ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားလုပ်နေ

3:05 PM Posted In Edit This 0 Comments »
Yangon News

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ကို ၂၀၀၉ ဒီဇင်ဘာမှာဖွှဲ့ပြီး တစ်ဦးဝင်ကြေး
၅သိန်း နှစ်စဉ်ကြေးငါးသောင်းနှင့်အသင်းဝင် ၃၅၀ ခန့်ရှိပါသည်။ထိုငွေများမှာ သိန်း ၁၅၀၀ ခန့်ရှိပြီးထိုငွေများကိုအသင်းလူကြီးဆိုသူများက
လက်ဝါးကြီးအုပ်ပြီး ခွှဲဝေယူထားကြပါသည်။

ထိုအသင်းမှာရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားကိုတရားဝင်ပမာကြီးကြီးကျယ်ကျယ်
လုပ်နေ ကြပါသည်။ World gold price ကိုကြည့်ပြီးလေနှင့်ဝယ်ရောင်းလုပ်ကာဈေးကို
အတတ်အကျလောင်းပြီးအနိုင်အရူံးဆော့နေကြပါသည်။ငွေအားကောင်းသူတချို့နှင့်အသင်း
လူကြီးများကဦးဆောင်ချယ်လှယ်လုပ်ကိုင်နေကြပါသည်အများစုမှာအရူံးပေါ်ပြီးနေကြပါသည်
အများစုမှာ အရူံးများပြီးစိတ်ညစ်နေကြပါသည်။

အသင်းမှထွက်လိုသော်လည်း ပေးထားသောင်ကြေးငွေကိုပြန်မရသဖြင့်အခက်အခဲကြုံနေကြပါသည်။
လူအနည်းစုမှာသာအကျိုးဖြစ်ထွန်းနေကြပါသည်။ ထို့ကြောင့်အသင်းမှထွက်လို
သူများအသင်းဝင်ကြေးကိုပြန်ရရန်သို့မဟုတ် တနည်းနည်းဖြင့်လွှဲပြောင်းယူနိုင်ရန်နှင့်အသင်းကြီးဖွှဲ့ပြီး
လောင်းကစားလုပ်နေခြင်းကပြင်းပြင်းထန်ထန်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

အမှန်လိုလားသူ
From Yangon

သ တိ ပြု ရန် ခံ တွင်း ကင် ဆာ

12:15 PM Posted In Edit This 1 Comment »
မြန်မာ နိုင်ငံမှာ လူနေမှုပုံစံတွေ
ပြောင်းလဲနေတာနဲ့အမျှ ခံတွင်းကင်ဆာဆိုတဲ့ ကင်ဆာရောဂါတစ်မျိုးဟာလည်း
လူငယ်ထုအတွင်းမှာ ပျံ့နှံ့ထိုးဖောက် နေရာယူနေတာကို တွေ့ရှိလာကြရပါတယ်။
အခုနှစ်ပိုင်းမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေက အသက် ၂၄၊ ၂၅ နှစ်အရွယ်တွေ
ဖြစ်နေကြတာကို တွေ့ရှိလာရတယ်လို့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ပညာဌာနက
ပါမောက္ခ၊ ဌာနမှုး ဆရာကြီး ဒေါက်တာ ဦးကိုကိုမောင်က ပြောကြားထားတာကို
ဖတ်ရှုလိုက်ရပါတယ်။
ခံတွင်းကင်ဆာဆိုတာ ခံတွင်းထဲမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ
ကြီးထွားရှင်သန်နေတာကနေ စပါတယ်။
အဲဒီကနေ တံတွေးဂလင်းတွေ၊ တခြား ခံတွင်းထဲ လျှာတွေ အာခေါင်တွေစတဲ့
အင်္ဂါတွေကို ပျံ့နှံ့ရောက်ရှိစေကုန်ပါတယ်။ ခံတွင်း ကင်ဆာဖြစ်ရင်
နာကျင်ကိုက်ခဲမှု မရှိတာကြောင့် ပေါ့ပေါ့ဆဆ နေဖြစ်ကြပါတယ်။ ကင်ဆာရဲ့
အကြိုလက္ခဏာဖြစ်တဲ့ အဖြူကွက်၊ အနီကွက်တွေ ဖြစ်လာရင်လည်း သတိမထားမိကြပါဘူး။
ခံတွင်းမှာ အနီကွက်တွေ ဖြစ်လာရင် ကင်ဆာရောဂါ ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း
ရှိပါတယ်။ အဖြူကွက် ဖြစ်လာရင်တော့ ကင်ဆာဖြစ်ဖို့ ၅ ရာခိုင်နှုန်း ရှိပါတယ်။
ရောဂါအကြို လက္ခဏာတွေက လျှာမှာဖြစ်တဲ့အနာတွေ၊ လည်ချောင်းမှာ
ဖြစ်တဲ့အနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကွမ်းစား ဆေးသောက်တာက လူနည်းစုပါ။
နောက်ပိုင်းမှာတော့
ကွမ်းစားတဲ့လူတွေ အရမ်းကို တွေ့ရလာပါတယ်။ အထက်တန်း ကျောင်းသားတွေ၊
ပညာတတ်တွေပါ ကွမ်းစားလာကြတယ်။ လူငယ်တွေလည်း အတော်လေး ကွမ်းစားလာကြပါတယ်။
အထက်တန်းကျောင်းသား တစ်ယောက် အသက် ၁၄ နှစ် ၁၅ နှစ်မှာ စပြီး ကွမ်းစားရင်
အသက် ၂၅ မှာ သူ့ရဲ့ ကွမ်းစားသက်က ၁၀ နှစ်ထဲ ရောက်နေပါပြီ။ နောက် အရွယ်က
ဖွံ့ဖြိုးနေတဲ့ အရွယ်ဆိုတော့ ဆဲလ်တွေရဲ့ ကြီးထွားနှုန်းကလည်း
အရမ်းမြန်ပါတယ်။ အဲဒီလိုမျိုး ကွမ်းစားနှစ်ရှည်ဖြစ်တာရယ် အသက်အရွယ်
ငယ်တာတွေရယ်ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ ပိုများလာတဲ့ သဘောမှာ
ရှိလာပါတယ်။ အသက်ကြီးပိုင်း အသက် ၄၀ နှစ် ပိုင်းတွေကျတော့ ဆဲလ်တွေ
ကြီးထွားနှုန်း နှေးသွားတဲ့အတွက် လူငယ်တွေလောက် ကင်ဆာဆဲလ်တွေ ပွါးများမှု
မများပါဘူး။ အဲဒါကြောင့် လူငယ်တွေမှာ ခံတွင်းကင်ဆာ ဖြစ်တာ ပိုများလာတာပါ။

ကွမ်းထဲမှာပါတဲ့ ကွမ်းသီး၊
ထုံး၊ ရှားစေး၊ ဆေးရွက်ကြီးတွေကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။
ကွမ်းစားရင် အကြာကြီး ငုံထားတတ်တဲ့ အလေ့အကျင့်ကြောင့် ပါးစောင်၊ လျှာရင်း
အောက်ပိုင်းနဲ့ သွားဖုံး စတဲ့နေရာတွေမှာ ကင်ဆာ အဖြစ်များပါတယ်။ အရက်၊
ဆေးလိပ် သောက်ပြီး ကွမ်းစားသူတွေမှာ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ
ပိုများပါတယ်။ ကားမောင်းတဲ့အခါ အိပ်မငိုက်အောင် ကွမ်းတစ်ယာပြီးတစ်ယာ
ဆက်တိုက် စားတတ်တဲ့ ကားသမားတွေနဲ့ အလုပ်ကြမ်းသမားတွေမှာ ခံတွင်းကင်ဆာ
ဖြစ်နိုင်ချေ များတာကို တွေ့ရှိရပါတယ်။

ကွမ်းကြတော့ ဆေးလိပ်တို့ အရက်တို့နဲ့ ပုံစံမတူသလို သဘောထားကျပါတယ်။
လူကြီးမိဘရှေ့မှာ စားလည်း အဂါရ၀တရား မဖြစ်ဘူးလို့ မြင်ကြပါတယ်။ နောက်ပြီး
ကွမ်းဆိုတာကလည်း နေရာတိုင်းမှာ အလွယ်တကူ ၀ယ်လို့ရနေပါတယ်။ ဘတ်စ်ကား
မှတ်တိုင်တွေ၊ မီးပွိုင့်တွေမှာ ကားခဏလေး ရပ်တာနဲ့တင် အလွယ်တကူ
ဝယ်လို့ရတဲ့ အနေအထားတွေကြောင့် လူငယ်တွေ ကွမ်းပိုစားဖြစ်ကြပါတယ်။

ခံတွင်းကင်ဆာဟာ ကမ္ဘာမှာ
အဖြစ်များဆုံး ကင်ဆာ ၁၀ မျိုးထဲမှာ နံပါတ် ၆ အဆင့်မှာ ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်မှ နံပါတ် ၅ အဆင့်နေရာမှာ
ရှိပြီး သည်နောက်ပိုင်းမှာ ပိုပြီး အဖြစ်များလာတဲ့အတွက် အဆင့် ၄ ကို
ရောက်လာတယ်လို့ သိရပါတယ်။

ခံတွင်းကင်ဆာ ဖြစ်ပြီဆိုရင် ရောဂါအဆင့် ၁ နဲ့ ၂ လောက်မှာ သိရင် ခွဲစိတ်ပြီး
ဓါတ်ရောင်ခြည် ကုထုံးနဲ့ ကုရင်
ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အများစုက လူငယ်ပိုင်းတွေ ဖြစ်နေတော့
ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးပြီး မခွဲစိတ်ချင်ကြဘူး။ ဆေးမြီးတိုတွေနဲ့
ကုတာကြောင့် အခြေအနေ ပိုဆိုးသွားကြတာ များပါတယ်။

ရောဂါဖြစ်သူအများစုက မခံမရပ်နိုင်
ဖြစ်လာတော့မှပဲ ဆေးရုံဆေးခန်းကို လာရောက်ပြသကြပါတယ်။
အဲဒီအချိန်မှာ ရောဂါအဆင့် ၃၊ ၄ လောက် ရောက်နေကြတော့ ဓါတ်ကင်ပေမယ့်လည်း
မပျောက်ကြတော့ပါဘူး။ ရောဂါလက္ခဏာက မနာကျင်တော့ ဖြစ်တာ မကြာသေးဘူးလို့ပဲ
ထင်ကြလေ့ ရှိပါတယ်။ နောက် ဓါတ်ကင်တာကိုလည်း ရောဂါ မပျောက်ဘူးလို့ အများစုက
ထင်ကြသေးပါတယ်။ အမှန်တော့ ရောဂါလွန်နေမှန်း မသိကြဘူး ဖြစ်နေကြတာပါ။

ခံတွင်းကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့
ကွမ်းစားတဲ့သူ အများစုဟာ ကိုယ့်ရဲ့ခံတွင်းကို ပိုပြီး
ဂရုစိုက်သင့်ပါတယ်။ ခံတွင်းထဲမှာ အစူးအရှ ဖြစ်စေနိုင်တဲ့ သွားချွန်တွေ
ရှိနေမယ်ဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သာမန်လူတစ်ယောက် ဆိုရင်တော့
ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ကိုယ့်ရဲ့ခံတွင်း ကျန်းမာရေးကို မှန်မှန်
စစ်ဆေးသင့်ပါတယ်။ အရက်ဆေးလိပ်နဲ့ ကွမ်းစားတာတွေကို ရှောင်နိုင်ရင်တော့
ပိုကောင်းပါတယ်ခင်ဗျာ။ မြန်မာလူငယ်ထုအတွင်းမှာ ခံတွင်းကင်ဆာ ရောဂါအကြောင်း
သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။

Google Buzz ကို အသုံးမပြုလိုပါက

3:12 PM Posted In Edit This 1 Comment »
ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီးဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။
ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။
နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။ Choose (do not show google buzz in gmail)
၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
--

လူလေးမျိုး

2:08 PM Posted In Edit This 0 Comments »
လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။

လူလိမ္မာ။ ။ ။နှုတ်မှ ဝေဖန်မှုမလုပ်၊ ထင်မြင်ချက်မပေး။ သိသမျှ၊မြင်သမျှကို
ကိုယ့် အတွင်းစိတ်ဖြင့် သာ အမှားအမှန်ကို ဝေဖန်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်တတ်တယ်။ ဘယ်တော့ မှနောက်လူကိုပြုပြင်လို့'မရ' လို့ယုံကြည်ထားတယ်။ သူတစ်ပါးကို ဆန့် ကျင်၊ ငြင်းခုံသောစကားကိုမပြော။ သူများပြောလာသောစကားကို အဓိကထားပြီး နားထောင်တတ်တယ်။ ကိုယ့်အကြောင်းကိုဘယ်တော့ မှ'မပြော'။ သူတစ်ပါးရဲ့ 'ချီးမွမ်း' တဲ့ စကားထက် 'ကဲ့ရဲ့ ပြစ်တင်' သော စကားကို ပိုပြီး
တော့ အလေးအနက်ထားတတ်တယ်။

နောက်တစ်ယောက်ကတော့  လူတော်။ ။
ဒီလူကတော့ .... ကောင်းတဲ့ ဗဟုသုတ၊ အတွေ့အကြုံများကို နေရာ၊ အချိန်မရွေး မှတ်သားနာယူတတ်တယ်။
အတုယူတတ်တယ်။ ပြဿနာကြုံလာတဲ့ အခါတိုင်း ရင်ဆိုင်ဖြေရှင်းတယ်။ စိတ်သက်သာမှုအတွက်အစားထိုးအချိန်ဆိုင်း ကုစားမျိုးမလုပ်။ ကိုယ့်ကိုသူများအကဲမခတ်နိုင်အောင် နေတတ်ပြီးတော့ သူများကို အချိန်တိုတိုအတွင်းအကဲခတ်တတ်တယ်။ သူလိုလူမျိုးက အယုံမလွယ်ဘူး။
အသနားမလွယ်ဘူး။ ကိုယ်ထက်ဘယ်သူ့ ကိုမှ ပိုမယုံဘူး။ ကိုယ်လုပ်ရ
မဲ့ ကိစ္စကိုကိုယ်တိုင်လုပ်ရတာ အသေချာဆုံးစိတ်အချရဆုံးလို့ ယုံကြည်တယ်။
ကိုယ်ဝါသနာပါပြီး ကိုယ်လုပ်လိုတဲ့ အလုပ်ထက် ကိုယ်လုပ်သင့် တဲ့ အလုပ်၊
အရေးကြီး တဲ့ အလုပ်ကို ဦးစားပေး လုပ်တတ်တဲ့ အကျင့် ရှိတယ်။ ကိစ္စရှိမှမိတ်ဆွေကို ဆက်ဆံ တဲ့ အကျင့် ကိုမုန်းတီးတယ်။ ကိစ္စတိုင်း၊ လူတိုင်းကိုငွေနှင့် မတိုင်းတာ။
ကိုယ့် ကိုအထင်ကြီးမှုရယူရန် ဟန်ဆောင်ကြွားဝါ တတ်တဲ့အလုပ်မျိုးကိုရှောင်ကြဉ်တယ်။

နောက်တစ်ယောက်က လူချမ်းသာ။ ။ ။ ထွက်ငွေဟာ ဘယ်တော့ မှ ၀င်ငွေထက်လုံးဝမပိုစေရ။ ငွေကြေးစုဆောင်းတတ်တဲ့ အကျင့် ရှိတယ်။ အကြွေးဘယ်တော့ မှမယူတတ်။ဝင်ငွေ အမြဲတမ်းရှိနေအောင်ကြိုးစားတယ်။ နောက်ကိစ္စနောက်ရှင်း၊နောင်ခါလာနောင်ခါဈေး စိတ်ဓါတ်မရှိ။ ခုကိစ္စကိုခုရှင်းမှကြိုက်တယ်။ဒါပေမယ့် ...... ငွေချမ်းသာတိုင်း လူမချမ်းသာပါ။

နောက်ဆုံးတစ်ယောက်ကတော့ အောင်မြင်တဲ့ လူ။ ။ ။ ဒီနောက်ဆုံးပုဂ္ဂိုလ်ကတော့ .. ထွက်တဲ့ ဒေါသကို ထိန်းထားနိုင်တယ်။ လိုချင်တဲ့ ဆန္ဒကို အောင့်ထားနိုင်တယ်။ ကိုယ်ပြောချင်တဲ့ စကားကို မပြောပဲ နေနိုင်တယ်။ ပြီးတော့ကိုယ်လုပ်ချင်စိတ်ရှိနေလျက်
နဲ့ မလုပ်ပဲ နေနိုင်တယ်။ မပြောနှင့် ။မဆုံးမနှင့် ။ မသင်နှင့် ။မဝေဖန်နှင့် ။ မငြင်းနှင့် ။
မဆန့် ကျင်နှင့် ။မမျှော်လင့် နှင့် ။ မတောင်းနှင့် ။ အားမကိုးနှင့် ။
အောင်အီးနိုင်ပါစေ။ကြိတ်မှိတ်နေနိုင်ပါစေ။ ပိတ်နေနိုင်ပါစေ။
ဒီလူကတော့ အောင်မြင်တဲ့လူတစ်ယောက်ပါ။

သင်ကော ဘယ်လိုလူအမျိုးအစားထဲမှာပါဝင်ပါသလဲ ?????????ကိုယ့် ကိုယ်ကို ခုံပေါ် တင်ကြည့် ပြီး Research and Development လုပ်ကြည့် ပေါ့ ။

ပန်းကလေး

10:00 AM Posted In Edit This 0 Comments »
ပန်းကလေး တစ်ပွင့်
မချင့်မရဲနဲ့ ခေါင်းလေး စွင့်တော့
လေ အပင့်မှာ ရနံ့လေးတွေ လွင့်ခဲ့ရ
လောကအတွက် ၀မ်းမြောက်စရာပဲပေါ့။
ရောင်ဝါလေးဖြာ ထွန်းလင်းသာလိုက်
ညအမိုက်ကို ခွင်းလိုက်ပြီ။
..............................
ဘဝတစ်ကွေ့မှ
ဆူးပင် နွယ်ပင်တွေကြား
ကျော်ဖြတ်နေရင်း
မာကျောသောအုတ်နံရံ
အထပ်ထပ်ကာထားတဲ့
သင့်နှလုံးသား
နူးညံ့မှုကို မေ့နေလေသလား
စင်စစ် အလွန်သိမ်မွေ့နူးညံ့သော
ပန်းကလေး သင်၏နှလုံးသားတွင်း
ကျွန်ုပ်တွေ့ရှိခဲ့၏။
..........

ရေခဲဟိုတယ်လေးကို အလည် သွားမလား

3:11 PM Posted In Edit This 0 Comments »
ရေခဲဟိုတယ်လေးကို အလည် သွားမလား





အနောက်တိုင်းသားတွေရဲ့ စိတ်ကူးယဉ်ထဲက fairy tale ပုံပြင်ကို အကောင်အထည် ဖော်ပြီး ဆောက်ထားတဲ့- ရေခဲ ဟိုတယ် (Icee hotel) လေး အကြောင်းပါ။ ဆွီဒင်နိုင်ငံ မြောက်ပိုင်း အာတိက်စက်ဝိုင်းထဲက ဆီနှင်းထူထပ်တဲ့ Jukkasjärvi (ယူက်ကတ်စ် ရဲရ်ဗီ) ရွာလေးမှာ ဟိုတယ် တည်ရှိပါတယ်။ အဲ့ဒီ ရွာလေး အလွန် ထင်ရှားတဲ့ Torne River (တော်နီ မြစ်) ကမ်းဘေးမှာ ရှိနေပြီး အဲ့ဒီ မြစ်ကလည်း ဆောင်းရာသီမှာ ရေများ ခဲနေလေ့ ရှိပါတယ်။

အဲ့ဒီ မြစ်ထဲက ရေခဲတွေက ဟိုတယ်လေးကို နှစ်စဉ် ပြန်လည်တည်ဆောက်ဘို့ ရေခဲအသင့် တဲအသင့်လို့ ဆိုရမလို ဖြစ်နေပါတော့တယ်။ သန့်ရှင်းကြည်လင်တဲ့ မြစ်ရေက ရေခဲဆိုတော့- ရေခဲတုံးတွေကို သဘာဝအတိုင်း ကြည်လင်လှပ နေတာပေါ့။ ဟိုတယ်အတွင်းမှာ ဗိသုကာ လက်ရာမျိုးစုံနဲ့ ဒီဇိုင်းအမျိုးမျိုး မွမ်းမံထားပါတယ်။

ရေခဲဟိုတယ်ဆိုတော့- အတွေးထဲမှာ အေးလိုက်မည့် ဖြစ်ခြင်း။ ဒါပေမယ့်- မြန်မာပြည် အပူပိုင်းဒေသက လူတွေ ရေနွေး ကြိုက်သလိုပေါ့။ အပူကို အပူနဲ့ သတ် ဆိုတာလေ၊ လှေမျော လှေနဲ့လိုက်ပေါ့။ လှေမျော လှည်းနဲ့ လိုက်လို့မှ မရတာ။ အခုလည်း ခိုက်ခိုက်တုန် အရိုးကွဲမတတ် ဖြစ်နေတဲ့ ဒေသမှာ ရေခဲမှတ်အောက် ရောက်နေတဲ့ ရေခဲဟိုတယ်လေးက လူတွေကို သင့်တော်ညီမျှတဲ့ အနွေးဓါတ်တွေ ပေးနေပါတော့တယ်။

ဟိုတယ်ထဲကို ခြေတစ်လှမ်းဝင်လိုက်တိုင်း- နွေးထွေးမှုက ဆီးကြိုပွေ့ဖက်လိုက်သလိုပဲ။ အပြင်မှာ အပူချိန် အနှတ် လက္ခဏာ ၃၀၊ ၄၀ ဖြစ်နေတာက၊ ဟိုတယ်ထဲကို ၀င်လိုက်တာနဲ့ အနှတ် ၅ က ၈ အထိပဲ ရှိတော့တယ်လေ။ အပူချိန် ၃၀ လောက် ပြန်တိုးသွားတယ်ဆိုပဲ- နွေးထွေးမှု ဘယ်လောက်များ ကွာခြားသွားပါသလဲ။

ဟိုတယ်နံရံ၊ ဧည့်ကြိုခုံ၊ ထိုင်ခုံ၊ ကုတင် အားလုံးကို ရေခဲနဲ့ပဲ တည်ဆောက်ထားပါတယ်။ တစ်ညအိပ် အခန်း ရက်တည်း ခန်း တွေဟာ- တစ်ခန်းနဲ့ တစ်ခန်း အပူချိန် မတူကြအောင် ဖန်တီးထားတယ်။ (တတ်လည်း တတ်နိုင်ပါဘိ)။ ဆောင်းရာသီ တိုင်းမှာ တည်းခိုမယ့် သူစာရင်း စာအုပ် ပြည့်လျှံ လို့ နေတော့တာပဲ။ တစ်ခါတစ်ရံ နှစ်ကြို ဘုတ်ကင် လုပ်ရတယ် ဆိုပဲ။ အဲ- အများဆုံး ရွှေဧည့်သည်တွေကတော့ ဂျပန်လူမျိုးများ ဖြစ်ကြပါတယ်။ တည်ခိုးခန်းက သိပ် မများပါ ဘူး။ တစ်ညတည်းရင် အမေရိကန် ဒေါ်လာ ၆၀၀ က ၉၀၀ (မြန်မာကျပ်ငွေ ၆၀၀၀၀ က ၉၀၀၀၀) ကြား လောက်ပါ။ ရေခဲ ဟိုတယ် ဆိုတော့၊ ပြောစကားနဲ့ အညီ ဟိုတယ်တွင်း စားသောက်ဆိုင်သုံး ပန်းကန်တွေကလည်း တော်နီ မြစ်ထဲက မှန်သားပြင်အတိ ကြည်လင်တောက်ပနေတဲ့ ရေခဲပြားနဲ့ လုပ်ထားတဲ့ ရေခဲ ပန်းကန်တွေပဲလေ။တော်နီ မြစ်ကမ်း ရှုခင်းကို နှစ်သက်တဲ့ ဧည့်သည်များ အတွက်လည်း ရှေးဟောင်းစတိုင် စားသောက်ဆိုင် တည်ဆောက် ထားပါတယ်။

အလည်သွားချင်တဲ့ သူငယ်ချင်းတို့ရေ-။ ရေခဲဟိုတယ်ကို အလည်သွားဘို့ တည်းခိုဘို့၊ တော်နီ မြစ်ကမ်းလေးရဲ့ သဘာဝ ရှုခင်း ရသကို ခံစားဘို့ ဆိုရင်တော့-၊ ဆွီဒင်နိုင်ငံ စတော့က်ဟုမ်းက တဆင့် လေယဉ် သို့မဟုတ် ရထားနဲ့ ပြီးတော့ ကားနဲ့ သွားလို့ ရအောင်- ဆွီဒင် အစိုးရ စီစဉ်ထားပါတယ်။ ရေတွေက အေးခဲနေပေမယ့်- သူငယ်ချင်းတို့ရဲ့ အေးခဲနေတဲ့ စိတ်တွေပျော်ရွင်သွားမှာပါ။
ပြီးတော့--------ကျစ်ကျစ်ပါအောင်စုထားတဲ့ ရွှေတို ငွေစလေးတွေ၊ ရွှေထုပ်ငွေထုပ်ကြီးတွေလဲ-- အဲ့ဒီ ပျော်-သွားရတဲ့ စိတ်နဲ့ ပျော်ကျ သွားပါလိမ့်မယ်။ ရေခဲဟော်တယ်က အားလုံးကို ခဲထားစေပေမယ့်- သူငယ်ချင်းတို့ရဲ့ ငွေကိုတော့--- ခဲထားလို့ ရမယ့် နေရာ မဟုတ်ဘူးလေ-။ :D

ဗဟုသုတ၊ ရသ၊ ဒသန အသစ်လေးတွေ- ပို့ပေးဦးမယ်နော်။

Just One

5:10 PM Posted In Edit This 0 Comments »
You & I are One

But not physically

Mind, Sentiment, Mood, Soul, Heart and Belief are one.

.................................