ဘ၀ဆိုတာ

5:27 PM Posted In Edit This 0 Comments »
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

န၀ရက်(၉) ပါးလက်စွပ်

1:58 AM Posted In Edit This 0 Comments »
န၀ရက်(၉) ပါးလက်စွပ်လုပ်နည်း

(က)မဏိသျှတ္တရ-ရတနာကျမ်း မူအရ န၀ရတ်လက်စွပ် ပြုလုပ်ပုံ


(ခ)ဥတုဘောဇနသင်္ဂဟကျမ်း မူအရ န၀ရတ်လက်စွပ် ပြုလုပ်ပုံ

မှတ်ချက်။ ။န၀ရတ်လက်စွပ်ပြုလုပ်ရာတွင် မဏိသျှတ္တရ-ရတနာကျမ်း မူအရ အများဆုံး ပြုလုပ်လေ့ရှိပါသည်။

ပတ္တမြား ဘုန်တောက်၊ မြ ကျောက် အေးချမ်း
စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်
ကိုးထွေ န၀ရတ် စွမ်းရည်တည်း။


ကျောက်မျက်ရတနာနှင့်ပက်သက်သောဗဟုသုတများ

12:41 AM Posted In Edit This 0 Comments »
BIRTHSTONES

Garnet
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Amethyst
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Aquamarine
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Diamond
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Emerald
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Pearl, Moonstone
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Ruby
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Reridot
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Sapphire
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Opal, Rose zircon
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Citrine yellow topaz
Visit www.postpalace.com for more free goodies like this!
www.postpalace.com


Turquoise, Blue tapaz, Tanzanite
Visit www.postpalace.com for more free goodies like this!
www.postpalace.com


ကျောက်အခေါ်အဝေါ်များ

ပတ္တမြား
ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသောကြောင့် ပြဒါးများ ဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။

နီလာ
ရှေးက ကျောက်ထွက်နှုန်းများပြီး ကျောက်များအလွန်ပေါရာ အနီရောင်ပတ္တမြားမှသာ တန်ဖိုးထားကြသည်။ အပြာရောင်ကျောက်များထွက်လာလျှင် '' နီလိုက်ပါတော့လား၊ နီလာပါတော့လား၊ " ဟု ပြောဆိုကြရာမှ အပြာရောင်ကျောက်ကို နီလာဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

အညံ့
ပတ္တမြားကျောက်ကဲ့သို့ပင် အရောင်တူတူထွက်သော်လည်း ပတ္တမြားကျောက်ထက် မာဆင့် နိမ့်သည်။ အနီရောင်ချင်းတူသော်လည်း ပတ္တမြားထက် ညံ့သဖြင့် အညံ့ကျောက်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

နတ်သွေးကျောက်
အညံ့ပန်းအမျိုးအစားဖြစ်ပြီး သဘာဝအတိုင်း ရှစ်ထောင့်ပုံသဏ္ဍန်အညီရှိကာ ကြည်လင်တောက်ပသော သဘာဝအရောင်လည်း ရှိပါသည်။ လူတို့ပြုလုပ်ထားသည်ထက်ပင် သဘာဝတွင်းထွက်က ပိုလှနေသဖြင့် နတ်တို့ဖန်ဆင်းပေးသည့်ကျောက် (နတ်တို့သွေးထားပေးသည့် ကျောက်) ဟု ခေါ်ရာမှနတ်သွေးကျောက်ဟုအမည်တွင်ခဲ့ခြင်းဖြစ်သည်။

ပြောင်ခေါင်းစိမ်း
မြန်မာတစ်နိုင်ငံလုံးမည်သည့်နေရာမှမထွက်ဘဲ မိုးကုတ်တွင်သာထွက်ရှိသည်။ မိုးကုတ်မြို့တွင်လည်း ပြောင်ခေါင်းဒေသတစ်ဝိုက်တွင်သာ ထွက်ရှိခြင်း၊ ကျောက်၏သဘာဝအရောင်မှာ အစိမ်းရောင်ဖြစ်ခြင်းတို့ကို အစွဲပြုပြီး ပြောင်ခေါင်းစိမ်းကျောက်ဟု ခေါ်ကြသည်။

ထာပွဲ
ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်ပြရာတွင် " ထာ " ခေါ် ကြေးလင်ဗန်းကြီးများတွင် ထည့်ပြီး ပြသရသည်။ ထို ထာ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ထာပွဲဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

အမဲသားကင်ရှောက်သီးသုပ်

3:10 AM Posted In Edit This 0 Comments »
အမဲသားကိုပါးပါးလေးလှီးပြီးကင်ပါ။

ကြက်သွန်နီကိုပါးပါးလေးလှီးပါ။

ရှောက်သီး ၃ - ၄ မွှာကိုအစိတ်သေးသေးလေးလုပ်ပါ။

ကင်ပြီးသောအမဲသားကို ရှောက်သီး၊ ကြက်သွန်၊ မြေပဲ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊
ငရုပ်သီးအစပ်မှုန့်၊ သကြားနဲနဲ၊ နှမ်း ထည့်ပြီးစပ်စပ်လေးသုပ်ပါ။
အသုပ်အပေါ်ကနံနံပင်ထည့်လိုက်ရင်အသုပ်တစ်ပွဲပြီးသွားပီ။

ထမင်းပွဲကို အမဲသားကင်ရှောက်သီးသုပ် ၊ ဟင်းချိုတစ်ပွဲ၊ fruit juice တစ်ခုခုနဲ့ ဆို ကောင်းမှကောင်း။
Sha lot :p

ရှမ်းထမင်းသုပ်

3:48 PM Posted In Edit This 0 Comments »
ခုလို မိုးတွင်း ချမ်းချမ်းစီးစီးမှာ ရှမ်းငရုတ်သီးစပ်စပ်နဲ့ ထမင်းသုတ် စားလိုက်ရရင် မျက်ရည် တွေ ကျပြီး ချွေးပါ ထွက်လာမှာ။

ရှမ်းပြည်စာဆို ငါးဖိန်း ငါးဒုက္ခတို့၊ ရှမ်းထမင်းချဉ်တို့၊ ရှမ်းခေါက်ဆွဲနဲ့ ရှမ်းတို့ဟူးတို့ ဗမာတွေ အသိများတယ်။ တော်တော်များများက ရှေ့မှာ ရှမ်း ဆိုတဲ့ နာမည်လေး ပါတာလဲ ချစ်ဖို့ ကောင်းတယ်ဟုတ်။ ခု မိုးအေးအေးမှာ တောင်ပေါ်လက်ရာ ငါးထမင်းနယ်လေး လုပ်စားကြရ အောင်နော။

လိုအပ်မယ့် အမယ်တွေကတော့.....

-ရှမ်းဆန်၊ မရရင် စေးတဲ့ ဆန် နို့ဆီဗူး ၂ လုံး (လူ လေးယောက်စာဆိုရင်)

-ရေချိုငါး ၃၀ သား

-ရှမ်းငရုတ်သီး ၅ ကျပ်သား

-ကိုင်းခရမ်းချဉ်သီး အလုံးကြီးကြီးလတ်လတ် ၅ လုံး

-နှမ်းဆီမွှေးမွှေး (ဆမ်းရုံလေး ဆမ်းဖို့)

-ပဲပုပ် ဂျူးမြစ်ကြော်

-နံနံပင်

-ကြက်သွန်ဖြူ ဥတလုံး ၆ ဥ၊ ချင်း ၁ တက်၊ ငန်ပြာရည် ထမင်းစားဇွန်း ၃ ဇွန်း၊ နနွင်းမှုန့်၊ ဆား တို့ ဖြစ်ပါတယ်။

ရှမ်းပြည်က ငရုတ်သီး စပ်ရင် မြေပြန့်မှာ နာမည်ကြီးတဲ့ ရွှေအပ် ငရုတ် လိုက်မီပါ့မလားနော်။ ရွှေအပ်လိုပဲ သေးသေးမျှင်မျှင် ပိန်ပိန်နဲ့ တောင်ပေါ်ထွက် ရှမ်းငရုတ်သီးတောင့်တွေကို နေပြင်းပြင်းမှာ သွေ့သွေ့လေး လှမ်းပေးရင် ခြောက်သွားတဲ့အခါ ရှမ်းငရုတ်သီး ရှူးရှဲကို ရပါပြီ။ ဒီငရုတ်သီးခြောက်တွေကို ငရုတ်ဆုံထဲမှာ သူ့ချည်း ညက်အောင် ထောင်းပေးပါ။ တခြားဟင်းစပ်နဲ့ ထမင်းမြိန်ချင်ရင် ကြက်သွန်ဖြူလေးစိတ်ကွဲနဲ့ ဆားလေးနည်းနည်း ထည့်ထောင်းပေးပါနော။ ခု ရှမ်းထမင်းသုတ်အတွက်ကတော့ ငရုတ်သီးမှုန့် ရရင် လုံလောက်ပါပြီ။

ရှမ်းဆန် မဟုတ်ရင် ရတဲ့ ဆန်ကောင်းကို ဆွမ်းမွှေးရွက် ထည့်ချက်ပါ။ ကျက်ရင် ဆွမ်းမွှေး ရွက်ကြောင့် အနံ့လေး တသင်းသင်း နေတာပေါ့နော။ လက်ဆုံ စားမယ့် သူတွေက လူကြီးတွေပါရင် ရေခန်းမချက်ဘဲ ငှဲ့ချက်ပါ။ ကစီဓာတ်တွေ များလွန်းရင် လူကြီးတွေ စားတော့ အစာမကြေ ဖြစ်မယ်ဟုတ်။

ထမင်းအိုး တည်ထားတုန်းမှာ ငါးကို အကြေးခွံခွာပြီး ဆားနနွင်းနယ်ပါ။ ပြီးရင် အတုံးလိုက် ချင်း၊ ကြက်သွန်ဖြူ၊ ငန်ပြာရည်နဲ့ ပြုတ်ပေးပါ။ စပါးလင်လဲ ကြိုက်ရင် ထည့်လို့ ရပါတယ်။ ငါးနူးရင် အိုးပေါ်ကချ၊ အရိုးနွှင်ပေးပါ။ ကိုင်းခရမ်းချဉ်သီးတွေကိုလဲ အပေါ်ယံ အခွံ နွမ်းလာအောင် ပြုတ်ပေးပြီး အခွံခွာထားပါ။

ထမင်းကျက်ရင် အိုးပေါ်ကချ၊ ရေငှဲ့ပြီး ဇလုံထဲ အငွေ့တထောင်းထောင်း ထနေတဲ့ ထမင်းတွေ ထည့်ပြီး ပူတူန်းမှာ အရိုးနွှင်ပြီးသား ငါးအသားနဲ့ရောနယ်ပေးပါ။ ထမင်းစေ့ ပျောက်တဲ့အထိ စိတ်ရှည်ရှည် နယ်ပါ။ ပြီးရင် အခွံခွာထားတဲ့ ကိုင်းခရမ်းချဉ်သီးတွေကို ရောထည့်ပြီး ငါးရယ်၊ ထမင်းရယ်၊ ခရမ်းချဉ်သီးရယ်၊ ဆားလေးနည်းနည်းနဲ့ နှမ်းဆီမွှေးမွှေးပါ ထည့်ပြီး ထမင်းသားတွေ စေးကပ်တွဲလာတဲ့အထိ နယ်ပေးနော။

ပဲပုပ်နဲ့ ဂျူးမြစ်က အသင့်လုပ်ပြီးသားအထုပ် ၀ယ်လို့ ရပါတယ်။ အိမ်လုပ် ဖြစ်ချင်ရင်လဲ ကိုယ်တိုင် ကြော်နိုင်ပါတယ်။ ကြော်ရင် ရှမ်းငရုတ်သီးလေးတော့ မမေ့မလျော့ ထည့်ပေးနော။

အလုံးပျက်နေတဲ့ ထမင်းသားတွေ စေးကပ်လာပြီဆိုရင် အရွယ်တော် အဆုပ်အဆုပ် အလုံးတွေ လုံးပြီး ပန်းကန်ပြားပေါ် တင်ပေးပါ။ တပန်းကန်ကို ထမင်းဆုပ် တလုံးပေါ့နော။ ပြီးရင် နံနံပင်လေးပါ ကပ်ကျေးညှပ်ပြီး အပေါ်က တင်ပါ။ ရှမ်းငရုတ်သီး ရှူးရှဲလဲ ဖြူးပေးပါ။ အတောင့်ကြိုက်တဲ့သူကတော့ မထောင်းပဲ အတောင့်လိုက် ကိုက်စားပါနော။ ပဲပုပ်နဲ့ ဂျူးမြစ်ကြော်က တွဲဖက်စားဖို့ ဟင်းရံပေါ့။

ရှမ်းပြည်ထွက် လက်ဖက်ခြောက် မွှေးမွှေးလေးလဲ အဖန်အိုးထဲ ခပ်ပြီး အသင့်ပြင်ထားပါ။ ငါးနဲ့ ခရမ်းချဉ်သီး ရောနယ်ထားတဲ့ ထမင်းသုတ် စေးစေးလေးကို ပဲပုပ်ကြော်နဲ့ ဆုပ်ဆုပ်ပြီး ငရုတ်သီးစပ်စပ်နဲ့ တွဲစားရင် ချွေးတွေထွက်ပြီး နေမကောင်းတဲ့လူဆို အခိုးတွေပါ ပွင့်သွားပါမယ်။ စပ်လို့ မျက်ရည်ကျလာရင် အဖန်ရည်လေးသောက်ပြီး အစပ်ဖြေပေးပါနော။

အဘိုးနဲ့ အဘွားပါ လက်ဆုံ စားကြမယ်ဆိုရင် ပဲပုပ်ကို လူကြီးတွေကို မကျွေးမိပါစေနဲ့နော်။ တချို့က အိမ်က အဘိုးက ဓညင်းသီး၊ ငါးသလောက်၊ ပဲပုပ်၊ ဆူးပုပ်ရွက်၊ ငါးပိရည် ကြိုက်သလား မမေးနဲ့၊ စားလဲ ဘာမှ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ သွေးတိုးအခံ မရှိသေးရင် အခန့်မသင့်သေးလို့ ဖြစ်မှာပါနော။ အစားမတော် တလုတ် ဆိုသလို စေတနာထား ကျွေးမိကာမှ လူကြီးတွေ အခန့်မသင့် ဖြစ်သွားရင် စိတ်မကောင်း ဖြစ်နေရမယ်လေ။ သွေးတက်စာတွေကို မိဘနဲ့ အဘိုးအဘွားတွေကိုတော့ ဖြစ်နိုင်ရင် မကျွေးပါနဲ့နော။

ရှမ်းပြည်အစာ

ပန်းသီးသုပ်

12:21 AM Posted In Edit This 3 Comments »
ယခုအချိန်ဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ပန်းသီးတွေ လှိုင်ပေါတဲ့ အချိန်ဖြစ်ပါတယ်။ ဆွီဒင်၊ ဒိန်းမတ်၊ဖင်လန်၊နော်ဝေစတဲ့ နိုင်ငံတွေ မှာတော့ မြေကွက်လပ်ကလေးရှိရင် ပန်းသီးပင် ကို အလှလိုစိုက်ပျိုးထားတော့ ပြွတ်တွဲနေအောင် သီးတဲ့ မပြုမပြင် သဘာဝ ပန်းသီးတွေဟာ အလှတရားတခုဖြစ်သလို မြေပြင်ပေါ် ကြွေတဲ့ ပန်းသီးတွေဟာ စားသူမဲ့ အဟဿဖြစ် နေပါတယ်။

သဘာဝအလှပန်းသီးတွေဟာ စိုက်ပျိုးရေးပန်းခြံထွက် ရောင်းတန်းဝင် ပန်းသီးတွေလို နူးညံ့ခြင်း၊ ချိုမွှေးခြင်းမရှိပါဘူး၊ တချို့ ပန်းသီးတွေသာ အနည်းငယ် ကျစ်လစ်မာပြီး ချဉ်ပါတယ်။

ဒါကိုက မြန်မာတွေအဖို့ ပန်းသီးသုပ်လုပ်ရာမှာ တမျိုးအကျိုးရှိစေပါတယ်။ မြေပြင်ပေါ်ကြွေကျတဲ့ မမှည့်သေးတဲ့ ပန်းသီတွေကို ရေစင်အောင် ဆေး၊ အခွံနွှာပြီး မြန်မာနိုင်ငံမှာ ဂျင်းလှီးသလို အချောင်းသေးသေးလေးတွေလှီးလို့ဖြစ်စေ၊ ၈ျစ်နဲ့တိုက်ပြီး အစငယ်ကလေးတွေ ဖြစ်အောင် လုပ်ပါ။

နောက် ကြက်သွန်နီကိုပါးပါးလှီးပါ။

ကြက်သွန်ဖြူကို ဆီချက် ချက်ပါ။

မြေပဲဆံလှော်နဲ့ ပုဇွန်ခြောက်ကို ကိုထောင်းပါ။

ပြီးလျှင် ပန်းသီး ၊ ကြက်သွန်နီ၊ဆီချက်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် တို့ကို သင့်တင့် အောင် ထည့်ကာ ရောနယ်ပြီးလျှင် ငရုတ်သီးစိမ်း အတောင့် လိုက်ဖြစ်စေ လှီးပြီး ဖြစ်စေ တွဲဖက် စားသုံးလျှင် သရက်သီးစိမ်းသုပ်အချဉ်မျိုးနှင့် အရသာတူသော ထူးကဲသည့် ပန်းသီးသုပ်ကို လျှာလည် အောင် အရသာ ထူးကဲစွာ စားသုံးနိုင်ပါသည်။