အချစ်နဲ့အဖြစ်

7:55 PM Posted In Edit This 3 Comments »
ယောက်ျား မိန်းမ
နီး စပ်ပါများ
အချစ်တွေရင်မှာပွါး
ချစ်စ ကြိုက်စသဲသဲတုံ
ပျားရည်ထက်တောင်ချို
အချစ်၊ အနစ်၊ အပြစ်မမြင်
နီးစပ်ဖို့သာပြင်
ရေခြား၊ မြေခြား၊ စည်းတွေခြား
မောလှပါပေါ့လား
ဆန္ဒစောလေသောကဝေ
ရတက်လောင်ကျွမ်းနေ
ခက်ခဲနေမှန်း ထင်ထင်ရှား
လမ်းခွဲဒဏ်ရာများ
ကြေကွဲမှူမှာနစ်မွန်းနေ
အို့ မောင်နှမတို့ရေ
အဆိုးတစ်ဘက်မှာ
အကောင်းရှိသေး
မော်ကာရှူလေ ထိုရှေ့ရေး
ယနေ့ကထက် နံနက်ဖြန်
ရင့်ကျက်မှူတွေ များပြားလာ
လောဘ၊ မာနမဝင်စေရန်သတိပေး
အောင်မြင်မှူသည်
သင်နှင့်မဝေး......။

မောင်ငယ်ညီမငယ်များအားလုံး လိုအင်ဆန္ဒများနှင့်ပြည့်ဝကြပါစေ။
မေတ္တာရှေ့ထားလျှက်။
(Just me)

အလွမ်းစံပယ်

3:35 AM Posted In Edit This 6 Comments »
မိုင်ပေါင်းရယ်တဲ့သုံးထောင် ဝေးကွာလှပေါင်
ငွေနှင်းရောင်တိုင်းတစ်ပြည်မှ ချစ်သ္မီးရတနာ
ဖခင်ရှိရာအရပ်ဆီသို့ တမ်းကာရှူလျှက်
တစ်သက်သက်လျှင် ငှက်လိုသာပျံချင်
မတတ်ပင်နှင့် အလွမ်းစံပယ်
သီကုံးကာရယ် ချစ်ခြင်းမေတ္တာအဖြာဖြာကို
ပေးဆပ်ခဲ့သူ ချစ်ဖခင်အား
သုခချမ်းသာ ကျန်းမာရွှင်လန်း
ရတက်အေး၍ ဝေးစေသောက
လိုရာဆန္ဒ ပြည့်ဝစေရန်
အရှင့်ထံ၌ တောင်းဆုပန်သည်
အလွမ်းစံပယ် ရနံ့ကြိုင်သင်း
ပိတာဖခင် အို့နှလုံးသားဆီသို့
ကူးခပ်ပါစေသား....။
ဖေဖေတစ်ယောက် ကဗျာလေးဖတ်ပြီးဘယ်လိုခံစားရမလဲနော်.....
(Just me)

.. ဒီကဗျာလေးဖြစ်မြောက်အောင်ဝိုင်းကူပေးတဲ့ ကဲကဲလေး ကိုအထူးပဲကျေးဇူးတင်ပါတယ်။..

မုန့်တီသုပ်အမဲသားကျော်

2:18 AM Posted In Edit This 0 Comments »
ဒီညနေစာဘာချက်ရမလဲနော်...။ ပြီးခဲ့တဲ့အပတ်ကပဲ မြန်မာမုန့်ဟင်းခါးစားပြီးပြီ။ ဒီတခါအထူးအဆန်းလေးလုပ်စားချင် တဲ့အတွေးကဝင်လာတယ်။ Thai buffet စားခဲ့တာသွားသတိရတယ်.
ဟုတ်ပြီမုန့်တီသုပ်လုပ်စားမယ်။ Thai buffet မှာထ္မင်းဟင်းတွေစားပြီးရင်မုန့်တီသုပ်စားကြတယ်။ ခုစမ်းလုပ်ကြည့်ရအောင်နော်။
ပြင်ဆင်ရန်ပစ္စည်းများ
၁၊ မုန့်ဟင်းခါးဖတ်ကိုခရုခွေလိုတစ်လုတ်စာစီခွေပါ။
၂၊ ငံပြာရည်၊ ငရုတ်သီးအနီပါးပါးလှီး၊ သကြားလက်ဖက်ရည်ဇွန်းနဲ့ ၅ ဇွန်း၊ ငရုတ်သီးအစပ်မှုန့် ၊ ကြက်သွန်ပါးပါးလှီး၊ ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ် အားလုံးကိုရေနွေးအနည်းငယ်ထည့်ပြီပျစ်ပျစ်လေးဖျော်ပါ
၃၊ သံဘူးနာနတ်သီး
၎၊ အုန်းနို့ဘူးတစ်ဝက်ကို ကျိုချက်ပါ။
၅၊ ပုဇွန်ခြောက်မှုန့်
၆၊ သံပုရာသီး
၇၊ သီဟိုဠ်စေ့
၈၊ ငရုတ်သီး အစပ်မှုန့်
မုန့်တီသုပ်တစ်ပွဲအတွက် မုန့်ဟင်းခါးဖတ် ၃-၄ ခွေ၊ ငံပြာရည်နဲ့အစာကိုလက်ဖက်ရည်ဇွန်းနဲ့ ၁-၂ ဇွန်း၊ နာနတ်သီးအစိတ် ၅ စိတ်၊ အုန်းနို့လက်ဖက်ရည်ဇွန်းနဲ့ ၂-၃ ဇွန်း၊ ပုဇွန်ခြောက်မှုန့်လက်ဖက်ရည်ဇွန်းနဲ့ ၂-၃ ဇွန်း၊ သံပုရာရည်၊ သီဟိုဠ်စေ့ ၆ စေ့၊ ငရုတ်သီး အစပ်မှုန့် အနည်းငယ် ထည့်ပြီးသုပ်ပါ။ ၏တွင်မုန့်တီသုပ်တစ်ပွဲရပါပြီ။ မုန့်တီသုပ်ကိုအမဲသားကျော်နဲ့စားရင်ပိုမြိန်ပါတယ်။
(Just me)

ဘဲကင်ဟင်း

11:59 PM Posted In Edit This 2 Comments »
ဒီတစ်ခါ ဘဲကင်ဟင်းစပ်စပ်လေး ချက်စားရအောင်နော်
ဟင်းအတွက်ပါဝင်သောပစ္စည်းများ
၁. အုန်းနို့ သံဘူးတစ်ဝက်
၂. Thai red curry paste ၅၀ ဂရမ် တစ်ထုပ်
၃. ဘဲကင်ရင်အုံသား ၁၅၀ ဂရမ် ၂ ခြမ်း
၎. ဆီ ထမင်းစားဇွန်းနဲ့ ၂ ဇွန်း
၅. ရေ ၂ ခွက်
၆. နာနတ်သီးအစိတ်သေးသေး ဖန်ခွက်တစ်ဝက်
၇. အစေ့ထုပ်ထားသောစပျစ်သီး ဖန်ခွက်တစ်ဝက်
၈. ခရမ်းသီးအစိမ်းအလုံးသေး ဖန်ခွက်၏လေးပုံတစ်ပုံ
၉. ငံပြာရည် ထမင်းစားဇွန်းနဲ့ ၁ ဇွန်း
၁၀. ကြံသကာ လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်း
၁၁. ငရုပ်သီးတောင့်အနီ ၄-၅ တောင့်ကိုအမြှောင်းမြှောင်းလေးလှီးပါ
၁၂. ပင်စိမ်းရွက် အနည်းငယ်
၁၃ ခရမ်းချဉ်သီး အလုံးသေး ၅-၇ လုံး

ချက်ပြုတ်နည်း
၁. ဘဲကင်ရင်အုံ ကို 4 cm. အထူလှီးပါ
၂. ဒယ်အိုးမှာဆီအပူပေးပါ။ Thai red curry paste နဲ့ အုန်းနို့ ဘူးတစ်ဝက်ကိုအနံ့မွှေးလာတဲ့အထိထည့်မွှေပါ။
ရေထည့်ပြီးဆူတဲ့အထိတည်ထားပါ။
၃. နာနတ်သီးနဲ့ခရမ်းသီးကိုထည့်ပြီး ဟင်းရည်ဆူလာတဲ့အထိထားပါ။
၎. ငံပြာရည်နဲ့ကြံသကာကိုထဲ့ပါ။
၅. ခရမ်းချဉ်သီး ပင်စိမ်းရွက်နဲ့ငရုပ်သီးအမြှောင်းလေးတွေကိုထည့်ချက်ပါ။ ဤတွင်ပြီးပါပြီ။

ဘဲကင် ဟင်းစပ်စပ်လေးကို ထ္မင်းပူပူလေးနဲ့ မြိန်မြိန်ရှက်ရှက်စားသုံးနိုင်ပါတယ်။ ချက်ပြီးရင်လည်းခေါ်ကြအုံးနော်။ လာစားမယ်။ : D
(Just me)

First food love

1:55 AM Posted In Edit This 2 Comments »
ယခုခေတ်ကာလတွင် ကမ္ဘာ့လူဦးရေတစ်နှစ်ထက်တစ်နှစ်
တိုးတက်များပြားလာသည်နှင့်အလျှောက် အလုပ်လက်ကိုင်ရှိသူများမှာလည်း နံနက်အိပ်ယာထမှအိပ်ယာဝင်အထိစက်ရုပ်ပမာအလုပ်များနေကြရသည်။ အမြန်အိပ်ယာထ၊ အမြန်ရေချိုး၊ အမြန်စား ၊အမြန်သွား၊ အမြန်လာနှင့်အချိန်ကိုတန်ဘိုးရှိရှိအသုံးချရင်းစားဝတ်နေရေးအတွက် လုပ်ကိုင်ကြိုးပမ်းနေကြရပါသည်။
တချို့သောသူများတွင်တစ်နေ့ လျှင်၂၄ နာရီပင်မလုံလောက်ကြပါဘူး။
ယခုလိုအချိန်နှင့်လုနေရသောခေတ်တွင် လတ်တလောဆာလျှင်စားသောက်နိုင်ရန် အတွက် Fast food များအမျိုးမျိုး
ပေါ်ပေါက်လာတာထင်ထင်ရှားရှားပင်ဖြစ်သည်။ Fast food များသည်
fresh food များလိုအာဟာရမပြည့်စုံသော်လည်း အလွယ်တကူရှာဖွေဝယ် ယူ စားသောက်နိုင်သဖြင့် အလုပ်သမားအများစုမှီခိုအားထားရသောနေရာဖြစ်ပါသည်။ အိမ်အပြန်မောမောနဲ့မချက်ပြုတ်နိုင်လျှင် ထို fast food ဆိုင်မှဝယ်ယူသွားကြသည်။
ချစ်သူစုံတွဲများသည်အလုပ်ချိန်ပြီးလျှင် fast food ဆိုင်မှာချိန်းတွေ့ကြသည်။ ရုပ်ရှင်ကြည့်ပြီးအစာပြေ ဒီ fast food ဆိုင်ပဲပြန်ဝင်စားရသည်။ ယခုလိုအမြန်ရထားမောင်းနေရသောခေတ်တွင် အောင်မြင်မှူ အသီးသီးအတွက် ဘဝရည်မှန်းချက်မြင့်မြင့်ထားကြသော သူများမှာအစွမ်းကုန်ကြိုးစားနေကြရသည်။ ရည်မှန်းချက်ပန်းတိုင်မရောက်သေးခြင်း ချစ်သူ၂ ဦးမှာလည်း လက်ချင်းခြိတ်၍မင်္ဂလာခမ်းမကိုဝင်ရန်အချိန်တွေစောင့်ပြီးရင်းစောင့် နဲ့ စိတ်မောတဲ့စုံတွဲကလည်းမောကြပေါ့။ အချစ်ဒီကရီများမြင့်သထက်မြင့်လာကြတော့ fast food လိုပဲအမြန်အတူတူနေကြပါလေယော။

Fast food များသည်အနံ့မွှေးသည်။ချက်ချင်းစားသုံးလို့ရသည်။ သို့သော် စားပါများလျှင် အာဟာရနည်းသည်၊ ငြီးငွေ့လာတတ်သည်။ သည်လိုပဲတစ်ချို့ချစ်သူစုံတွဲများမှာလည်းအတူတူနေရင်းနှင့် fast food life မှ ငြီးငွေ့ပြီး fresh food life သို့ ကူးပြောင်းချင်ကြသည်။ ဘဝမုန်တိုင်းကိုမခံနိုင် သဘောထား ခြင်းမတိုက်ဆိုင် ညှိနှိုင်းလိုမရကြသည့်အဆုံးမှာ bye ကြတာပေါ့။ Fast food လိုအချစ်ကလည်း easy come easy go ပဲလေ။

ဘဝမုန်တိုင်းကို၂ ဦးစလုံးကြံ့ကြံ့ခံ၍ တစ်ဦးအပေါ်တစ်ဦးနားလည်ပြီး အမှန်သည်းခံတတ်သောသူများမှာ အောင်မြင်မှူများနှင့်အတူ ဘဝက look fresh ဖြစ်နေတာပေါ့။ Life ကလည်း fresh, love ကလည်း fresh နဲ့ ဘဝရင့်ကျက်မှူဘွဲ့ကိုကိုင်ဆောင်ရင်း ဘဝခရီးလမ်းကိုတည်ငြိမ်စွာလျှောက်လှမ်းသွားကြပါတယ်။

အောင်မြင်မှူများရရှိရန်အတွက် သေသေချာချာမြေဩဇာချပြီးပြုစုပျိုးထောင်ကာ နွေ မိုး ဆောင်း များစွာကိုစိတ်ရှည်ရှည်နှင့်
စောင့်နိုင်မှသာလျှင်ဖြစ်နိုင်ပါမည်။

လူအများစုတွင်ဘဝအခက်အခဲကြုံတွေ့လာလျှင် ဦးစွာအလျှင်သင့်ကြောင့်၊ သူ့ကြောင့်၊ ဆိုပြီးအပြစ်တင်တတ်ကြတယ်။ နောက်ဆုံးဘုရားပါမချန်ကြပါ။ ကိုယ်မှားသွားလို့
ငါ့ကြောင့်ဆိုတာနောက်မှသတိရတတ်သည်။
စာရေးသူ၏ အဖေပြောပြဖူးသောအကြောင်းတစ်ရပ်ကိုသတိရ၍ စာဖတ်သူများကိုပါမျှဝေလိုက်ပါသည်။ အဖေ ခလေးဘဝကပေါ့လေ သူငယ်ချင်းများနှင့်အတူဘောလုံးကန်ကြသည်။ ဘောလုံးကန်စမို့ညအိမ်
ပြန်ရောက်သောအခါ ခြေထောက်ကြွက်သားများကိုက်ခဲလေသည်။ ဝေဒနာပိုခံစားရသောအခါ ''အမေလေးနော့နာတယ်ဗျ'' လို့အော်ပါလေကော။ ထိုအခါအဖေ၏အဖွားဖြစ်သူက မင်းအမေလုပ်လို့ခြေထောက်ကိုက်တာမဟုတ်ဘူး၊ မင်းဘာသာဆော့ပြီးကိုက်တာ ''အမေလေးနော့လို့မအော်နဲ့ ငါရေးနော့လိုအော်'' တဲ့ :D ၊ လူတွေမှာလဲ တစ်ချို့သောပြသနာပုစ္ဒာများကို ကိုယ်တိုင်သယ်ဆောင်လာကြတာဖြစ်ပါတယ်။

ထို့ကြောင့်ပျက်အစဉ်ပြင်ခဏစကားပုံလေးကို အသုံးချကြည့်လျှင် ကိုယ့်အတွက်ကောင်းသောအကျိုးခံစားရပါလိမ့်မယ်။

Fast food နှင့်တူသောအချစ် လွယ်လွယ်ချစ် လွယ်လွယ်ပြစ် မဖြစ်ကြရရန်၊ ဘဝတိုးတက်ကြီးပွါးကြရန်၊ စစ်မှန်သောအချစ်၊ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ ရရှိကြရန် ယခုဖြတ်သန်းနေသောအချိန်တွင်
သေသေ ချာချာ လေ့လာကြပါရန်အကြံပြုချင်ပါသည်။ လူ့ဘဝတွင် အောက်ခြေခိုင်မှ မားမား မတ်မတ် ရပ်တည်နိုင်ပါမည်။
စာဖတ်သူများလည်း fresh food ကိုသာစားသုံးနိုင်ကြပါစေ။
မေတ္တာရှေ့ထားလျှက်။
(Just me)

ကျေးဇူးရှင်...

10:36 PM Posted In Edit This 5 Comments »



အိမ်ရှေ့ပန်းခြံ လရောင်အောက်ဝယ်
တဖျတ်ဖျတ်တောက်ပ ရေကန်ကြည်ကို
ငေးမောကြည့်ကာ ငယ်စဉ်ဘဝသတိရလာ....
နှူတ်နှင့်မပြော နှလုံးသားနှင့်ပြောချင်.....
ချိုမြသံသာ ကြားယောင်မိတယ်
ဂရုဏာမျက်ဝန်း မြင်ယောင်မိတယ်
နွေးထွေးရင်ခွင် တမ်းတမိတယ်
နူးညံ့လက်သွယ် တွေ့ချင်သေးတယ်
မေတ္တာထီးအောက် ခိုလုံခဲ့တာ လွမ်းစွတ်မိတယ်
ဒီတစ်သက်မှာအချစ်ဆုံးမို့
အလုံခြုံဆုံး နှလုံးသားတစ်နေရာမှာ
သိမ်းထားတယ်နော်......
၁၈ နှစ်တာကြာခဲ့သော်လည်း
အတိုင်းမသိကြီးမားလှသော ကျေးဇူးများကို သတိရလျှက်
ဆုမွန်ကောင်းများနှင့်အတူ ကုသိုလ်ကောင်းများနှင့်
ကျေးဇူးဆပ်လိုက်ပါတယ်..
အိုမွေးမိခင် ကျေးဇူးရှင်.......

(Just me ၏ မိခင်ကိုရည်စူးပြီးဒီကဗျာလေးကိုရေးလိုက်တာပါ။ မိခင်ပေးဆပ်ခဲ့တဲ့ ချစ်ချင်းမေတ္တာတွေဟာ အရမ်းကိုကြီးမားလှပါတယ်။ ကိုယ်အရွယ်ရောက်ပြီးကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်တဲ့အချိန်မှာ ကိုယ့်မိခင်ကိုအစွမ်းကုန်ပြန်ကျေးဇူးဆပ် ပြုစုချင်သော်လည်း အသဲနှစ်နေအောင်ချစ်ရတဲ့ မေမေတစ်ယောက် ဘေးနားမှာမရှိတော့ဘူးလေ။ ဒါကြောင့် တမလွန်ဘဝကိုရောက်နေတဲ့ ချစ်ရပါသောမေမေကို နတ်သမီးလေးနဲ့နှိုင်းရှင်လိုက်ပါတယ်)

ကျွန်ုပ်၏ခံစားချက်

10:37 PM Posted In Edit This 2 Comments »

ရွှေငွေရတနာ လည်းမလိုချင်ဘူး
ကတ္တီပါပိုးထည် တွေလည်းပေးစရာမလိုဘူး
စားကောင်းသောက်ဖွယ် တွေလည်းပို့စရာမလိုဘူး
မွှေးမျိုးကြိုင်လှိုင်ပန်းရောင်စုံ လည်းဆင်စရာမလိုဘူး
ရိုးသားဖြူစင်တဲ့ ပန်း
ရင်ကိုအေးမြစေသော အပြုံး
နွေးထွေးတဲ့ မေတ္တာ
စစ်မှန်တဲ့ ၅၂၈ တို့သည်သာ
ရွှေငွေ ရတနာ ထက် ပိုတန်ဖိုးကြီးလှပါတယ်။

(Just me)

ယောက်ျား မိန်းမ အဘိဓာန်

1:26 AM Posted In Edit This 5 Comments »
အိုဘယ့် ယောက်ျား အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။

အိုဘယ့် မိန်းမ ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင်တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။

မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။

ကွာခြားချက်... ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာစက်ဘီးစီးတယ်။
ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

http://www.imeem.com/rosebabe/music/5msh-XFc/a_chit_nat_a_pyit/

{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}

FOUNDATION AND DEVELOPMENT

8:48 PM Posted In Edit This 0 Comments »
I used my experience, applied my knowledge and analyze so many things. One of those are
''FOUNDATION AND DEVELOPMENT''. I am happy to share it to the other people. Hopefully it will be useful for somebody who was searching like me.
Foundation of human life
1) Beleif
2) Knowledge
3) Attitude
4) Practice
5) Status

Analyze on different type of people and countries.

A) MODERNIZATION WITH DEVELOPMENT
1. Long term and short term (depend on situation).
2. Knowledge and practice for development at the same time.
3. Mostly concentrated on attitude, harmony.
4. Change is their way out.


B) MODERNIZATION WITHOUT DEVELOPMENT
1. Less knowledge.
2. Mostly concentrated on Practice.
3. Short term.
4. Exciting, adventure is one of their challenges.
5. Want to be personal freedom (mostly liberal).
6. Can develop after lesson learned .


C) DEVELOPMENT WITHOUT MODERNIZATION
1. Concrete foundation (mostly concentrated on knowledge).
2. Accepting on their own idea (mostly conservative).
3. Long term.
4. Can not change their trend up to die ( die hard trend).
Just repairing is only way out.

...DEVELOPMENT BASE ON KNOWLEDGE AND FOUNDATION...

(Just me)

နံပါတ် ၁ နေရာ

9:19 PM Posted In Edit This 0 Comments »
အာရှတိုက်သား၏ မေတ္တာတရား
အာရပ်တို့ ၏ သစ္စာတရား
အနောက်တိုင်းသားတို့ ၏ အသိပညာ
အာဖရိကန်တို့၏ ဇွဲလုံ့လ
အတူတူ ပေါင်းလိုက်လျှင်
အကောင်းဆုံး နံပါတ် ၁ နေရာတွင်
ရှိလိမ့်မည်။

Asian's merciful
Arab's loyalty
Western's knowledge
African's stamina
combine together
you are the
number
ONE

(Just me)

ကင်ဆာဘေးအန္တရာယ်မှကာကွယ်နည်းများ

12:30 AM Posted In Edit This 2 Comments »
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် သူ့နေရာနှင့်သူအရေးပါသည်။ အရေးအကြီးဆုံးအပိုင်းကိုကြည့် လျှင်လူ၏ဦးနှောက်ပင်ဖြစ်သည်။ သည်ဦးနှောက်ဖြင့် စဉ်းစား၊ ဆင်ခြင်၊ သုံးသပ်၍ဖန်တီးလုပ်ကိုင်နိုင်သည်မှာ မျက်မြင်ထင်ရှားပင်ဖြစ်သည်။

လူများနေ့စဉ် သွားလာ၊ လည်ပတ်၊ လှူပ်ရှားနေသောအချိန်တွင် မိမိဦးနှောက်သည် မည်မျှအရေးပါသလဲဆိုတာစဉ်းစား
ချင်မှစဉ်းစားမိလိပ့်မည်။ သို့သော် နာမကျန်း၍ခန္ဓာကိုယ်
ချို့ယွင်းသောအချိန်တွင် ယခင်သန်သန် မာမာလှူပ်ရှားခဲ့သောခန္ဓာကိုယ်၊ အဆန်းအသစ်များစွာ တီထွင်နိုင်ခဲ့သောဦးနှောက်၏ တန်ဘိုးတို့ကို ထင်ထင်ရှားရှားကြီးကို သတိရမိလိုက်မည်။

ယခင်ဒိုင်နိုဆောပမာကြီးမားခဲ့သောထိုဦးနှောက်သည် အိုမင်းသောအခါတွင်၎င်း၊ ခန္ဓာကိုယ်ချို့ တဲ့သောအခါတွင်၎င်း၊ ဒိုင်နိုဆောကြီးကို ဘိုင်းကနဲနေအောင် လှဲချလိုက်
တာနဲ့တူနေပါသည်။

လူတွေထံအမှတ်မထင်လာရောက်ပြီး အချိန်တိုလေးမှာ ထိုသူ၏အသက်ကိုအလွယ်တကူနှူတ်ယူသွားတတ်တဲ့ ဧည့်သည်ကတော့ Cancer ဖြစ်ပါသည်။

Just me ခင်မင်သော မိတ်ဆွေစာဖတ်သူများအား မလိုလားအပ်သောထို ဧည့်သည်၏ဘေးအန္တရာယ်မှကင်းဝေးကြစေရန် Cancer ကာကွယ်နည်းများကိုတင်ပြလိုက်ပါသည်။

1. သွားတိုက်ပါ
နှံ့နှံ့စပ်စပ်သေသေချာချာသွားတိုက်ခြင်းဟာ ပန်ခရိယကင်ဆာကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သွား သေသေချာချာ မတိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွားဖုံးရောဂါဟာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို၆၃% တိုးစေပါတယ်။

2. လက်ဖက်ရည်ကြမ်းသောက်ပါ
လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော အင်တီအောက်ဆီဒင့်သည် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိသည်။ လက် ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသဲကင်ဆာတို့ ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်။ တစ်နေ့နှစ် ခွက်သောက်ခြင်းဖြင့် အစာခြေအစိတ်အပိုင်း ကင်ဆာ၏ အန္တရာယ်ကို ၃၂% လျှော့ချပေးနိုင်စွမ်းရှိသည်။ တစ်နေ့လျှင် ၅ခွက်ထက်မနည်း သုံးဆောင်သော ယောက်ျား သားများအဖို့ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ထက်ဝက်လျှော့ချပေးနိုင်စွမ်းရှိသည်။

3. အကိုက်အခဲပျောက်ဆေးမှီဝဲပါ
တစ်ပဲနီ့စာမျှသော အကိုက်အခဲပျောက်ဆေးမှီဝဲခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၀% လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားကင်ဆာ၊ Colorectal ကင်ဆာ ရင်သားအကျိတ်တို့ကို ဖြစ်ပွားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

4. အသီးအနှံအစိမ်းစားပါ
ရပ်စ်ဗယ်ရီသီး၊ မုန်လာဥ၊ ဘလူးဘယ်ရီသီး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းအစရှိသည့် အစိမ်းစားအသီးအနှံများကို တစ် နေ့စားသုံးသည့် ပမာဏ၏ တ၀က်မျှ စားသုံးပေးပါ။

5. ကားမီးခိုးငွေ့တွေကိုရှောင်ပါ
အကာအကွယ်မရှိ ကားမီးခိုးငွေ့ထူထပ်ရာနေရာသို့ သွားခြင်းသည် လူ၏ DNAကို ပျက်ဆီးစေပြီး ကင်ဆာ ရောဂါဖြစ်စေသည့် အလားအလာရှိသည်။ လေ့လာချက်အရ မြို့နေအမျိုးသမီးများသည် ကျေးလက်နေအမျိုး သမီးများထက် ကင်ဆာဖြစ်ပွားမှု ၁.၅ ဆပိုသည်။

6. အားကစားလုပ်ပါ
အေရိုးဗစ်ကစားခြင်း၊ ခပ်သုတ်သုတ်ပြေးခြင်းနှင့် ရေကူးခြင်းများကို တစ်ပတ်လျှင် ငါးနာရီထက် မနည်းလုပ် ဆောင်လျှင် အမျိုးသမီးများအား ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ အားကစားပြင်း ပြင်းထန် ထန်လုပ်ခြင်းနှင့် ရောဂါအန္တရာယ်လျော့ပါး လာခြင်းတို့သည် အဆက်အစပ်ရှိသည်။ သာမန်လှုပ်ရှား မှုမျှသာဖြစ်သော လမ်းလျှောက်ခြင်းနှင့် ဂေါက်ကစားခြင်းစသည်တို့သည် ကင်ဆာအပေါ် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိပေ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကင်ဆာကို အားပေးသောဟော်မုန်းများဖြစ် ပေါ်ခြင်းကိုလျှော့ချ ပေးသည်။

7. အလွန်အကျွံမသောက်ပါနဲ့
နေ့စဉ် ဘီယာတစ်ပိုင့် (သို့မဟုတ်) ၀ိုင်တစ်ဖန်ခွက် သောက်သုံးခြင်းဟာ အူကင်ဆာဖြစ်ပွားခြင်းကို ၁၀% ပိုမိုဖြစ်အားပေးပါတယ်။ အမျိုးသမီးများအတွက်လည်း ရင်သားကင်ဆာဖြစ်ခြင်းကို၂% ပိုမိုအားပေးပါတယ်။ အလွန်အကျွံသောက်ရင်ဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။ အရက်သောက်ခြင်းဟာလည်း အသဲကင်ဆာဖြစ်ပွားမှုနှင့် အဆက်အစပ်ရှိနေပါတယ်။

8. ကိရိယာဖြင့်နေပူစာလှုံခြင်းကို ရှောင်ပါ
ခေတ်ပေါ်အားပြင်းမီးချောင်းများမှထုတ်လွှတ်တဲ့ခရမ်းလွန်ရောင် ခြည်တွေကိုအသုံးပြုပြီးနေပူစာလှုံခြင်းဟာအရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။

9. အမဲသားလျှော့စားပါ
အမဲသားစားခြင်းဟာ ခန္ဓာကိုယ်အသားမျှင်တွေထဲမှာ အန္တရာယ်ရှိစေတဲ့ မော်လီကျူးတွေကို ဖြစ်စေပါတယ်။ အဲဒီမော်လီကျူးတွေက DNA ကိုဖျက်ဆီးပစ်ပြီးအူကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေတစ်ပတ်မှာ သုံးကြိမ်ကျော် အမဲသားစားရင် ရင်သားကင်ဆာ အန္တရာယ်တိုးပွား လာမှာဖြစ်ပါတယ်။ သွေးဆုံးတဲ့ အမျိုးသမီး တွေဆိုရင် ပိုပြီးအန္တရာယ်ရှိပါတယ်။

10. စိုးရိမ်စိတ် မများပါနဲ့။
အလွန်အမင်းစိုးရိမ်ပူပန်ခြင်းဟာ ကင်ဆာရောဂါအပါအ၀င် အကြောင်းကြောင်းကြောင့်စောစီးစွာ သေဆုံးမှု အန္တရာယ်ကို ၅၀%မြင့်တက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်း နှင့်စိုးရိမ်စိတ်များခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ဟော်မုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုများ ခြင်းဟာအမျိုးသမီးတွေ အတွက်ရင်သား ကင်ဆာဖြစ်ပွားခြင်း ၏ကို နှစ်ဆမြင့်တက်စေပါတယ်။

11. အသင့်စားအစားအသောက်တွေကို မစားပါနဲ့
ဟမ်၊ ဘေကွန်၊ အသားချောင်းတွေကို နေ့စဉ်စားသုံးခြင်းဟာ အူကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၁% မြင့်တက် စေပြီး၊ လည်ချောင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ဆီးကျိတ်ကင် ဆာဖြစ်ပွားဖို့ လည်းအလား အလာရှိပါတယ်။

12. ဥများများစားပါ
အမျိုးသမီးများအနေဖြင့် တပတ်ကို ဥ ၆ လုံးစားရင် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၄၀% အထိလျှော့ချ ပေးပါတယ်။ ဥမှာ ကင်ဆာဆဲတိုးပွားမှုကို တိုက်ဖျက်နိုင်တဲ့ Sphingolipids ပါဝင်ပါတယ်။

13. မီးခိုးများတဲ့နေရာကို ရှောင်ပါ
ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မီးခိုးရှုရတဲ့သူဟာ ၂၀% ကနေ ၃၀% ကြား အဆုတ်ကင်ဆာ ဖြစ်ဖို့အခွင့် အလမ်းရှိပါတယ်။

14. ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းပါ
အ၀လွန်ခြင်းဟာလည်း ကင်ဆာရောဂါဖြစ်ပေါ်မှုအတွက် အရေးပါပါတယ်။ကင်ဆာရောဂါ ၃၀၀၀၀၀ရဲ့ သုံးပုံတစ်ပုံဟာ ကိုယ်အလေးချိန် နဲ့ ပတ်သက်ဆက်နွယ်မှုရှိ နေပါတယ်။ အဆီပိုတွေဟာ ရင်သားကင်ဆာ၊ အူကင်ဆာ၊ ပန်ခရိယကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ၆ မျိုးကို ဖြစ်စေပါတယ်။

15. နို့သောက်ပါ
မလိုင်မပါတဲ့ နို့ တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးခြင်းက အမျိုးသမီးများအတွက်သားဥအိမ်ကင်ဆာကို၄၀% လျှော့ချပေးနိုင်ပေမယ့် ပမာဏများတဲ့နို့ကို သောက်သုံးမယ်ဆိုရင် သားဥအိမ်ကင်ဆာအန္တရာယ် ကိုတိုးပွား စေပါတယ်။ အမျိုးသမီးများ နေ့စဉ်နို့နှစ်ခွက် သောက်စေခြင်းဟာပြင်းထန်သောရောဂါဆိုးကျိုးများကို ဖြစ်ပွားစေ တယ်ဆိုတာ အမျိုးသမီး ၆၀၀၀၀ဦးကို သုတေသနပြု လေ့လာမှု လုပ်ပြီးနောက် သိရှိခဲ့ရပါတယ်။

16. Oral sex ပေးခြင်းကို ရှောင်ကျဉ်ပါ
Oral sex ပေးခြင်းဟာ လည်ချောင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။

17. သင့်ရဲ့ရင်သွေးငယ်ကို နို့တိုက်ပါ
မိခင်တစ်ယောက်အနေနဲ့ ရင်သွေးငယ်ကို အနည်းဆုံး အချိန် ၆ လ နို့တိုက်ပေးခြင်းဖြင့် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာကိုပါ ၇% လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ရင် မနက်ခင်းပိုင်းနေထိုင်မကောင်းဖြစ်ခြင်းကို ကျေကျေ နပ်နပ်လက်ခံပါ။ အဲဒီအချိန်တွေမှာ ကင်ဆာဆဲလ်တိုး တက်ဖြစ်ပေါ်မှုကို တားမြစ်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ် နေတာ ဖြစ်ပါတယ်။

18. သန္ဓေတားဆေးကို ခဏတဖြုတ် သောက်သုံးပါ
သန္ဓေတားဆေးသောက်သုံးခြင်းဟာ အမျိုးသမီးများအတွက် ကင်ဆာရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းနည်း စေပါတယ်။ ဒါပေမယ့် ၈နှစ် တာကာလကျော်အထိ သောက်သုံးနေမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်ဖို့ အခွင့် အလမ်းများလာမှာဖြစ်ပါတယ်။

19. နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့
အလှအပအတွက် နေပူစာလှုံတော့မယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အခါကျ တော့သတိရကြပါ။ ပြင်ပလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ၅၆% သာလျှင်ခရင်မ်လိမ်းဖို့ သတိရကြပါတယ်။ ကျန်တဲ့ ၄၄%ကတော့ အရေပြား ကင်ဆာဖြစ်ဖို့ လမ်းစပါပဲ။

20. မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာ ဘာမှမဆိုင်
မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာဟာ ဘာမှမဆိုင်ပါဘူးဆိုတာ ကင်ဆာသုတေသနသိပ္ပံနဲ့ ဥရောပ ငါးနိုင်ငံတို့ပူးပေါင်းပြီး လူ၄၀၀၀ကျော် အပေါ် ပြုလုပ်တဲ့ သုတေသနကြောင့် သိရှိခဲ့ရပါတယ်။

21. တစ်နေ့လျှင် 12 နာရီ အစာရေစာမစားဘဲနေလျှင် ခန္ဓာကိုယ်အထဲတွင်ပူပြီး Cancer cell ကို ဖျက် စီးနိုင်ကြောင်း ဥရောပ Cancer
သုတေသန များတွင်တွေ့ရှိရပါတယ်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ။

မေတ္တာရှေ့ထားလျှက်
Just me.

နှလုံးသားရဲ့သခင်

6:55 PM Posted In Edit This 1 Comment »
နေလ ကြယ်စင်
သမုဒ္ဒရာ တောင်တန်း
သခင့်အပေါ် ဖူးမော်ပျော်ပါး
သခင့်အမိန့် နာခံလျှက်နှင့်
မေတ္တာရေစင် သွင်သွင်ဆီးလျှက်
ဒီနှလုံးသားနှင့် ဒီဦးနှောက်က
ကမ္ဘာဆုံးထိ သက်ဆုံးတိုင်အောင်
သခင့်အပေါ် သစ္စာခိုင်မြဲ
မြတ်နိုးခြင်းများ သီကုံးထားကာ
ချစ်ပန်းလေးတွေ ပိုလှတယ်.....

(Just me)