ဦးနှောက်တွင်း မှတ်ဥာဏ် သိုလှောင်မှု လေ့လာချက်

3:16 AM Posted In Edit This 0 Comments »

[insert caption here]

ပုံရိပ် ရိုက်ကူးတဲ့ ကင်မရာပညာသစ်တွေ တိုးတက်လာတာနဲ့အမျှ လူ့ဦးနှောက်နဲ့ပတ်သက်လို့ လျှို့ဝှက်ချက်တွေ ဦးနှောက်အလုပ်လုပ်ကိုင်မှုတွေကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်လာနိုင်ကြပါတယ်။ ဒီနည်းပညာတွေထဲမှာ နောက်ဆုံး အတိုးတက်ဆုံးနည်းပညာကတော့ fMRI လို့ခေါ်တဲ့ သံလိုက်စက်ကွင်းနဲ့အသံလှိုင်းအသုံးပြုပြီး ပုံရိုက်ယူတဲ့ စက်ပစ္စည်းပါ။ သုတေသီတွေဟာ ဒါကို အသုံးပြုပြီး လူရဲ့ လှုပ်ရှားမှုပြုမူချက်ကွဲလွဲတာနဲ့ ဦးနှောက်ထဲ သွေးစီးဆင်းလည်ပတ်မှု ဘယ်လို ပြောင်းလဲသွားသလဲဆိုတာကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

မှတ်ဥာဏ်တွေ ဖန်တီးတဲ့ ဦးနှောက်နေရာမှာပဲ မှတ်ဥာဏ်အသိဥာဏ်တွေကို သိမ်းဆည်းထားတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီ မှတ်ဥာဏ်တွေကို ဖန်တီးမှုရှိတဲ့ ဦးနှောက်နေရာတခုကို Hippocampus လို့ အသိများပါတယ်။

ဒီလေ့လာချက်နဲ့ပတ်သက်လို့ အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ http://www.voanews.com/burmese/archive/2009-02/2009-02-04-voa6.cfm တင်ဆက်ထားပါတယ်။
Copy from voanews.

အသက်ရှည်ရာ ရှည်ကြောင်း နည်းလမ်းကောင်းများ

2:37 AM Posted In Edit This 0 Comments »
Fulfilling relationships also can help women improve their mood and their heart health

ကမ္ဘာမှာ အသက်ရာကျော်နေရတယ်ဆိုတာ ရှားရှားပါးပါးဖြစ်ရပ် မဟုတ်တော့ပါဘူး။ လူသက်တမ်းစောင့်ကြည့်အကဲခတ်သူတွေရဲ့ အဆိုအရ ကမ္ဘာမှာ အသက်ရာကျော်ဘိုးဘိုးဘွားဘွား တိုးများသထက် အလျင်အမြန် တိုးပွားလာနေပါတယ်တဲ့။

အသက်ရာကျော် ဘာကြောင့်နေနိုင်သလဲ အခြေခံကျတဲ့မေးခွန်းတွေကို အဖြေရှာနိုင်ဖို့ လူ့သက်တမ်းနဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုတွေက ကြိုးစားနေပါတယ်။ အသက်ရာကျော်နေရတဲ့ ရာကျော်ဘိုးဘိုးဘွားဘွားတွေဟာ သာမန်သူတို့ခေတ်ပြိုင်တွေထက် ဘာကြောင့် အသက်ရှည်ရသလဲ ဘာတွေ ကွားခြားသလဲ ဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

အသက်ရာကျော်နေထိုင်သူအားလုံးမှာ အဓိကထင်ရှားတဲ့အချက်ကတော့ လက်ရှိဘ၀အပေါ် ပျော်ပျော်ရွှင်ရွင်နှစ်ခြိုက်လိုလားတာ၊ လူ့ဘ၀ကို ခုံခုံမင်မင်နေထိုင်လိုစိတ်ရှိတာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတာ၊ ဘ၀ကို ခုံမင်နှစ်လိုစိတ်ထားတာ၊ အရာရာအပေါ် အပြုစိတ် ထားတာတွေဟာ အသက်ရာကျော် ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းဆိုတာ အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

copy from http://www.voanews.com/burmese/2009-03-18-voa5.cfm

The Winner

7:38 PM Posted In Edit This 0 Comments »
ဇွဲကိုလမ်းခင်း
သတ္တိကိုအဖော်ပြု
ခန္တီတရားကိုလက်စွဲကိုင်
ဆူးခင်းသောလမ်းကိုဖြတ်၍
ပန်းခင်းသောလမ်းကိုလျှောက်ကာ
ရည်ရွယ်ရာပန်းတိုင်မှ
အောင်လံကိုဆွတ်ခူး......

(Just me)

မျှော်လင့်ခြင်း

10:59 PM Posted In Edit This 1 Comment »
ဒီနေ့ပုံပြင်လေးကတော့မျှော်လင့်ခြင်းဖြစ်ပါတယ်။ ဖတ်ရှူခံစားကြည့်ကြပါ။

ဟိုရှေ့ရှေ့တုံးက နတ်ဆိုးကြီးတစ်ပါးရယ်၊ နတ်ကောင်းကြီးတစ်ပါးရယ်ရှိတယ်တဲ့။ နတ်ဆိုးကြီးဆိုးတာက လူတွေကိုဒုက္ခပေးတာပေါ့။ နတ်ကောင်းကြီးကလူတွေကို ကူညီပေးတယ်လေ။ နတ်ဆိုးကြီးက မီးကိုဖန်ဆင်းရင်၊ နတ်ကောင်းကြီးက ရေကိုဖန်ဆင်းတယ်။ နတ်ဆိုးကြီးက ရောဂါကိုဖန်ဆင်းရင်၊ နတ်ကောင်းကြီးက ဆေးကိုဖန်ဆင်းတယ်။ သူတို့ ၂ ယောက်ကလည်း လုံးဝမတည့်ကြဘူး။

ဒါပေမဲ့ ကံကြမ္မာက မျက်စိလှည့်လည်လိုက်ပုံများ နတ်ဆိုးကြီးရဲ့သ္မီးနဲ့ နတ်ကောင်းကြီးရဲ့သားက ချစ်ကြိုက်နေကြလေပါကော။ သူတို့ကလည်း လူတွေလိုပဲ မိဘတွေသဘောမတူလို့ ခိုးပြေးကြတာပေါ့။

နတ်ဆိုးကြီးကအရမ်းပါးနတ်တယ်ဆိုတော့ သူ့သ္မီးရဲ့မင်္ဂလာပွဲကိုသဘောမတူပေမဲ့လည်း လက်ဆောင်အဖြစ်နဲ့ သေတ္တာလေးတစ်လုံးကိုပို့ပေးလိုက်တယ်။ အဲဒီသေတ္တာလေးကို ပန်ဒိုရာသေတ္တာလို့ခေါ်တယ်။ အဲဒီပန်ဒိုရာသေတ္တာထဲမှာဘာပစ္စည်းတွေပါတယ်ဆိုတာ သိတဲ့နတ်ကောင်းကြီးက ဒီသေတ္တာလေးကိုဘယ်တော့မှဖွင့်မကြည့်ရအောင်ဆိုပြီး အမြဲတမ်းခတ်ထားဖို့အတွက်သော့လေးတစ်လုံးလက်ဆောင်ပေးတယ်တဲ့။

ဒါပေမဲ့နတ်ဆိုးကြီးကတော့ အေးဆေးပါပဲ။ သူ့သ္မီးရဲ့စိတ်ကိုသူသိတယ်လေ။ ဘယ်လောက်ပဲဖွင့်မကြည့်ဖို့ပြောပြော ဘယ်လိုပဲသေတ္တာလေးကိုပိက်ထား ပိက်ထား ဖွင့်ကြည့်ချင်မှာပဲတဲ့။ အဲဒါလည်းသဘာဝပဲပေါ့ စာဖတ်ပရိတ်သတ်ကြီးရယ်။

နတ်သ္မီးလေးကိုလည်းအတန်တန်တားထားတဲ့ကြားကနေပြီးတော့ နတ်သားလေးအလစ်မှာသော့ကို မရမက ရအောင်ခိုးပြီးတော့ သေတ္တာလေးကိုဖွင့်လိုက်ပါလေကောတဲ့။ သေတ္တာလေးကိုဖွင့်လည်းဖွင့်လိုက်ကော သေတ္တာထဲကနေပြီးတော့ အမုန်းတွေ၊ သောကတွေ၊ ရန်ညှိုးတွေ၊ မျက်ရည်တွေဟာ လူ့လောကကြီးကိုထွက်ကျလာပါလေရောတဲ့။အဲဒီသေတ္တာလေးကိုမဖွင့်ခင်မှာ လူ့လောကကြီးမှာ ခုဏကပြောတာတွေတစ်ခုမှမရှိဘူးတဲ့။

အဲဒီအချိန်မှာနတ်သားလေးကအမြန်ပြန်ရောက်လာပြီးတော့ သေတ္တာလေးကိုဖွင့်နေတာလည်းတွေ့ရော မဖွင့်နဲ့ဆိုပြီးအမြန်ပြန်ပိတ်လိုက်တယ်။ အပိတ်မြန်ပေလို့ပဲ အဲဒီသေတ္တာလေးထဲမှာနောက်ဆုံးတခုပဲကျန်ခဲ့တယ်တဲ့။ တော်ပါသေးရဲ့အဲဒီတစ်ခုကျန်ခဲ့လို့ လူတွေဟာခုဏကဒုက္ခတွေကိုခံနိုင်ရည်ရှိသွားတယ်။

အဲဒီပစ္စည်းလေးကဘာလည်းဆိုတော့ မျှော်လင့်ခြင်းတဲ့။ လူဆိုတာက မျှော်လင့်ခြင်းနဲ့ပဲအသက်ရှင်နေရတာလေ။ ချစ်သူနဲ့ဝေးသွားတဲ့လူကလည်း သူ့ ချစ်သူတစ်နေ့ကျရင်ပြန်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ ငိုနေတဲ့လူကလည်း တစ်နေ့ကျရင်အငိုတိတ်သွား လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ ရန်ညှိုးတွေနဲ့တွေ့နေတဲ့လူကလည်း တစ်နေ့ကျရင်ရန်ညှိုးတွေ အေးသွားလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်။ အဲဒီလိုမျှော်လင့်ချက်တွေနဲ့ လူတွေအားလုံးဟာ အသက်ရှင်နေရတာလေစာဖတ်ပရိသတ်ကြီးရယ်။

ကျွန်ုပ်ရဲ့မျှော်လင့်ချက်ကတော့ လူ လူချင်းအရောင်မခွဲပဲချစ်နိုင်ကြဖို့ပါပဲ။
စာဖတ်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။
မြန်မာ ရိုမီအို-ဂျူလီယက် ကားထဲမှမှတ်ယူရေးသားဖော်ပြလိုက်ပါသည်။
ကျေးဇူးကမ္ဘာ။