သေခြင်းမတိုင်ခင် (It's make me smile)

12:09 AM Posted In Edit This 0 Comments »
လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက်
အစာရေစာငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။
ကျားကြီးကတစ်ချက်ဟိန်းပြီး ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့်
ပြေးပါတော့တယ်။ အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေး
လိုက်လာနေတယ်။ နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။ စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ
အသံတချို့ ကြားရပြန်တယ်။ ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။
ရုတ်တရက် တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။ စိတ်ပြန်လည်ငြိမ်သက်သွားတော့
ဘေးပတ်ပတ်လည်မှာ ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခုရှာပြီး သေချာ ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံးကိုမတွေ့ရတော့ဘူး။
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ ကမ်းပါးပေါ်က ခုန်ချလိုက်တဲ့ကျားနဲ့
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျိုးထားနိုင်မှသာ ဘ၀ရဲ့ ချိုမြိန်တဲ့
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

BeautyMax Magazin မှ မောင်မောင်လှိုင် ၏ စာပုဒ်လေးပါ။
Copy from forward mail.

ဆောင်းအိပ်မက်

1:28 AM Posted In Edit This 0 Comments »
ဆောင်းအိပ်မက်မှ
ချစ်ပန်းတစ်ပွင့်
မြတ်မြတ်နိုးနိုး
ရှူရှိုက် ပွေ့ဖက်
ကျောက်ဆောင်နှလုံးသား
နူးညံ့စေသော
မာယာလေညှင်း
လိုရာတိုက်ခတ်
ကြည်နူးမှူများ
ရွက်လွှင့်နေစဉ်
ရုတ်တရက် လန့်နိုး
အော်....... မွှေးမျိုးလှိုင်သာ
ချစ်ပန်းရနံ့
အိပ်မက်ကယ်နှင့်
ကျန်ခဲ့လေ၏...

(အိပ်မက်ချစ်သူ)

ချစ်သူများနေ့ပေါ်ပေါက်လာပုံ သမိုင်း

3:09 AM Posted In Edit This 4 Comments »
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။
(Submit from forward mail. Thanks to writer)

ငါ

9:46 AM Posted In Edit This 1 Comment »
ငါ့မှာလည်းငါ၊ သူ့မှာ ငါနဲ့
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့် ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါ ဒုက္ခပေး၊ ငါ မအေး၍
ငါ အေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါ ကောင်းကိုရှာ၊ ငါ ဆိုးခွါသော်
ကွာလေသည် သို့၊ ဖြစ်သမြို့လည်း
ခေါင်းလျှို့ ကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမွေ မခြား၊ နှဲသံကြားလျှင်
ပါးပျဉ်း ထောင်လျက်၊ ငါသည်ထွက်၏။
အို-ဖွားဖက် ငါ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း၊ အားအန် စမ်းအံ့
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့်
ငါမူ ငါ့ကို အောင်မည်လော
ငါ့ကို ငါက အောင်မည်လော။
(ဆရာမင်းသုဝဏ်)

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု

3:43 PM Edit This 0 Comments »

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု ဂေါပကအတွင်းရေးမှူးငြင်းဆို
မင်းနိုင်သူ/ ၉ ဖေဖော်ဝါရီ ၂၀၀၉

ရွှေတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက်ပေးထားသည်ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။

ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ" ဟု ဦးဝင်းကြိုင်က ပြောသည်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ
"ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်" ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ဘဏ်တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများတွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

ယောက်ျား မိန်းမ အဘိဓာန် 2

7:13 PM Edit This 1 Comment »
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8.ဖစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
(Writer say : တကယ်ကိုယ်တွေ့အလုပ်ဖြစ်တဲ့ အချက်အလက်လေးတွေမို့ ပြန်မျှဝေတာပါ)
ဖတ်ပြီးသဘောကျမိလို့
စာဖတ်သူများပျော်ရွှင်စေရန်ဝေမျှလိုက်ပါတယ်။
(from forward mail)

ပန်းမာလာ ဥယာဉ်

2:15 PM Edit This 0 Comments »
အခါတစ်ပါး၌
အလွန်သာယာလှပသော ပန်းဥယာဉ်သည်
တစ်ဘက်ကမ်း
မှ မြင့်မိုရ်တောင်တွင် တည်ရှိ၏။
ထိုအခါဝယ်
ကျွန်ုပ်တွင် လှေတစ်စင်းရှိ၏
သို့သော် တက်မ မရှိ။
အားနွဲ့သောလက်တစ်စုံသည်
ကာလကြာ တက်မတစ်စုံကိုဖန်တီး၏။

၎င်းလှေအား ခန္တီပင်လယ်၌ လှော်ခတ်
ထိုဥယာဉ်သို့ရောက်သော်
လှရောင်စုံ ပန်းမာလာများကို
ပွေ့ပိုက်ရှူရှိုက်၏

သို့သော် ရနံ့ မရှိ။

ဤပထဝီမြေဝယ်
အဘယ်ဥယာဉ်သည်
ချစ်ခြင်း၊ မေတ္တာ၊ ကရုဏာနှင့်
မွှေးကြိုင် ဝေဆာနေသော

မိဘ၏ ပန်းမာလာ ဥယာဉ်လောက်

အဘယ်သာ အေးမြသာယာပါအံ့နည်း .....။