ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားလုပ်နေ

3:05 PM Posted In Edit This 0 Comments »
Yangon News

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ကို ၂၀၀၉ ဒီဇင်ဘာမှာဖွှဲ့ပြီး တစ်ဦးဝင်ကြေး
၅သိန်း နှစ်စဉ်ကြေးငါးသောင်းနှင့်အသင်းဝင် ၃၅၀ ခန့်ရှိပါသည်။ထိုငွေများမှာ သိန်း ၁၅၀၀ ခန့်ရှိပြီးထိုငွေများကိုအသင်းလူကြီးဆိုသူများက
လက်ဝါးကြီးအုပ်ပြီး ခွှဲဝေယူထားကြပါသည်။

ထိုအသင်းမှာရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားကိုတရားဝင်ပမာကြီးကြီးကျယ်ကျယ်
လုပ်နေ ကြပါသည်။ World gold price ကိုကြည့်ပြီးလေနှင့်ဝယ်ရောင်းလုပ်ကာဈေးကို
အတတ်အကျလောင်းပြီးအနိုင်အရူံးဆော့နေကြပါသည်။ငွေအားကောင်းသူတချို့နှင့်အသင်း
လူကြီးများကဦးဆောင်ချယ်လှယ်လုပ်ကိုင်နေကြပါသည်အများစုမှာအရူံးပေါ်ပြီးနေကြပါသည်
အများစုမှာ အရူံးများပြီးစိတ်ညစ်နေကြပါသည်။

အသင်းမှထွက်လိုသော်လည်း ပေးထားသောင်ကြေးငွေကိုပြန်မရသဖြင့်အခက်အခဲကြုံနေကြပါသည်။
လူအနည်းစုမှာသာအကျိုးဖြစ်ထွန်းနေကြပါသည်။ ထို့ကြောင့်အသင်းမှထွက်လို
သူများအသင်းဝင်ကြေးကိုပြန်ရရန်သို့မဟုတ် တနည်းနည်းဖြင့်လွှဲပြောင်းယူနိုင်ရန်နှင့်အသင်းကြီးဖွှဲ့ပြီး
လောင်းကစားလုပ်နေခြင်းကပြင်းပြင်းထန်ထန်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

အမှန်လိုလားသူ
From Yangon

0 comments: