မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ

2:27 AM Posted In Edit This 0 Comments »
နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်.....ဆက်လက်Forwardလုပ်ပေးပါဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆
နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ
ဝင်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ၀င်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေ၀သ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ရွေ့ပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀၀ ကို အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်းရွေှ့ဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန် သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။
မြန်မာပြည်ရှိ မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ
မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ၀ိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန်ရှိပါသဖြင့်အောက်ပါအချက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

(၁)။ ထိုနေ့မှစ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံး ရပ်နားထားကြရန်။
(၂)။ ထိုနေ့မှစ၍ ကုန်တင်သင်္ဘောများ၊ ခရီးတင်သင်္ဘောများနှင့်စက်တတ်ရေယာဉ်နှင့်
ရေယာဉ်ငယ်အားလုံး ရပ်နားထားကြရန်။
(၃)။ မိမိတို့ရေယာဉ်များအားလုံးကို မုန်တိုင်းလွတ်ရာနေရာများသို့ ပြောင်းရွေ့ထားကြရန်။
(၄)။ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များကို မုန်တိုင်းဒီရေလွတ်သောနေရာနှင့် လုံခြုံမှုရှိသောနေရာများသို့ အခုကတည်းက ရွေ့ပြောင်းထားရှိကြရန်။
(၅)။ သက်ဆိုင်ရာမြို့နယ်ဆေးရုံ၊ ဆေးပေးခန်းအားလုံး အဆင်သင့်အနေအထားတွင် ထားရှိကြရန်။
(၆)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ပြိုလဲရန်လွယ်ကူသော အိမ်များ၊ သစ်ပင်ကြီးများအောက်တွင် မနေကြရန်။
(၇)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အကြောက်မလွန်ကြရန်နှင့် အန္တရာယ်ရှိသူများကို ကြိုးစားပြီးကယ်တင်ပေးကြရန်။
(ဂ)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း လျှပ်စစ်ဓါတ်မဟာလိုင်း၊ ရိုရိုးဓါတ်အားလိုင်းများအားလုံး
ပိတ်ထားကြရန်။ မလိုအပ်ပဲ ဓါတ်တိုင်များအောက်သို့ မသွားရောက်ကျရန်။ ပြတ်ကျနေသော
ဓါတ်ကြိုးများကို သွားရောက်ကိုင်တွယ်ခြင်း မပြုကြရန်။
(၉)။ သက်ဆိုင်ရာမြို့နယ်များမှ မုန်တိုင်းသတိပေးချက်ကို ပြည်သူများသိရှိစေရန်အတွက် အကြိမ်ကြိမ် အထူးသတင်းအဖြစ် သတိပေးကြေညာပေးရန် လိုအပ်သည်။
(၁၀)။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မလိုအပ်ပဲအပြင်သို့ လုံးဝမထွက်ကြရန်။

****ယခုလို သတိပေးဖေါ်ပြပေးသော ကိုဟီရိုးနိုင်အား အထူး ကျေးဇူးတင်ရှိပါသည်။ *****

From forward mail.

သင်္ကြန်သမိုင်းအကြောင်း

3:46 PM Posted In Edit This 1 Comment »
သင်္ကြန် သမိုင်း ....ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။သင်္ကြန်မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ်ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။

အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန်ဓါကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန်ဓါကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။

ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
အကြိုနေ့သင်္ကြန်အကြိုနေ့နဲ့ ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။

အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။အကျနေ့ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ်ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ်ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ
ဝါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။

ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ..
- မြန်မာတွေ မေတ္တာတရားများပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ
- သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ
- ဘေးကင်းရန်ကွာကြပါစေ
- ရန်သူမျိုးငါးပါး အထူးသဖြင့် မင်းဆိုးမင်းညစ်ရဲ့ ရန်မှ ကင်းဝေးကြပါစေ
- နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

Special thanks to Ko Asoka.