ပန်းကလေး
10:00 AM Posted In ရင်ထဲက ကဗျာများ Edit This 0 Comments »
မချင့်မရဲနဲ့ ခေါင်းလေး စွင့်တော့
လေ အပင့်မှာ ရနံ့လေးတွေ လွင့်ခဲ့ရ
လောကအတွက် ၀မ်းမြောက်စရာပဲပေါ့။
ရောင်ဝါလေးဖြာ ထွန်းလင်းသာလိုက်
ညအမိုက်ကို ခွင်းလိုက်ပြီ။
..............................
ဘဝတစ်ကွေ့မှ
ဆူးပင် နွယ်ပင်တွေကြား
ကျော်ဖြတ်နေရင်း
မာကျောသောအုတ်နံရံ
အထပ်ထပ်ကာထားတဲ့
သင့်နှလုံးသား
နူးညံ့မှုကို မေ့နေလေသလား
စင်စစ် အလွန်သိမ်မွေ့နူးညံ့သော
ပန်းကလေး သင်၏နှလုံးသားတွင်း
ကျွန်ုပ်တွေ့ရှိခဲ့၏။
..........
..........
0 comments:
Post a Comment