ကြယ်တွေစုံတဲ့ည

12:48 AM Posted In Edit This 0 Comments »

ကြယ်တွေစုံတဲ့ည အဝေ့း အိမ်ကိုလွမ်းတယ်
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစေ
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် ပြန်စုံဦးမယ် .....

နာကျင်စွာတစ်ယောက်တည်း
တစ်ရေးနိုးတဲ့ညတို့မှောင်နေဆဲ
အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတဲ့အိပ်မက်ရှည်တွေနဲ့
ကောင်းကင် အမြဲတမ်းသတိရနေတယ်
ရှင်းပြဖို့ပေးပါကွယ်
ကြယ်ပွင့်လေးတွေများရဲ့ အကြောင်းတွေ

ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည
လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက်ပင် နေ့စဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်....

I really like this song.