ကြာဇံကြော်ပူပူလေး ချက်နည်း

2:38 AM Posted In Edit This 0 Comments »
ပါဝင်သော ပစ္စည်းများ
၁။ ဆန်ကြာဇံ (၁နာရီလောက် ရေစိမ်ထားပါ)
၂။ ဂေါ်ဖီထုပ်
၃။ ကြက်သား
၎။ တရုတ်နံနံ
၅။ ကြက်သွန်နီ

ချက်နည်း
- ဆီပူလာရင် ကြက်သွန်နီကိုကြော်ပါ။
- ကြက်သွန်နီပျော.လာရင် တောက်တောက်စင်းထားတဲ. ကြက်သားကိုထည်.ကြော်ပါ ဆား၊ပဲငံပြာရည်အနည်းငယ်ထည်.ပါ။
- ကြက်သား ကျက်သွားရင် ပါးပါးလှီးထားသော ဂေါ်ဖီ ရောကြော်ပါ။
- ကြာဇံကိုရောကြော်ပါ။ တအောင်.နေရင် တရုတ်နံနံ ထည်.ပါ။
- ဆား၊ အချိုမုန်. (အသားမူန်.)၊ ပဲငံပြာရည် စိတ်ကြိုက်ထည်.ပါ။
- ကြာဇံကျက်လျှင်စားလို.ရပါပြီ။
အချဉ်လေး လုပ်ဦးမလား?
ကြက်သွန်နီလေး ကို ပါးပါးလှီးပြီး သံပရာသီးလေ ညှစ်ပေးလိုက်လေ။

ရှလွတ် ရှလွတ် :P

ရှမ်းခေါက်ဆွဲ (သက်သက်လွတ်)

2:32 AM Posted In Edit This 0 Comments »
ပါဝင်သော ပစ္စည်းများ

၁။ ဆန်ခေါက်ဆွဲ (Kway Teow)
၂။ ပဲငပိ (Chilli bean sauce)
၃။ ခရမ်းချဉ်သီး
၎။ ကြက်သွန်နီ
၅။ ပဲပြား
၆။ ကြက်သွန်ဖြူဆီ

ကြက်သွန်ဖြူဆီချက်နည်း
- ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည်.ကြော်ပါ။

ကြက်သွန်ဖြူ ရွေဝါရောင် သန်းလာရင် မီးဖိုမှ ချပြီး ဆီထဲသို. Black Pepper အမူန်. အနည်းငယ်ထည်.ထားပါ။

ခေါက်ဆွဲ အနှစ်ချက်နည်း
-
ဆီပူလာလျှင် လှီးထာတဲ. ကြက်သွန်နီ ကိုကြော်ပါ။
- ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည်.ကြော်ပါ။
- ပဲငပိ စတီဇွန်း ၂ဇွန်းလောက်၊ ဆား၊ အချိုမူန်.ထည်. ပြီး ရေအနည်းငယ်ရော၍ ခဏအဖုံးအုပ်ထားပါ။
- ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါတယ်။
- ဆီပြန်လာလျှင်ရပါတယ်။

ခေါက်ဆွဲ ပြင်နည်း
- ခေါက်ဆွဲ ကို တပွဲစာ ထည်.ပါ၊
- ဆား၊ အချိုမုန်.၊ ပဲငပြာရည်(ကြာညို.)အနည်းငယ် ထည်.ပါ။
- ကြက်သွန်ဖြူဆီ ထည်.ပါ။
- ခေါက်ဆွဲအနှစ် ထည်.ပါ။
- နောက်ဆုံးမှာ ထောင်းထားတဲ. မြေပဲဆံ ဖြူးပြီး နယ် စားလိုက်ရုံပါပဲ။
- မုန်.ညှင်းချဉ် ထည်.စားလိုက်ရင် တော.ဘာပြောကောင်းမလဲ။ :D

အစမ်းသပ်ခံအသဲနှလုံး

3:51 AM Posted In Edit This 0 Comments »
တေးရေး မင်းချစ်သူ
တေးဆို ဇော်ဝင်းထွဋ်
Auto mp3. Now playing on this blog.

နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်
ပန်းပွင့်များခင်း ကိုယ့်ရင်ခွင်လမ်းအဝေး မင်းရောက်ရှိခိုက်
မညီညာခယောင်းခင်းလမ်းတွေမှာ အဆင်ပြေသလား
ကိုယ်တိုင်စမ်းလျှောက်ကြည့်တော့ မင်းသိပြီနော်
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
---
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
Music
အဖြူရောင်ဆိုတာ အမည်းရောင်တွေကြားထဲ ရောနှောထားမှ ကြည်လင်ပိုထင်ရှားမယ်
တစ်လောကလုံးနဲ့ ကိုယ်တစ်ယောက်တည်းလား
ဘဝနဲ့ရင်းလို့ မင်းကိုပြိုင်ချစ်ရဲသူရှိနိုင်မလား
မထင်ပါဘူး မယုံရင်မင်းစမ်းကြည့်ပေါ့
မတားမြစ်ပါဘူး
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
Music
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး

ရင်တွင်းသံစဉ်

6:40 PM Posted In Edit This 0 Comments »
ဖြောင့်မတ်မှန်ကန်မှူကို လိုလားတောင့်တ
ဘဝတိုက်ပွဲ သတ္တိအပြည့်ရင်ဆိုင်ရဲ၏
အမှန်တရားအတွက်
ရပ်တည်နေသော ကျွန်ုပ်စစ်သည်
အရှင့်ရှေ့မှောက် လက်နက်ချ၍
ဒူးထောက်အရှုံးပေး ဦးချရင်းနှင့်
အချစ်နယ်မြေ နှစ်သက်ကြည်နူး
ဧကန်စင်စစ် ကျွန်ုပ်လူသား
အဘယ်အရာမှ တတ်နိုင်စွမ်းမရှိ
အရှင်သာလျှင်
ပေးကမ်းစွန့်ကြဲ တတ်နိုင်စွမ်း၏
ထာဝရမဟာ ဂရုဏာရှင်ကျေးဇူးရှင်အား
သည်နှလုံးသား ဆက်သပျော်ပါး
ချီးမွမ်းထောပနာခြင်း အပေါင်းနှင့်
သစ္စာခိုင်မြဲခြင်း တို့သည်
အို့အရှင့်အတွက်သာ....။

ကျွန်ုပ်၏ခံစားချက်မှရေးသား ခြင်းဖြစ်သည်။
(Just me)

'' ချက်လောက ''

7:50 PM Posted In Edit This 0 Comments »
ဖတ်ပြီးသဘောကျမိလို့
စာဖတ်သူများပျော်ရွှင်စေရန်ဝေမျှလိုက်ပါတယ်။

ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။
ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်
မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊
မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး
ဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း
ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်
ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်
စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း
တုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က
ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့က
မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။
အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)
ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။
အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး
ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်
သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ
စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ
မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ
မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ
ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်
မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ
အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး
ပေါ်ထွက်လာလေ၏။
"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု
၇၆
"hote te lay. Ah lote shote nay de."
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ
အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း
ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊
မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။
ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ
သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်
- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…
တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ
လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက
မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို
စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ
ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့
ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်
တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း
ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-
ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း
ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက
အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -
ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း
လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။
အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်
ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို
ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -
ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -
လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊
မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်
ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း
အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။ ။

(Just me)