက်ရာသီသစ်မှာ တစ်ခြားနေရာကငှက်ငယ်လေးတွေ ဒီရေကန်မှာလာပြီးအပန်းဖြေ ပျော်ပါးကြပါတယ်။ အပြစ်မဲ့သူငှက်ငယ်လေးတွေလည်းရေကန်ကြီးရဲ့အလှမာယာမှာငြိတွယ်ရင်း အသက်မဆုံးရှုံးသင့်ပဲရာသီတိုင်းမှာအသက်ဆုံးရှုံးရလေတယ် .....
မောင်နှမလေးတို့ရေငှက်ငယ်လေးတွေအသက်ဆုံးရှုံးနေရတာ မာယာရေကန်ကြီးကြောင့်ပဲလား လျှို့ဝှက်မျက်လုံးကြောင့်ပဲလား ??????

ငယ်ငယ်တုန်းကမြန်မာ့အသံမှ တနင်္ဂနွေနေ့တိုင်း မွန်းတည့်၁၂နာရီမှာလာတဲ့ပုံပြင်လေးတွေပါ။ အတော်လေးကိုပြန်စဉ်းစားယူရတယ်။ :D
(Just me)

1 comments:

Anonymous said...

အဲဒါ မိကျောင်းဖြစ်မယ်ဗျ ထင်တာပဲ