ဒီအချက်တွေသင်သိရင် အသက်ပေါင်းများစွာကယ်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုလဲ ကယ်တင်ရာရောက်ပါတယ်

11:13 PM Posted In Edit This 0 Comments »
လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ့နေတဲ့သွေးကြော ပေါက်ခြင်း(သို့ )ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။ လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့  အသက်ရှင်သွားရမှာပါ။ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။
ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု
အကင်မျိုးစုံကျွေးတဲ့  ဧည့်ခံပွဲတစ်ခုမှာ ကျွန်တော့်သူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာဆက်စားပါတယ်။သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။ညကျမှ သူ့ အမျိုးသားလှမ်းဖုန်းလို့  ကျွန်တော်တို့ သိလိုက်ရတာက သူမကို ညနေ ၆ နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ ဆုံးသွားပြီဆိုတာပါပဲ။တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စခံစားခဲ့ ရတာဖြစ်ပါတယ်။ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ့  လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ့ လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ အတွက် သင်ခန်းစာပါပဲ။
လူတိုင်းသိသင့်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃ နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို့  ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို့ ဖြစ်မှန်းမသိဖြစ်တာကို လေဖြတ်တာလို့  ချက်ချင်းသိနိုင်လို့  ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ်။ ပြီးတော့ အနည်းဆုံး ၃နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ လူတိုင်းသိသင့်တဲ့ လေဖြတ်ခြင်း ဟုတ်မဟုတ်ခွဲနိုင်တဲ့  အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ့ ပါတယ်။
လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။ ဦးနျောက်မှာဖြစ်တဲ့ နေရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။ ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့ သေပြီပေါ့ဗျာ။ ဒီတော့လေဖြတ်တာရဲ့  လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို့ မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။
အရင်ဆုံး လူနာကို S,T,R ဆိုပြီး ၃ခုခိုင်းကြည့်ပါ။ (S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)(T=Talk) စကားပြောခိုင်းပါ။(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။ ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။ နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။ ဒီတော့ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် လူပေါင်းများစွာရဲ့  အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S,T,R,O,K,E မမေ့ နဲ့  နော်။
Translated by : သီဟသစ်(ဆေး-၂)

Special thanks to Ko Zar Ni.

လောကအလှ ပံ့ပိုးကြသူများ

4:57 PM Posted In Edit This 0 Comments »
တခါတုံးက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့
အိုးကလေးနှစ်အိုးရှိတယ်တဲ့ ။ အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီး
ကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့ ။
အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ၀ါးပိုးတဖက်တချက်မှာ ချိတ်ပြီး
စမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ် ။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးက
ရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတ၀က်ပဲ
ပါတာပေါ့ ။

အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်
သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့
စိတ်ပျက်အားငယ်နေရှာတယ်။

နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီး
စမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့
.. "ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်း
စိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်" လို့ ပြောတော့
အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး "ငါတို့ ရေခပ်ရာလမ်းတလျှောက်
နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကို
နင်သတိထားမိလား" လို့ ပြန်မေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။

"နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့
လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ် ။
နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းက
ပန်းဥယျာဉ်လေးပဲပေါ့ ။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီ
ဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းက
ပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလို
ပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ" တဲ့ ။

လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ် ။ ခြွင်းချက်မရှိ
ရာနှုန်းပြည့် ကောင်းမွန်ပြည့်စုံနေတဲ့ လူသားရယ်လို့ မရှိကြပါဘူး။

အက်ကြောင်းတွေနဲ့ အိုးကလေးကတောင် သူ့နည်းသူ့ဟန်နဲ့ လောကကို
အလှဆင်ပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် လူသားတွေလဲ ကိုယ့်မှာရှိတဲ့
အားနည်းချက်လေးကို သတိပြုဆင်ခြင်မိတဲ့အခါ စိတ်ပျက်အားငယ်နေမဲ့ အစား
လောကကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှ အလှဆင်ပေးနိုင်ကြပါတယ်လို့
ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိစေချင်ပါတယ် ။

စကြ၀တေးမင်းဖြစ်ချင်သူ

3:25 PM Posted In Edit This 0 Comments »
ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာ
လူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာ
တခုရှိသတဲ့။

အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုဏလူတွေ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ညဏ်ပညာမရှိဆုံး တယောက်က ဘုရင်ဖြစ်လာပါလေရော့လား.
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ ပဲ ရောင်းခိုင်းတော့တယ်။ သုဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ
သုနိုင်ငံမှာတော့ ငါးမူးပဲ. တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။

တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ
့သုရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ
ရောက်လာကြတာပေါ့။ ဆရာ တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။
သုတပည့် က တော့ မတရား သဘောကျတယ်. အရာအားလုံး ငါးမူးကို နော်။
သုမှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို
့ပြောလို့ ရတာပေါ့။ ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ
ကမပြန်ချင်တော့ဘူး။

ဆရာက ပြောတယ် ဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့
တိုင်းပြည်မှာ မနေ သင့်ဘူးးးးးးးးးးးတို့ ဘာတို့ ပေါ့လေ။
တပည့် က တော့ နိုးပါ အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ်
ဆရာကြီးရေ ပညာသင်တာ က အဲ့ သလို နေ ဖို့ ပဲလေ တို့ ဘာတို့ ပြော ပြီးတော့
နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့
ဆရာပြန်ခါနီး သုတပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ်
တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက်
ဆရာရောက်လာမယ် လို့ ပြော ပြီးတော့ ပြန်သွားပါလေရော
တပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့
ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်နဲ့ မတရား ကြီး ကို ၀လာတယ်.


ဝတာမှ တကယ် ကို အကြီးအကျယ် ၀လာတာ.

တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်
ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း
အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာ
အုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။
သူခိုးမိန်းမက မကျေနပ်ဘူး ဘုရင် ကြီးကို သွားတိုင်တယ်

းးးးးးးအိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင်
အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန် မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ
သုခများ မယားကျွေးရန် စီးပွားရှာ ခြင်းသာ ဖြစ် ပေသည်.မရှိသောကြောင့် 
ခိုး မိခြင်း ကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရားပေါ့
ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ် လာ တယ်။
အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ် သေဒဏ်ဆိုတာ က ကြိုးပေးသတ်စေပေါ့

အမတ်ချုပ်ကြီးကအယူခံဝင်တယ်
းးးးးးးအရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်းးးးးးးးးး

ဒါနဲ့  ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော
ပန်းရံ ကလည်း လျှောက်ပြန်တယ်မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်..................


ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍
တရားမျှတမှုကို တည်ဆောက်အံ့ မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်
းးးးးးးးဘ၀ရှင်မင်းတရားကြီးခင်ဗျား ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်

ရေထမ်းသမားအားသေဒဏ် သူလည်းမခေပါဘူး လျှောက်လိုက်တာကတော့
းးးးးးးးးအရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်
အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်းးးးးးးးးး

အိုးထိန်းသည်အားသေဒဏ်ပေးစေ သူကထပ်လျှောက်တင်ပြန်တယ်
းးးးးးးးးးးးးအကျွန်လက်က ပုံမှန်လက်ပါခင်ညား
ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး
ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး
အကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ်
ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရ
ခြင်းဖြစ်ပါသည်းးးးးးးးးးးးးးးးးးး

လာထား ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်
အမျိုးသမီးက ထပ်လျှောက် ပြန်တယ်


းးးးးးးးးးးးးးးမှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး
အစွန်းရောက်မိုက်ခြင်းတရားဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူ
ဘ၀ရှင်မင်းတရားကြီးရှင် အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍
လျှော်ပြီးမပြီး သွားရောင်စစ်စေး ခြင်းသာ ဖြစ်ပါ သည်
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်းးးးးးးးးးးးးးးး

ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
ဘုရင်ကြီး မိန့်တော်မုပုံ က
းးးးးးးးးးမောင်မင်း အသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့်
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရလေသည် ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည်
နဂိုအရွယ်အစားထက် ကြီးမားလာတော့သည်
ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်
ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီးနေအိမ်
အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်.


ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံ
ပြေးမလွှတ်တော့ချေ အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်းးးးးးးးးးးးးး

ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး အလျှော့အတင်းလုပ်လို့ မရ ဘူး
ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး

ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ်
းးးးးဒီကောင့်ခေါင်းက မတော်ဘူး
တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့းးးးးးးး

ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကို သွားတွေ့ တယ်
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာ ကိုး
သုကို သေဒဏ် ချလိုက်ရော။

တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်
ဆရာ တပည့် နှယောက်က တယောက် ကို တယောက် အချက် ပြ ပြီး
ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲ
လို့ ကို ထင် ရတယ်

ဘုရင်ကြီးအံ့သြော်တာပေါ့
ဘယ့်နှယ် သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှကောင်
ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း ဘုရင်ကြီးက မေးလိုက်တာပေါ့
ဘာ လို့ လည်းပေါ့နော် ဆရာက ဖြေတယ်
မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော် အို
ဘယ့်သမားသမတ်အရှင်မင်းကြီးခင်ဗျား
အကျွန်က တက္ကသီလ မှ ဆရာတည်း
ဗေဒင်သုံးပုံ ကို အရည်ကြို သောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံ


ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို ၏ တည်နေရာအား
သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ့။
သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။

ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း
ဆုကို ယူစရာအကြောင်းမရှိ

နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း...........။ :D:D:D

Forward mail.

ကြယ်တွေစုံတဲ့ည

12:48 AM Posted In Edit This 0 Comments »

ကြယ်တွေစုံတဲ့ည အဝေ့း အိမ်ကိုလွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစေ
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် ပြန်စုံဦးမယ် .....

နာကျင်စွာတစ်ယောက်တည်း
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ
အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတဲ့အိပ်မက်ရှည်တွေနဲ့
ကောင်းကင် အမြဲတမ်းသတိရနေတယ်
ရှင်းပြဖို့ပေးပါကွယ်
ကြယ်ပွင့်လေးတွေများရဲ့ အကြောင်းတွေ

ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည
လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက်ပင် နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်....

I really like this song.

'' IF ''

8:19 AM Posted In Edit This 0 Comments »

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ

2:27 AM Posted In Edit This 0 Comments »
နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်.....ဆက်လက်Forwardလုပ်ပေးပါဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆
နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ
ဝင်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ၀င်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေ၀သ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ရွေ့ပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀၀ ကို အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်းရွေှ့ဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန် သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။
မြန်မာပြည်ရှိ မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ
မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ၀ိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန်ရှိပါသဖြင့်အောက်ပါအချက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

(၁)။ ထိုနေ့မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံး ရပ်နားထားကြရန်။
(၂)။ ထိုနေ့မှစ၍ ကုန်တင်သင်္ဘောများ၊ ခရီးတင်သင်္ဘောများနှင့်စက်တတ်ရေယာဉ်နှင့်
ရေယာဉ်ငယ်အားလုံး ရပ်နားထားကြရန်။
(၃)။ မိမိတို့ရေယာဉ်များအားလုံးကို မုန်တိုင်းလွတ်ရာနေရာများသို့ ပြောင်းရွေ့ထားကြရန်။
(၄)။ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များကို မုန်တိုင်းဒီရေလွတ်သောနေရာနှင့် လုံခြုံမှုရှိသောနေရာများသို့ အခုကတည်းက ရွေ့ပြောင်းထားရှိကြရန်။
(၅)။ သက်ဆိုင်ရာမြို့နယ်ဆေးရုံ၊ ဆေးပေးခန်းအားလုံး အဆင်သင့်အနေအထားတွင် ထားရှိကြရန်။
(၆)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ပြိုလဲရန်လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများအောက်တွင် မနေကြရန်။
(၇)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အကြောက်မလွန်ကြရန်နှင့် အန္တရာယ်ရှိသူများကို ကြိုးစားပြီးကယ်တင်ပေးကြရန်။
(ဂ)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း လျှပ်စစ်ဓါတ်မဟာလိုင်း၊ ရိုရိုးဓါတ်အားလိုင်းများအားလုံး
ပိတ်ထားကြရန်။ မလိုအပ်ပဲ ဓါတ်တိုင်များအောက်သို့ မသွားရောက်ကျရန်။ ပြတ်ကျနေသော
ဓါတ်ကြိုးများကို သွားရောက်ကိုင်တွယ်ခြင်း မပြုကြရန်။
(၉)။ သက်ဆိုင်ရာမြို့နယ်များမှ မုန်တိုင်းသတိပေးချက်ကို ပြည်သူများသိရှိစေရန်အတွက် အကြိမ်ကြိမ် အထူးသတင်းအဖြစ် သတိပေးကြေညာပေးရန် လိုအပ်သည်။
(၁၀)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မလိုအပ်ပဲအပြင်သို့ လုံးဝမထွက်ကြရန်။

****ယခုလို သတိပေးဖေါ်ပြပေးသော ကိုဟီရိုးနိုင်အား အထူး ကျေးဇူးတင်ရှိပါသည်။ *****

From forward mail.

သင်္ကြန်သမိုင်းအကြောင်း

3:46 PM Posted In Edit This 1 Comment »
သင်္ကြန် သမိုင်း ....ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။သင်္ကြန်မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ်ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။

အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန်ဓါကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန်ဓါကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။

ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
အကြိုနေ့သင်္ကြန်အကြိုနေ့နဲ့ ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။

အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။အကျနေ့ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ်ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ်ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ
ဝါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။

ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ..
- မြန်မာတွေ မေတ္တာတရားများပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ
- သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ
- ဘေးကင်းရန်ကွာကြပါစေ
- ရန်သူမျိုးငါးပါး အထူးသဖြင့် မင်းဆိုးမင်းညစ်ရဲ့ ရန်မှ ကင်းဝေးကြပါစေ
- နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

Special thanks to Ko Asoka.

ဦးနှောက်တွင်း မှတ်ဥာဏ် သိုလှောင်မှု လေ့လာချက်

3:16 AM Posted In Edit This 0 Comments »

[insert caption here]

ပုံရိပ် ရိုက်ကူးတဲ့ ကင်မရာပညာသစ်တွေ တိုးတက်လာတာနဲ့အမျှ လူ့ဦးနှောက်နဲ့ပတ်သက်လို့ လျှို့ဝှက်ချက်တွေ ဦးနှောက်အလုပ်လုပ်ကိုင်မှုတွေကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်လာနိုင်ကြပါတယ်။ ဒီနည်းပညာတွေထဲမှာ နောက်ဆုံး အတိုးတက်ဆုံးနည်းပညာကတော့ fMRI လို့ခေါ်တဲ့ သံလိုက်စက်ကွင်းနဲ့အသံလှိုင်းအသုံးပြုပြီး ပုံရိုက်ယူတဲ့ စက်ပစ္စည်းပါ။ သုတေသီတွေဟာ ဒါကို အသုံးပြုပြီး လူရဲ့ လှုပ်ရှားမှုပြုမူချက်ကွဲလွဲတာနဲ့ ဦးနှောက်ထဲ သွေးစီးဆင်းလည်ပတ်မှု ဘယ်လို ပြောင်းလဲသွားသလဲဆိုတာကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

မှတ်ဥာဏ်တွေ ဖန်တီးတဲ့ ဦးနှောက်နေရာမှာပဲ မှတ်ဥာဏ်အသိဥာဏ်တွေကို သိမ်းဆည်းထားတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီ မှတ်ဥာဏ်တွေကို ဖန်တီးမှုရှိတဲ့ ဦးနှောက်နေရာတခုကို Hippocampus လို့ အသိများပါတယ်။

ဒီလေ့လာချက်နဲ့ပတ်သက်လို့ အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ http://www.voanews.com/burmese/archive/2009-02/2009-02-04-voa6.cfm တင်ဆက်ထားပါတယ်။
Copy from voanews.

အသက်ရှည်ရာ ရှည်ကြောင်း နည်းလမ်းကောင်းများ

2:37 AM Posted In Edit This 0 Comments »
Fulfilling relationships also can help women improve their mood and their heart health

ကမ္ဘာမှာ အသက်ရာကျော်နေရတယ်ဆိုတာ ရှားရှားပါးပါးဖြစ်ရပ် မဟုတ်တော့ပါဘူး။ လူသက်တမ်းစောင့်ကြည့်အကဲခတ်သူတွေရဲ့ အဆိုအရ ကမ္ဘာမှာ အသက်ရာကျော်ဘိုးဘိုးဘွားဘွား တိုးများသထက် အလျင်အမြန် တိုးပွားလာနေပါတယ်တဲ့။

အသက်ရာကျော် ဘာကြောင့်နေနိုင်သလဲ အခြေခံကျတဲ့မေးခွန်းတွေကို အဖြေရှာနိုင်ဖို့ လူ့သက်တမ်းနဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုတွေက ကြိုးစားနေပါတယ်။ အသက်ရာကျော်နေရတဲ့ ရာကျော်ဘိုးဘိုးဘွားဘွားတွေဟာ သာမန်သူတို့ခေတ်ပြိုင်တွေထက် ဘာကြောင့် အသက်ရှည်ရသလဲ ဘာတွေ ကွားခြားသလဲ ဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

အသက်ရာကျော်နေထိုင်သူအားလုံးမှာ အဓိကထင်ရှားတဲ့အချက်ကတော့ လက်ရှိဘ၀အပေါ် ပျော်ပျော်ရွှင်ရွင်နှစ်ခြိုက်လိုလားတာ၊ လူ့ဘ၀ကို ခုံခုံမင်မင်နေထိုင်လိုစိတ်ရှိတာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတာ၊ ဘ၀ကို ခုံမင်နှစ်လိုစိတ်ထားတာ၊ အရာရာအပေါ် အပြုစိတ် ထားတာတွေဟာ အသက်ရာကျော် ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းဆိုတာ အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

copy from http://www.voanews.com/burmese/2009-03-18-voa5.cfm

The Winner

7:38 PM Posted In Edit This 0 Comments »
ဇွဲကိုလမ်းခင်း
သတ္တိကိုအဖော်ပြု
ခန္တီတရားကိုလက်စွဲကိုင်
ဆူးခင်းသောလမ်းကိုဖြတ်၍
ပန်းခင်းသောလမ်းကိုလျှောက်ကာ
ရည်ရွယ်ရာပန်းတိုင်မှ
အောင်လံကိုဆွတ်ခူး......

(Just me)

မျှော်လင့်ခြင်း

10:59 PM Posted In Edit This 1 Comment »
ဒီနေ့ပုံပြင်လေးကတော့မျှော်လင့်ခြင်းဖြစ်ပါတယ်။ ဖတ်ရှူခံစားကြည့်ကြပါ။

ဟိုရှေ့ရှေ့တုံးက နတ်ဆိုးကြီးတစ်ပါးရယ်၊ နတ်ကောင်းကြီးတစ်ပါးရယ်ရှိတယ်တဲ့။ နတ်ဆိုးကြီးဆိုးတာက လူတွေကိုဒုက္ခပေးတာပေါ့။ နတ်ကောင်းကြီးကလူတွေကို ကူညီပေးတယ်လေ။ နတ်ဆိုးကြီးက မီးကိုဖန်ဆင်းရင်၊ နတ်ကောင်းကြီးက ရေကိုဖန်ဆင်းတယ်။ နတ်ဆိုးကြီးက ရောဂါကိုဖန်ဆင်းရင်၊ နတ်ကောင်းကြီးက ဆေးကိုဖန်ဆင်းတယ်။ သူတို့ ၂ ယောက်ကလည်း လုံးဝမတည့်ကြဘူး။

ဒါပေမဲ့ ကံကြမ္မာက မျက်စိလှည့်လည်လိုက်ပုံများ နတ်ဆိုးကြီးရဲ့သ္မီးနဲ့ နတ်ကောင်းကြီးရဲ့သားက ချစ်ကြိုက်နေကြလေပါကော။ သူတို့ကလည်း လူတွေလိုပဲ မိဘတွေသဘောမတူလို့ ခိုးပြေးကြတာပေါ့။

နတ်ဆိုးကြီးကအရမ်းပါးနတ်တယ်ဆိုတော့ သူ့သ္မီးရဲ့မင်္ဂလာပွဲကိုသဘောမတူပေမဲ့လည်း လက်ဆောင်အဖြစ်နဲ့ သေတ္တာလေးတစ်လုံးကိုပို့ပေးလိုက်တယ်။ အဲဒီသေတ္တာလေးကို ပန်ဒိုရာသေတ္တာလို့ခေါ်တယ်။ အဲဒီပန်ဒိုရာသေတ္တာထဲမှာဘာပစ္စည်းတွေပါတယ်ဆိုတာ သိတဲ့နတ်ကောင်းကြီးက ဒီသေတ္တာလေးကိုဘယ်တော့မှဖွင့်မကြည့်ရအောင်ဆိုပြီး အမြဲတမ်းခတ်ထားဖို့အတွက်သော့လေးတစ်လုံးလက်ဆောင်ပေးတယ်တဲ့။

ဒါပေမဲ့နတ်ဆိုးကြီးကတော့ အေးဆေးပါပဲ။ သူ့သ္မီးရဲ့စိတ်ကိုသူသိတယ်လေ။ ဘယ်လောက်ပဲဖွင့်မကြည့်ဖို့ပြောပြော ဘယ်လိုပဲသေတ္တာလေးကိုပိက်ထား ပိက်ထား ဖွင့်ကြည့်ချင်မှာပဲတဲ့။ အဲဒါလည်းသဘာဝပဲပေါ့ စာဖတ်ပရိတ်သတ်ကြီးရယ်။

နတ်သ္မီးလေးကိုလည်းအတန်တန်တားထားတဲ့ကြားကနေပြီးတော့ နတ်သားလေးအလစ်မှာသော့ကို မရမက ရအောင်ခိုးပြီးတော့ သေတ္တာလေးကိုဖွင့်လိုက်ပါလေကောတဲ့။ သေတ္တာလေးကိုဖွင့်လည်းဖွင့်လိုက်ကော သေတ္တာထဲကနေပြီးတော့ အမုန်းတွေ၊ သောကတွေ၊ ရန်ညှိုးတွေ၊ မျက်ရည်တွေဟာ လူ့လောကကြီးကိုထွက်ကျလာပါလေရောတဲ့။အဲဒီသေတ္တာလေးကိုမဖွင့်ခင်မှာ လူ့လောကကြီးမှာ ခုဏကပြောတာတွေတစ်ခုမှမရှိဘူးတဲ့။

အဲဒီအချိန်မှာနတ်သားလေးကအမြန်ပြန်ရောက်လာပြီးတော့ သေတ္တာလေးကိုဖွင့်နေတာလည်းတွေ့ရော မဖွင့်နဲ့ဆိုပြီးအမြန်ပြန်ပိတ်လိုက်တယ်။ အပိတ်မြန်ပေလို့ပဲ အဲဒီသေတ္တာလေးထဲမှာနောက်ဆုံးတခုပဲကျန်ခဲ့တယ်တဲ့။ တော်ပါသေးရဲ့အဲဒီတစ်ခုကျန်ခဲ့လို့ လူတွေဟာခုဏကဒုက္ခတွေကိုခံနိုင်ရည်ရှိသွားတယ်။

အဲဒီပစ္စည်းလေးကဘာလည်းဆိုတော့ မျှော်လင့်ခြင်းတဲ့။ လူဆိုတာက မျှော်လင့်ခြင်းနဲ့ပဲအသက်ရှင်နေရတာလေ။ ချစ်သူနဲ့ဝေးသွားတဲ့လူကလည်း သူ့ ချစ်သူတစ်နေ့ကျရင်ပြန်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ ငိုနေတဲ့လူကလည်း တစ်နေ့ကျရင်အငိုတိတ်သွား လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ ရန်ညှိုးတွေနဲ့တွေ့နေတဲ့လူကလည်း တစ်နေ့ကျရင်ရန်ညှိုးတွေ အေးသွားလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ အဲဒီလိုမျှော်လင့်ချက်တွေနဲ့ လူတွေအားလုံးဟာ အသက်ရှင်နေရတာလေစာဖတ်ပရိသတ်ကြီးရယ်။

ကျွန်ုပ်ရဲ့မျှော်လင့်ချက်ကတော့ လူ လူချင်းအရောင်မခွဲပဲချစ်နိုင်ကြဖို့ပါပဲ။
စာဖတ်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
မြန်မာ ရိုမီအို-ဂျူလီယက် ကားထဲမှမှတ်ယူရေးသားဖော်ပြလိုက်ပါသည်။
ကျေးဇူးကမ္ဘာ။

သေခြင်းမတိုင်ခင် (It's make me smile)

12:09 AM Posted In Edit This 0 Comments »
လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက်
အစာရေစာငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။
ကျားကြီးကတစ်ချက်ဟိန်းပြီး ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့်
ပြေးပါတော့တယ်။ အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေး
လိုက်လာနေတယ်။ နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။ စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ
အသံတချို့ ကြားရပြန်တယ်။ ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။
ရုတ်တရက် တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။ စိတ်ပြန်လည်ငြိမ်သက်သွားတော့
ဘေးပတ်ပတ်လည်မှာ ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခုရှာပြီး သေချာ ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံးကိုမတွေ့ရတော့ဘူး။
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ ကမ်းပါးပေါ်က ခုန်ချလိုက်တဲ့ကျားနဲ့
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျိုးထားနိုင်မှသာ ဘ၀ရဲ့ ချိုမြိန်တဲ့
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

BeautyMax Magazin မှ မောင်မောင်လှိုင် ၏ စာပုဒ်လေးပါ။
Copy from forward mail.

ဆောင်းအိပ်မက်

1:28 AM Posted In Edit This 0 Comments »
ဆောင်းအိပ်မက်မှ
ချစ်ပန်းတစ်ပွင့်
မြတ်မြတ်နိုးနိုး
ရှူရှိုက် ပွေ့ဖက်
ကျောက်ဆောင်နှလုံးသား
နူးညံ့စေသော
မာယာလေညှင်း
လိုရာတိုက်ခတ်
ကြည်နူးမှူများ
ရွက်လွှင့်နေစဉ်
ရုတ်တရက် လန့်နိုး
အော်....... မွှေးမျိုးလှိုင်သာ
ချစ်ပန်းရနံ့
အိပ်မက်ကယ်နှင့်
ကျန်ခဲ့လေ၏...

(အိပ်မက်ချစ်သူ)

ချစ်သူများနေ့ပေါ်ပေါက်လာပုံ သမိုင်း

3:09 AM Posted In Edit This 4 Comments »
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။
(Submit from forward mail. Thanks to writer)

ငါ

9:46 AM Posted In Edit This 1 Comment »
ငါ့မှာလည်းငါ၊ သူ့မှာ ငါနဲ့
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု

3:43 PM Edit This 0 Comments »

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု ဂေါပကအတွင်းရေးမှူးငြင်းဆို
မင်းနိုင်သူ/ ၉ ဖေဖော်ဝါရီ ၂၀၀၉

ရွှေတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက်ပေးထားသည်ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။

ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ" ဟု ဦးဝင်းကြိုင်က ပြောသည်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ
"ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်" ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ဘဏ်တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများတွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

ယောက်ျား မိန်းမ အဘိဓာန် 2

7:13 PM Edit This 1 Comment »
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8.ဖစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
(Writer say : တကယ်ကိုယ်တွေ့အလုပ်ဖြစ်တဲ့ အချက်အလက်လေးတွေမို့ ပြန်မျှဝေတာပါ)
ဖတ်ပြီးသဘောကျမိလို့
စာဖတ်သူများပျော်ရွှင်စေရန်ဝေမျှလိုက်ပါတယ်။
(from forward mail)

ပန်းမာလာ ဥယာဉ်

2:15 PM Edit This 0 Comments »
အခါတစ်ပါး၌
အလွန်သာယာလှပသော ပန်းဥယာဉ်သည်
တစ်ဘက်ကမ်း
မှ မြင့်မိုရ်တောင်တွင် တည်ရှိ၏။
ထိုအခါဝယ်
ကျွန်ုပ်တွင် လှေတစ်စင်းရှိ၏
သို့သော် တက်မ မရှိ။
အားနွဲ့သောလက်တစ်စုံသည်
ကာလကြာ တက်မတစ်စုံကိုဖန်တီး၏။

၎င်းလှေအား ခန္တီပင်လယ်၌ လှော်ခတ်
ထိုဥယာဉ်သို့ရောက်သော်
လှရောင်စုံ ပန်းမာလာများကို
ပွေ့ပိုက်ရှူရှိုက်၏

သို့သော် ရနံ့ မရှိ။

ဤပထဝီမြေဝယ်
အဘယ်ဥယာဉ်သည်
ချစ်ခြင်း၊ မေတ္တာ၊ ကရုဏာနှင့်
မွှေးကြိုင် ဝေဆာနေသော

မိဘ၏ ပန်းမာလာ ဥယာဉ်လောက်

အဘယ်သာ အေးမြသာယာပါအံ့နည်း .....။


ကြာဇံကြော်ပူပူလေး ချက်နည်း

2:38 AM Posted In Edit This 0 Comments »
ပါဝင်သော ပစ္စည်းများ
၁။ ဆန်ကြာဇံ (၁နာရီလောက် ရေစိမ်ထားပါ)
၂။ ဂေါ်ဖီထုပ်
၃။ ကြက်သား
၎။ တရုတ်နံနံ
၅။ ကြက်သွန်နီ

ချက်နည်း
- ဆီပူလာရင် ကြက်သွန်နီကိုကြော်ပါ။
- ကြက်သွန်နီပျော.လာရင် တောက်တောက်စင်းထားတဲ. ကြက်သားကိုထည်.ကြော်ပါ ဆား၊ပဲငံပြာရည်အနည်းငယ်ထည်.ပါ။
- ကြက်သား ကျက်သွားရင် ပါးပါးလှီးထားသော ဂေါ်ဖီ ရောကြော်ပါ။
- ကြာဇံကိုရောကြော်ပါ။ တအောင်.နေရင် တရုတ်နံနံ ထည်.ပါ။
- ဆား၊ အချိုမုန်. (အသားမူန်.)၊ ပဲငံပြာရည် စိတ်ကြိုက်ထည်.ပါ။
- ကြာဇံကျက်လျှင်စားလို.ရပါပြီ။
အချဉ်လေး လုပ်ဦးမလား?
ကြက်သွန်နီလေး ကို ပါးပါးလှီးပြီး သံပရာသီးလေ ညှစ်ပေးလိုက်လေ။

ရှလွတ် ရှလွတ် :P

ရှမ်းခေါက်ဆွဲ (သက်သက်လွတ်)

2:32 AM Posted In Edit This 0 Comments »
ပါဝင်သော ပစ္စည်းများ

၁။ ဆန်ခေါက်ဆွဲ (Kway Teow)
၂။ ပဲငပိ (Chilli bean sauce)
၃။ ခရမ်းချဉ်သီး
၎။ ကြက်သွန်နီ
၅။ ပဲပြား
၆။ ကြက်သွန်ဖြူဆီ

ကြက်သွန်ဖြူဆီချက်နည်း
- ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည်.ကြော်ပါ။

ကြက်သွန်ဖြူ ရွေဝါရောင် သန်းလာရင် မီးဖိုမှ ချပြီး ဆီထဲသို. Black Pepper အမူန်. အနည်းငယ်ထည်.ထားပါ။

ခေါက်ဆွဲ အနှစ်ချက်နည်း
-
ဆီပူလာလျှင် လှီးထာတဲ. ကြက်သွန်နီ ကိုကြော်ပါ။
- ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည်.ကြော်ပါ။
- ပဲငပိ စတီဇွန်း ၂ဇွန်းလောက်၊ ဆား၊ အချိုမူန်.ထည်. ပြီး ရေအနည်းငယ်ရော၍ ခဏအဖုံးအုပ်ထားပါ။
- ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါတယ်။
- ဆီပြန်လာလျှင်ရပါတယ်။

ခေါက်ဆွဲ ပြင်နည်း
- ခေါက်ဆွဲ ကို တပွဲစာ ထည်.ပါ၊
- ဆား၊ အချိုမုန်.၊ ပဲငပြာရည်(ကြာညို.)အနည်းငယ် ထည်.ပါ။
- ကြက်သွန်ဖြူဆီ ထည်.ပါ။
- ခေါက်ဆွဲအနှစ် ထည်.ပါ။
- နောက်ဆုံးမှာ ထောင်းထားတဲ. မြေပဲဆံ ဖြူးပြီး နယ် စားလိုက်ရုံပါပဲ။
- မုန်.ညှင်းချဉ် ထည်.စားလိုက်ရင် တော.ဘာပြောကောင်းမလဲ။ :D

အစမ်းသပ်ခံအသဲနှလုံး

3:51 AM Posted In Edit This 0 Comments »
တေးရေး မင်းချစ်သူ
တေးဆို ဇော်ဝင်းထွဋ်
Auto mp3. Now playing on this blog.

နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်
ပန်းပွင့်များခင်း ကိုယ့်ရင်ခွင်လမ်းအဝေး မင်းရောက်ရှိခိုက်
မညီညာခယောင်းခင်းလမ်းတွေမှာ အဆင်ပြေသလား
ကိုယ်တိုင်စမ်းလျှောက်ကြည့်တော့ မင်းသိပြီနော်
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
---
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
Music
အဖြူရောင်ဆိုတာ အမည်းရောင်တွေကြားထဲ ရောနှောထားမှ ကြည်လင်ပိုထင်ရှားမယ်
တစ်လောကလုံးနဲ့ ကိုယ်တစ်ယောက်တည်းလား
ဘဝနဲ့ရင်းလို့ မင်းကိုပြိုင်ချစ်ရဲသူရှိနိုင်မလား
မထင်ပါဘူး မယုံရင်မင်းစမ်းကြည့်ပေါ့
မတားမြစ်ပါဘူး
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
Music
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး မင်းစိတ်ကြိုက်သုံး
အကောင်းဆုံးထက်ကောင်းမှ မင်းချစ်လိုက်ဦး
---
အစမ်းသပ်ခံအသဲနှလုံး သဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဉ် တို့ကတော့မရှုံး
အစမ်းသပ်ခံအသဲနှလုံး

ရင်တွင်းသံစဉ်

6:40 PM Posted In Edit This 0 Comments »
ဖြောင့်မတ်မှန်ကန်မှူကို လိုလားတောင့်တ
ဘဝတိုက်ပွဲ သတ္တိအပြည့်ရင်ဆိုင်ရဲ၏
အမှန်တရားအတွက်
ရပ်တည်နေသော ကျွန်ုပ်စစ်သည်
အရှင့်ရှေ့မှောက် လက်နက်ချ၍
ဒူးထောက်အရှုံးပေး ဦးချရင်းနှင့်
အချစ်နယ်မြေ နှစ်သက်ကြည်နူး
ဧကန်စင်စစ် ကျွန်ုပ်လူသား
အဘယ်အရာမှ တတ်နိုင်စွမ်းမရှိ
အရှင်သာလျှင်
ပေးကမ်းစွန့်ကြဲ တတ်နိုင်စွမ်း၏
ထာဝရမဟာ ဂရုဏာရှင်ကျေးဇူးရှင်အား
သည်နှလုံးသား ဆက်သပျော်ပါး
ချီးမွမ်းထောပနာခြင်း အပေါင်းနှင့်
သစ္စာခိုင်မြဲခြင်း တို့သည်
အို့အရှင့်အတွက်သာ....။

ကျွန်ုပ်၏ခံစားချက်မှရေးသား ခြင်းဖြစ်သည်
(Just me)

'' ချက်လောက ''

7:50 PM Posted In Edit This 0 Comments »
ဖတ်ပြီးသဘောကျမိလို့
စာဖတ်သူများပျော်ရွှင်စေရန်ဝေမျှလိုက်ပါတယ်။

ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။
ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်
မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊
မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး
ဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း
ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်
ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်
စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း
တုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က
ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့က
မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။
အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)
ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။
အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး
ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်
သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ
စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ
မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ
မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ
ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်
မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ
အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး
ပေါ်ထွက်လာလေ၏။
"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု
၇၆
"hote te lay. Ah lote shote nay de."
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ
အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း
ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊
မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။
ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ
သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်
- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…
တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ
လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက
မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို
စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ
ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့
ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်
တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း
ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-
ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း
ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက
အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -
ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း
လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။
အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်
ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို
ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -
ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -
လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊
မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်
ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း
အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။ ။

(Just me)

မာယာရေကန်နဲ့ လျှို့ဝှက်မျက်လုံး....

12:04 AM Posted In Edit This 1 Comment »




ဒီနေ့ပုံပြင်လေးကတော့ မာယာရေကန်နဲ့ လျှို့ဝှက်မျက်လုံး....
တောနက်ကြီးတစ်နေရာမှာပေါ့ ..... အပြာရောင် ရေကန်ကြီးတစ်ကန်ရှိပါတယ်။ အဲ့ဒီရေကန်ကြီးမှာအပန်းဖြေလာနားတဲ့ငှက်ငယ်လေးတွေ၊ အပျော်ရေလာကစားကြတဲ့ ငှက်ငယ်လေးတွေရှိတယ်လေ။ သူတို့ဟာရေကန်ကိုနေ့တိုင်းလာအနားယူပျော်ပါးရင်း အချင်းချင်းရင်းနှီးလာကြတာပေါ့။ ရေကန်ကြီးမှာဖြူစင်ရိုးသား ပြီးအပြစ်ကင်းစင်တဲ့ ငှက်ငယ်လေးတွေနဲ့ စည်ကားနေသလို ရေကန်ရဲ့တစ်ဘက်မှာလည်းသူတို့ကိုချောင်းကြည့်နေတဲ့မျက်လုံးတွေရှိတယ်ဆိုတာ
သတိမထားမိကြဘူးလေ။ ဘေးအန္တရယ်ကိုလည်း မမြင်ကြရှာဘူး။ ဒီလိုနဲ့ သူတို့ပျော်ပျော်ပါးပါးနဲ့ ရေကစားနေချိန်မှာ ချောင်းနေတဲ့မျက်လုံးစိမ်းကြီးဟာတစ်ဖြေးဖြေးနဲ့သူတို့အနားကိုကပ်ကပ်လာပါ
တော့တယ်။ သဘာဝရဲ့ အလှတရားမှာ သာယာနေပြီး လေပြေလေးရဲ့ သံချိုမြမြနဲ့သီကျူးလာတဲ့ သီချင်းသံသာလေးတွေမှာ ကြည်နူး နစ်မွန်းနေချိန်မှာ မထင်မှတ်ပဲ ရေကန်ကိုကြီးစိုးထားတဲ့မျက်လုံးစိမ်းပိုင်ရှင်တွေဟာ ချုံပုတ်တစ်နေရာမှအရှိန်နဲ့ ရရာငှက်ငယ် လေးတွေကိုကိုက်ချီပြီးရေထဲမှာပျောက်သွားပါတယ်။ တစ်ခြားငှက်လေးတွေကတော့အလန့်တကြားဖြစ်ကာနီးရာသစ်ပင်အကိုင်းအခက်တွေပေါ်
ပျံတက်သွားကြပြီး အတန်ကြာမှ ရေကန်နားပြန်လာပြီးသူတို့သူငယ်ချင်းလေးကိုလိုက်ရှာကြတယ်လေ။
သူတို့ တွေ့ရတဲ့အရာကတော့ငှက်ငယ်လေးရဲ့ နုနုအိအိငှက်မွှေးလေးတွေပဲပေါ့။

ဒီလိုနဲ့ပဲရာသီတွေတစ်ခုပြီးတစ်ခုပြောင်းလဲလာခဲ့တယ်။ နောက်ရာသီသစ်မှာ တစ်ခြားနေရာကငှက်ငယ်လေးတွေ ဒီရေကန်မှာလာပြီးအပန်းဖြေ ပျော်ပါးကြပါတယ်။ အပြစ်မဲ့သူငှက်ငယ်လေးတွေလည်းရေကန်ကြီးရဲ့အလှမာယာမှာငြိတွယ်ရင်း အသက်မဆုံးရှုံးသင့်ပဲရာသီတိုင်းမှာအသက်ဆုံးရှုံးရလေတယ် .....
မောင်နှမလေးတို့ရေငှက်ငယ်လေးတွေအသက်ဆုံးရှုံးနေရတာ မာယာရေကန်ကြီးကြောင့်ပဲလား လျှို့ဝှက်မျက်လုံးကြောင့်ပဲလား ??????

ငယ်ငယ်တုန်းကမြန်မာ့အသံမှ တနင်္ဂနွေနေ့တိုင်း မွန်းတည့်၁၂နာရီမှာလာတဲ့ပုံပြင်လေးတွေပါ။ အတော်လေးကိုပြန်စဉ်းစားယူရတယ်။ :D
(Just me)

နှစ်သစ်မှခံစားချက်

1:54 AM Posted In Edit This 1 Comment »
Happy New Year မှာနှုတ်ခွန်းဆက်စကားတွေ လှိုင်လှိုင် ပြောနေချိန်မှာ တွေ့မြင်ခံစားရတာလေးတွေကို မျှဝေပေးချင်ပါတယ်။ နှစ်သစ်မှာနှုတ်ခွန်းဆက်ဆုတောင်းပေးကြတဲ့ အီမေးနဲ့ဖုန်းတွေလက်ခံရရှိလို့ဝမ်းသာမိပါတယ်။ မေတ္တာနဲ့ပို့ပေးတဲ့သူငယ်ချင်းများကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။

ဇတ်လမ်းလေးကခုမှစမယ်နော်။
အဟမ်းဟမ်း ... သူများနဲ့မတူတဲ့အတွေးတွေကခေါင်းထဲဝင်ဝင်လာတော့ .... ဟုတ်သားပဲ၊ မကြာခင်ကပဲ မြန်မာ Happy New Year နဲ့ ခုလာမဲ့ အင်္ဂလိပ်တွေရဲ့ ၂၀၀၉ ခု နှစ်သစ် အတွက် greeting လုပ်ကြတာနှစ်ခါတောင်ရှိကြပြီနော်။ တစ်နှစ်နဲ့တစ်နှစ်ကလည်းခဏလေးပဲ။ နေပါအုံး ဒီကမ္ဘာကြီးကိုမှီခိုနေကြတာ မြန်မာလူမျိုးနဲ့အင်္ဂလိပ်တွေအပြင်တစ်ခြားလူမျိုးတွေလည်းရှိကြပါသေးတယ်နော်။

ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်တယ် ဘာလို့သူများတွေကိုမေ့နေရတာလဲ။ ငါများ discrimination လုပ်တဲ့လူဖြစ်နေပြီလား။ မြန်မာ New Year နဲ့အင်္ဂလိပ်တွေရဲ့ New Year မှာပျော်ရွှင်နေကြတဲ့အချိန်မှာ တစ်ခြားလူတွေရဲ့ New Year ကျတော့ ဘာဖြစ်လို့ greeting မလုပ်ဖြစ်တာလည်းလို့သတိရပြီးကိုယ်ချင်းစာစိတ်ကဝင်လာတယ်။

ခရစ်တော်ရဲ့မွေးနေ့မှာတောင် Merry Christmas လို့ greeting ကြသေးတယ်။ ဒါဆိုရင်တစ်ခြားလူမျိုးဘာသာတွေရဲ့ celebration တွေမှာကော ကိုယ်ဘာလို့ greeting မလုပ်တာလည်း။ ကိုယ့်ကိုယ်ကိုပြန်မေးမိတယ်။ အင်း ဒီကမ္ဘာမှာမပြည့်စုံတဲ့လူသားတွေမှီခိုနေထိုင်ကြတာမို့ တစ်ခါတစ်လေကျတော့လည်း fair and equal ဆိုတာကောက်ရိုးပုံထဲ အပ်ရှာရသလိုခက်ခဲလှပါတယ်။

အဲဒီတော့သတိဝင်လာတဲ့အချိန်မှာ လူသားချင်းအတူတူ အဖြူအမဲမခွဲခြားပဲ သူ့စိတ်ကိုယ့်စိတ်စာနာထောက်ထားပြီး အားလုံးကိုပျော်ရွှင်နိုင်ကြစေရန် fair and equal ဖြစ်အောင်
လူမျိုးတိုင်း ဘာသာတိုင်းမှာကျရောက်လာတဲ့ နှစ်သစ်များမှနောက်နှစ်ပေါင်း ၁၀၀ တိုင် ကျန်းမာရွှင်လန်း၊ ရတက်အေး၍၊ လိုအင်ဆန္ဒများနှင့်ပြည့်ဝကြပြီး ရင်ထဲမှအချစ်စစ်၊ မေတ္တာစစ်များနှင့်ပျော်ရွှင်နိုင်ကြပါစေ။

မင်္ဂလာနှစ်သစ်ကူးပါ။
Happy New year.
Eid Mubarak.
Happy Chinese New year.
Happy Daywarle.

နောက်ကမ္ဘာပေါ်မှာရှိရှိသမျှလူမျိုး ဘာသာအားလုံး ... WISH YOU A VERY HAPPY NEW YEAR.
(Just me)