အချစ်နဲ့အဖြစ်
7:55 PM Posted In ရင်ထဲက ကဗျာများ Edit This 3 Comments »
နီး စပ်ပါများ
အချစ်တွေရင်မှာပွါး
ချစ်စ ကြိုက်စသဲသဲတုံ
ပျားရည်ထက်တောင်ချို
အချစ်၊ အနစ်၊ အပြစ်မမြင်
နီးစပ်ဖို့သာပြင်
ရေခြား၊ မြေခြား၊ စည်းတွေခြား
မောလှပါပေါ့လား
ဆန္ဒစောလေသောကဝေ
ရတက်လောင်ကျွမ်းနေ
ခက်ခဲနေမှန်း ထင်ထင်ရှား
လမ်းခွဲဒဏ်ရာများ
ကြေကွဲမှူမှာနစ်မွန်းနေ
အို့ မောင်နှမတို့ရေ
အဆိုးတစ်ဘက်မှာ
အကောင်းရှိသေး
မော်ကာရှူလေ ထိုရှေ့ရေး
ယနေ့ကထက် နံနက်ဖြန်
ရင့်ကျက်မှူတွေ များပြားလာ
လောဘ၊ မာနမဝင်စေရန်သတိပေး
အောင်မြင်မှူသည်
သင်နှင့်မဝေး......။
မောင်ငယ်ညီမငယ်များအားလုံး လိုအင်ဆန္ဒများနှင့်ပြည့်ဝကြပါစေ။
မေတ္တာရှေ့ထားလျှက်။
(Just me)