သဲထိတ်ရင်ဖိုခရီးစဉ်

10:37 PM Posted In Edit This 2 Comments »
ဒီတစ်ခါသဲထိတ်ရင်ဖိုခရီးစဉ်တစ်ခုကိုပြောပြချင်ပါတယ်။
ခုလိုအပြိုင်အဆိုင်တွေများတဲ့ခေတ်မှာအလုပ်ကိုကြိုးစားနိုင်ပါမှတော်ရုံကျပါတယ်။ ကြိုးစားပြန်တော့အထက်အရာရှိတွေကယုံကြည်စိတ်ချစွာနဲ့တာဝန်တွေ
ပိုပေးလေပေါ့၊ Pressure တွေများတဲ့အခါများပေါ့လေ။ ဒီလိုနဲ့ပဲစိတ်ပင်ပန်းလူပင်ပန်းလေ
့ဖြစ်တတ်တယ်။ အဲဒီတော့တစ်နှစ်မှာ ၂ ခါ လောက် တော့အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ တစ်ခါခရီးထွက်ရင် ၂ ရက်ကနေ ၇ရက်ကြာထွက်ဖြစ်ပါတယ်။ နှစ်သက်တဲ့နေရာတွေကတော့
ပန်းခြံတွေ၊ ရေတံခွန်တွေ၊ တောင်တန်းတွေ၊ ပင်လယ်ကမ်းခြေ နဲ့ သဘာဝအလှနဲ့ပြည့်စုံနေတဲ့ ကျွန်းတွေဖြစ်ပါတယ်။ များသောအားဖြင့်ပင်လယ်ကမ်း ခြေဘက်ကိုခရီးထွက်လေ့ရှိပါတယ်။ Stress တွေပြေပြီးလူရော စိတ်ပါ fresh ဖြစ်ပြီးမှအလုပ်မှာပြန် run ပါတယ်။

၂၀၀၅ ဒီဇင်ဘာ လကပေါ့နော် Christmas အပတ်ထဲမှာခရီးထွက်ရန်မောင်နှမတွေအစီအစဉ်စွဲပြီး
တော့ Hotel, transportation တွေကိုနေ့နဲ့အချိန်တိတိကျကျဖြစ်အောင် booking လုပ်လိုက်ပြီး သွားလည်မဲ့နေရာကို Thai နိုင်ငံအရှေ့ပိုင်းဒေသမှာတည်ရှိတဲ့Trad မြို့ပိုင် Koh Chang ခေါ်ဆင်ကျွန်းကိုရွေးချယ်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဘန်ကောက်မြို့မှ Tour ကားနှင့်စတင်ခရီးထွက်ပြီး ကားပေါ်မှာအိပ်လိုက်နိုးလာလိုက် စာအုပ်လေးဖတ်လိုက်နဲ့ စိတ်အေးလက်အေးနဲ့ပေါ့လေ။ ဘန်ကောက်မြို့မှTrad မြို့ကို ၅နာရီလောက်ကားစီးရပါတယ်။ လမ်းမှာတစ်ခြားပင်လယ်ကမ်းခြေတွေကိုကားဖြတ်သွားရင်းခရုဆိုင်၊ မုန့်ဆိုင်တွေမြင်ရလို့ပျော်နေမိ
တယ်။

Trad မြို့ကိုညနေ ၅နာရီရောက်သွားပါတယ်။ Trad ကနေ Koh Chang ကိုသင်္ဘောစီးရပါတယ်။ ဆိပ်ကမ်းတွင်ခရီးသည်အတွက်လူစု နေတာထိုင်စောင့်နေတာပဲညနေ ၆ နာရီကျော်ပြီ။ ခရီးသည်
လာခေါ်တဲ့သင်္ဘောကငါးဖမ်းသင်္ဘောဖြစ်ပါတယ်။ Trad က နေ သင်္ဘောနဲ့စထွက်လာတော့ညနေ
၇ နာရီရှိပြီ။ သင်္ဘောပေါ်ကနေဝင်တာထိုင်ကြည့်နေရင်းတစ်ဖြေးဖြေးမှောင်လာတယ်။

သင်္ဘောပေါ်မှာလည်းမီးကနဲနဲ မှောင် တယ်။ စိတ်ထဲမှာတော့သင်္ဘောစီးရတာသိပ်တော့
သဘောမကျဘူး။ ကျွန်းပေါ်ရောက်ရင် ok ပါလိမ့် မယ်ပဲစဉ်းစားလိုက်တယ်။ အရင်လဲကျွန်းတွေသွားလည်ဖူးတာပဲလို့။ ည၈ နာရီထိုးတော့ပင်လယ်ပြင်ကမှောင်၊ ကောင်းကင်ကလဲ
မှောင်၊ ရှေ့ဘက်ကျွန်းကလဲမှောင်လို့ စိတ်ကပူလာတယ်။ သင်္ဘောဆရာကိုမေးတောီ့ဒီလိုမှောင်နေရင်မီးပြတ်တာဖြစ်မယ်တ။ဲ့ ဟော အခက်တော့တွေ့ပြီ။ ညကလဲလကွယ်ညမို့လရောင်လေးတောင်မရှိဘူး။ Koh Change ကျွန်းပေါ်ရောက်တော့မှောင်
မဲနေတာပဲ၊ ဘာဆိုဘာမှကိုမမြင်ရဘူး။ သင်္ဘောဆရာရဲ့လက်နှိပ်ဓတ်မီးပဲအားကိုးရတယ်။ ကမ်းစပ်မှာကားတစ်စီးရပ်ထားတယ်။ Taxi တွေကောမေးတော့ မီးပြတ်လို့ပြန်ကုန်ကြပြီတဲ့။

Just me နဲ့အတူတူသင်္ဘောစီးလာတဲ့ခရီးသည်အားလုံး 25 ယောက် က အဲ့ဒီကားကိုငှါးပြီးကိုယ်
booking လုပ်ထားတဲ့ hotel ကိုသွားကြတယ်။ Beach တွေအများကြီးကျော်ပြီး Just me booking
လုပ်ထားတဲ့ Magic Beach က Magic Hotel and Resort ကိုရောက်တယ်။ ရောက်ပြီးစဉ်းစားမိ
လိုက်တယ်။ ငါ့ခရီးစဉ်ကတော့တကယ် magic ပဲလို့ စဉ်းစားလို့ပြီးတာမှမကြာသေးဘူး Hotel မှာ
check in လုပ်ပြီး ကိုယ် booking လုပ်ထားတဲ့ superior room ကိုသွားတယ်။ အခန်းက Beach နဲ့သိပ်မဝေးဘူး။ တကဲ့ကျွန်း style လုပ်ထားတယ်။ အိပ်ရတာ ခြင်ထောင်နဲ့။ ခြင်ထောင်နဲ့ ဝေးခဲ့တာမြန်မာပြည်ကထွက်ခဲ့တုံးကတည်းကပဲ :D ညအိပ်ရင်းအိပ်ရာကဂျပိုးကကိုက်သေးတယ်။
ပင်လယ်လှိုင်းသံကတဝုန်းဝုန်းနဲ့ ဘာပျော်စရာကောင်းလည်းမမေးနဲ့တော့ :p

မနက်မိုးလင်းတာနဲ့ Hotel Reception ကိုသွားမေးရတယ် ဒီထက်ကောင်းတဲ့အခန်းရှိလားလို့။
Deluxe အခန်းအားတယ်ဆိုလို့သွားကြည့်တော့ ok, perfect ခြင်ထောင်လည်းမရှိဘူး၊
air condition ပါတဲ့အခန်း၊ Beach နဲ့လည်းအလှမ်းဝေးတယ်၊ လှိုင်းလုံးသံမကြားရဘူး။ Deluxe
အခန်းဆိုတော့ price ကလည်း Deluxe price ပဲ :p မတတ်နိုင်ဘူးအပန်းဖြေဖို့လာတာ ကောင်းကောင်းနားလိုက်မယ်လို့ဆုံးဖြတ်ပြီးအခန်းရွှေ့လိုက်တယ်။

ဒီဇင်ဘာ ၂၄ : နံနက်မှာ Hotel ကစားသောက်ဆိုင်မှာမနက်စာသွားစားတယ်။ စားသောက်ဆိုင်က
View ကောင်းမှကောင်း ညကမှောင်မဲပြီးဘာမှမမြင်ရသလောက် ခုမှ Beach ရဲ့အလှကိုတွေ့ရတယ်။ စားသောက်ဆိုင်ကိုဆောက်ထားတာကပင်လယ်ရေပေါ်မှာ၊ ဆိုင်ပေါ်ကနေပြီး မိုးကောင်းကင်ပြာ
ကိုတလှဲ့ ပင်လယ်စိမ်းပြာရောင်ကိုတလှဲ့ ကမ်းခြေကိုတလှဲ့ကြည့်ပြီး ဪ....သဘာဝတရားကတယ်လှပါလားလို့ ကြည်နူးနေမိတယ်။ မနက်စာစားပြီးတော့ ပင်လယ်ကမ်းခြေပေါ်မှာရှိ တဲ့သဲတွေနဲ့ဆော့လိုက် ရေထဲဆင်းပြီးကစားလိုက် Beach ပတ်ပတ်လယ်လျှောက်ကြည့်လိုက်နဲ့စိတ်ပေါ့လူပေါ့ Stress တွေပြေပြီးပျော်နေတာပဲ။

ဒီဇင်ဘာ ၂၅ : Hotel ကမော်တော်ဆိုင်ကယ်ငှါးတဲ့ Service ရှိတယ်။ ဆိုင်ကယ်တစ်ဆီးငှါးပြီးတော့
Tourist တွေနဲ့စည်ကားတဲ့နေရာတွေ Koh Change ကျွန်းပတ်ပတ်လည်လျှောက်လည်ကြည့်တယ်။ အစားအသောက် အဝတ်အထည်အားလုံးဈေးကြီးတယ်။ ကျွန်းကိုပတ်ကြည့်မှ ဒီကျွန်းက tourism
လုပ်ဖို့ ready မဖြစ်သေးဘူး။ လမ်းတွေလည်းခုမှဆောက်တုံး။ ကြော်ငြာအားသုံးပြီး tourist တွေကိုရအောင်လုပ်နေကြတယ်။

အဲ့ဒီနေရာကနေပြီး Koh Change ရဲ့အ လှဆုံးနေရာဖြစ်တဲ့ရေတံခွန်ကိုသွားခဲ့ပါတယ်။ Jungle
ထဲဖြတ်လျှောက် ပြီး တောင်ပေါ်ပါတက်ရတယ်၊ တက်ရင်းတက်ရင်း ရောက်ကိုမရောက်နိုင်ဘူး
ဝေးလိုက်တာ။ နောက်ဆုံးတော့ရေတဝေါဝေါအသံနဲ့အတူသဘာဝရဲ့လှပကြည်နူးစရာကောင်းတဲ့
Than Mayom ရေတံခွန် view ကိုတွေ့လိုက်ရပါတယ်။ Tourist တွေလည်းဒိုင်ပင်ထိုးပြီးခုန်ချ
ကြတာမြင်ရပါတယ်။ Just me လည်းသဘာဝအလှနဲ့ဘာပြောကောင်းမ လဲ အပြတ်ကိုပျော်ပြစ်
လိုက်တာပေါ့ :D ရေတံခွန်ကစီးစင်းကျလာတဲ့ရေအောက်မှာသွားကစားလိုက် ရေကန်ထဲမှာရေစိမ်လိုက်နဲ့အချိန်ကြာကြာနေလိုက်တယ်။ ပြီးတော့ညနေ နေမဝင်ခင် Hotel ကိုပြန်လာခဲ့ပါတယ်။ ညစာကို Hotel ကစားသောက်ဆိုင်မှာစားပြီးတော့ဆိုင်က အလုပ်သမားလေး
တွေနဲ့ Hotel ကဧည့်သည်တွေ Christmas ပွဲမှာပျော်ရွှင်နေကြတာ Just me ထိုင်ကြည့်ရင်း ဪ..ဒီလိုနည်းနဲ့ Christmas လူတွေပျော်ရွှင်နေကြတာကိုးလို့တွေးမိတယ်။

ဒီဇင်ဘာ ၂၆ : တစ်နေ့လုံးအနားယူစာအုပ်တွေဖတ်ပြီးနောက် ညနေပိုင်းမှာ ညစာဘယ်မှာသွားစားမလဲစဉ်းစားလိုက်ပါတယ်။ Just me က Seafood ဆိုအရမ်းကြိုက်။ ငါးပေါင်း
ပုဇွန်ကင် ဂဏန်းကြာဇံကြော် စတဲ့အစားအစာတွေပေါ့လေ။ ခုတောင်ပြောရင်းသရေကျလာပြီ :D ဒ်ါနဲ့
Beach တစ်နေရာက Seafoods ဆိုင်ကိုဆိုင်ကယ်နဲ့သွားခဲ့ပါတယ်။ မောင်နှမဝမ်းခွဲတွေကတော့ရေကစားပြီးမောလို့ဆိုပြီးမလိုက်ကြဘူး။ ဆိုင်ကလည်း night life နဲ့အညီအပန်းပြေအောင်ပြင်ဆင်ထားတယ်။ ဒီဆိုင်လည်းရေပေါ်မှာပဲဆောက်ထားပါတယ်။ သီချင်းအေးအေးလေးတွေဖွင့်ထားပေးတယ်။ ကိုကြိုက်တဲ့ menu တွေမှာ၊ လတ်လတ်ဆတ်ဆတ်
seafood စား။ ဒီဆိုင်က seafood ကလတ်ဆတ်ပြီးအရသာကချိုနေတာပဲ။ ချက်ပြုတ်တဲ့လက်ရာကလည်းကောင်းမှကောင်း။ ခုထိသတိရသေးတယ်။ ဗိုက် ဝပြီး Hotel ကိုပြန်ကြမယ်လို့စဉ်းစားလိုက်တော့ Just me စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်

စိတ်ကအပြန်လမ်းအတွက်ပူနေတယ်။ စိတ်ထဲမှာအပြန်တခုခုဖြစ်တော့မယ်လို့ခံစားလိုက်ရတယ်။
Just me ရဲ့အကို ကိုပြောတယ်စိတ်ထဲကဒီလိုဖြစ်လာတယ်ပေါ့။ ဒါနဲ့ဆိုင်က ဝန်ထမ်းကိုမေးကြည့်တယ်၊
Hotel ကိုပြန်ပို့ပေးတဲ့ service ရှိလားလို့၊ ဝန်ထမ်းကလည်းကောင်းရှာတယ်။ ကျွန်တော်တို့မှာ
customer ကို hotel ထိပြန်ပို့ပေးတဲ့ service ရှိပါတယ် ဆိုင်ကယ်ကိုပါကားနဲ့တင်ပြီးပို့ပေးပါ့မယ်
ပြောတော့ Just me လည်းဝမ်းသာသွားတယ်။

သို့သော် Just me ရဲ့အကိုက သူဆိုင်ကယ်မောင်းတာပဲ မပူပါနဲ့ အတူလာတာပြီးအတူပြန်ကြတာပေါ့
လို့ပြောတယ်။ Just me ကလည်းကိုယ်စိတ်ပူတာပဲထပ်ပြောတယ်။ သူကလည်းမပူပါနဲ့ပဲပြောနေတယ်။ နောက်ဆုံးတော့ Just me ရဲ့လိုက်လျှောတတ်တဲ့စိတ်ကအရှုံးပေးလိုက်ရတယ်။ စားသောက်ဆိုင်ကည
၈နာရီမှာ ဆိုင်ကယ်တစ်စီး ၂ ယောက်စီးပြီး hotel အပြန်လမ်းကိုထွက်လာခဲ့တယ်။ လမ်းမီးတွေလည်းလင်းနေတယ်။ လမ်းခရီးအလယ်လောက်မှာမီးပြတ်ပါလေကော။

ဟော လမ်းတစ်လမ်းလုံးမှောင်မဲနေတယ်။ ဆိုင်ကယ်ကမီးကိုပဲအားကိုးရင်းဆက်မောင်းသွားရတယ်။ လမ်းကလည်းအတက်အဆင်းအမြင့်အနိတ်တွေများတယ်။ မောင်းသွားပြီးတအောင့်လောက်မှာ ဆိုင်ကယ်
gear ပ်ါပျက်သွားပြီးဆိုင်ကယ်ရမ်းနေပြီ။ ရောက်နေတဲ့နေရာကကုန်းမြင့်၊ တဖြေးဖြေးကုန်း ဆင်းကိုသွား
နေပြီ။ လူကိုပြာထွက်သွားတာပဲ။ Just me အကိုကပြောတယ် (ခုန်ဆင်းတော ခုန်ဆင်းတော့)။ အဲဒီမှာခုန်ဆင်းလိုက်ရင်
ခုန်တဲ့အရှိန်နဲ့ ဆိုင်ကယ်ကောအကိုပါဂျောက်ထဲထိုးကျသွားမှာကိုသွားမြင်မိတယ်။

လျှပ်တပြက်အချိန်လေးမှာပဲစဉ်းစားလိုက်တယ်၊ ငါတော့ တစ်ကိုယ်ကောင်းဆန် ပြီးအသက်မရှင်
နိုင်ဘူး။ ကိုယ်ခုန်ချပြီးသူများကိုဂျောက်ထဲကျအောင်လုပ်သလိုဖြစ်နေမယ်။ တစ်ကိုယ်ကောင်းဆန်ပြီးအသက်ရှင်နေရတာ လောကမှာရှက်စရာကောင်းတယ်။ သူများမသိပေမဲ့ကိုယ့်ကိုကိုယ်ရှက်တယ်လို့စဉ်းစားမိတယ်။ ကိုယ့်ပေါ်မှာကောင်းတဲ့လူကိုမရက်စက်
သင့်ဘူး။ သေရင်လည်းအတူသေမယ်။ ရှင်ရင်လည်းအတူရှင်မယ်လို့စဉ်းစားလိုက်ပါတယ်။ ပြီးတော့ အိမ်ကအဖေကိုသတိရမြင်ယောင်လိုက်တယ်။ အဖေနဲ့ ပြန်မတွေ့ရတော့ဘူးလို့ထင်လိုက်တယ်။

ဒါနဲ့နောက်ဆုံးတစ်ခုလုပ်နိုင်တဲ့အရာကိုလုပ်တယ်။ အဲဒါကတော့ဘုရားကိုတလိုက်ပြီးစိတ်ထဲကပြောလိုက်တာကတော့ ကျွန်ုပ်မှာဘာမှတတ်နိုင်စွမ်းမရှိပါ အရှင်သည်သာကယ်တင်နိုင်စွမ်း
ရှိပါတယ်။ ကယ်တင်ရန်ဆုတောင်းပြီးနောက် Just me မခုန်ချဘူးလို့အကို ကိုပြောလိုက်ပြီးသေအတူရှင်အတူဆိုပြီးဆိုင်ကယ်ရဲ့အရှိန်နဲ့အတူ Just me မျက်စိမှိတ်လိုက်တယ်။ မကြာခင်မှာပဲဆိုင်ကယ်ကဘေးကိုလဲကျသွားတယ်။ မျက်စေ့ဖွင့်ကြည့်လိုက်တော့ဂျောက်နဲ့မနီးတော့
ဘူး။ ကိုယ့်ကိုပြန်ကြည့်လိုက်တော့ညာဘက်ခြေထောက်ကဆိုင်ကယ်အိမ်ဇော်
ပြောင်းအပူနဲ့ထိသွားလို့ပူရှိန်းပြီးနာစပ်နေတယ်။ အရှေ့မှာအကိုလဲနေရာမှအမြန်ထပြီး Just me ကိုဆွဲထူပေးပြီး ဘာဖြစ်သွားလည်း ဘာဖြစ်သွားလည်း မေးနေတယ်။ ခြေတွေလက်တွေမှာဒဏ်ရာရ
ပေမဲ့သူများပိုပြီးစိတ်မပူရအောင်မျက်နှာမှာနာကျင်ပုံမပြဘူး၊ အသံကိုပုံမှန်လုပ်ပြီးဘာမှမဖြစ်ဘူးလို့ပြောလိုက်တယ်။

Hotel ကိုအမြန်ဆုံးရအောင်ပြန်ရမယ်။ဆိုင်ကယ်ကလည်း ပျက်နေတော့လမ်းကကားတွေကိုလက်
တားရတယ်။ ဘယ်ကားမှရပ်မပေးဘူး။ တစ်အောင့်လောက်နေတော့ဆိုင်ကယ်တစ်စီးအနားရောက်လာတော့လက်တားကြည့်တာရပ်ပေးတယ်။ ဆိုင်ကယ်ပေါ်မှာလင်မယားနှစ်
ယောက်နဲ့၃နှစ်အရွယ်ခလေးတစ်ယောက်ပါတယ်။ အကူအညီတောင်းတော့ Just me တစ်ယောက်ပဲခေါ်သွားနိုင်တယ်။ အကိုသူလိုက်လာမယ် Just me, hotel ကိုအရင်ရောက်အောင် သွားခိုင်းတယ်။ ရင်တစ် ဒိန်း ဒိန်း တုံနေတာကိုပုံမှန်နီးပါးဖြစ်အောင်မနဲထိန်းရတယ်။ Hotel ကိုရောက်ပြီးမကြာခင်မှာအကိုလည်းဆိုင်ကယ်တစ်စီးနဲ့ရောက်လာတယ်။

Hotel ကဝန်ထမ်းတွေကိုဆိုင်ကယ်အကြောင်းပြောပြီးတော့အရင်ရေအေးတစ်ခွက်တောင်းသောက်
ရတယ်။ ပြီးတော့ကိုယ့်အခန်း ကိုတွဲခေါ်သွားပေးကြတယ်။ Fast Aid လေးနဲ့အနာကိုကုတယ်။ ဘန်ကောက်ရောက်တော့မှသေချာဆေးရုံမှာကုတယ်။ Just me accident ဖြစ်တဲ့အချိန်တွေမှာ အဖေရဲ့စိတ်ကလည်းတစ်မျိုးကြီးဖြစ်နေတယ်။ သ္မီးကိုအရမ်းကိုစိတ်ပူမိတယ်ပြောတယ်။ အဖေက
ပြောတယ်၊ သွေးကစကားပြောတယ်တဲ့။ ငါ့သ္မီးအနာတွေနဲ့ပြန်လာတာတွေ့ရတာ အဖေရင်ကျိုးမယ်လို့ပြောရှာတယ်။ အနာတွေကို plastic surgery လုပ်ခိုင်းတော့ Just me ကမ
လုပ်ဖူး၊ ဒီထက်ထပ်ပြီးအနာမခံချင်တော့ဘူးလို့ တအားငြင်းတယ်။ ဒီလိုနဲ့ပဲတစ်နှစ်ထက်တစ်
နှစ်ကြာလာတော့တစ်ဖြေးဖြေးကောင်းလာတယ်။ ခုဆိုအနာဖြစ်ခဲ့မှန်းတောင်မသိရတော့ဘူး။
Just me ရဲ့ရင်ထိပ်ခဲ့ရတဲ့ခရီးစဉ်လည်းပြီးပါပြီ။

နှုတ်ကိုထိန်းသိမ်း
ဂတိကိုတည်ကြည်
သစ္စာသမာဓိကိုခိုင်မြဲ
ဖြောင့်မတ်မှန်ကန်သောလမ်းမှ
အလင်းရောင်တံခါးဆီသို့
တည်ငြိမ်သောစိတ်ဖြင့်
တလှမ်းခြင်းလှမ်းလို့လျှောက်။
(Just me)

ဝိုင်းကူပေးတဲ့ ကဲကဲလေး ကိုအထူးပဲကျေးဇူးတင်ပါတယ်။..

2 comments:

Anonymous said...

very good but so sad :(

Anonymous said...

ကောင်း၏ အနော်တို့ကတော့ ဘယ်မှကို မလည်တာ ပိုက်ပိုက်မရှိဘူးလေ ဟီ