အလွမ်းစံပယ်
3:35 AM Posted In ရင်ထဲက ကဗျာများ Edit This 6 Comments »
ငွေနှင်းရောင်တိုင်းတစ်ပြည်မှ ချစ်သ္မီးရတနာ
ဖခင်ရှိရာအရပ်ဆီသို့
တစ်သက်သက်လျှင် ငှက်လိုသာပျံချင်
မတတ်ပင်နှင့်
သီကုံးကာရယ်
ပေးဆပ်ခဲ့သူ
သုခချမ်းသာ
ရတက်အေး၍ ဝေးစေသောက
လိုရာဆန္ဒ ပြည့်ဝစေရန်
အရှင့်ထံ၌ တောင်းဆုပန်သည်
အလွမ်းစံပယ်
ပိတာဖခင် အို့နှလုံးသားဆီသို့
ကူးခပ်ပါစေသား....။
ဖေဖေတစ်ယောက် ကဗျာလေးဖတ်ပြီးဘယ်လိုခံစားရမလဲနော်.....
(Just me)
.. ဒီကဗျာလေးဖြစ်မြောက်အောင်ဝိုင်းကူပေးတဲ့ ကဲကဲလေး ကိုအထူးပဲကျေးဇူးတင်ပါတယ်။..
6 comments:
အဖေ့ကို သတိရသွားပြီ
chitsu
ကဗျာလေးက ဖတ်လို့လည်းကောင်း လွမ်းချင်းလေးပဲနော်
အဝေးက မမြင်နိုင်တော့တဲ့ အဖေကို သတိရလာပီ :((
ကဗျာလေး ဖတ်ပြီး အဖေ့ကို အောက်မေ့သွားတယ်။
အခုလို ကဗျာလေးတွေက ရင်ထဲပိုရောက်တယ်ဗျို့
အချစ်ကဗျာထက်စာရင်ပြောတာပါ
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ထိထိမိမိနဲ့ဖတ်ရတာ
အရသာရှိတယ်ဗျို့
ကဗျာလေးထဲက အဖေ့ကို ချစ်တဲ့အချစ်ကို မြင်နေရပါတယ်... ညီမလေး အဖေကတော့ ကဗျာလေးဖတ်ပြီး အတိုင်းမသိ ကြည်နူးဝမ်းသာသွားမှာ သေချာတယ်...း)
Post a Comment